💔အကြင်နာဆုံးက မုန်းသည့်ဒဏ် 💔
အပိုင်း(၆)
အခုရက်ပိုင်း စိတ်တွေလေနေတာနှင့်ဘဲ......ဘာအကြောင်းအရာကိုမှစိတ်ဝင်စားမှုမရှိပါ..... သူဒီလိုဖြစ်နေခဲ့တာ...
အချိန်အတော်ကြာလှပြီ.... အတိအကျပြောရရင်
နှောင်းရိပ်ပန်းချီဆုံးပြီးကတည်းကပေါ့..........သူမ မရှိလေတော့ ပျော်ရွှင်မှုဆိုတာကလည်း....ရှာလို့မရလောက်တော့အောင် ပျောက်ကွယ်လွန်းလှသည်။
သူမက သူ့ရဲ့အရာရာဖြစ်ခဲ့သလို....သူ့ရဲ့ပျော်ရွှင်မှုလည်း
ဖြစ်ခဲ့၏။အခုလည်း သူငယ်ချင်းတွေခေါ်လို့သာ လိုက်လာခဲ့ရပေမယ့်
ဒီစားပွဲဝိုင်းမှာ သူမပျော်ရွှင်ပါ........ကြုံတောင့်ကြုံခဲ
ငယ်ပေါင်းတွေ ရင်းနှီးသူတွေဆုံရသည့် ဘီယာဝိုင်းဆိုသော်လည်းနိဒါန်းတစ်ယောက်မပျော်ရွှင်သော သင်းကွဲတစ်ယောက်
ဖြစ်နေလေ၏။"ငဒါန်းရာ.......မင်းကလည်းပျော်ပျော်ရွှင်ရွှင်နေစမ်းပါ....
ငါတို့ကြားမှာ မင်းတစ်ယောက်ထဲမှိုင်နေတာ .""ငကင်းရာ....မင်းတို့ကပြောအားရှိမှာပေါ့.....ငါကတော့
မပျော်နိုင်ဘူး ......."တစ်ဦးနှင့်တစ်ဦးသိကျွမ်းခဲ့ကြတာ နှစ်ချီနေပြီဖြစ်သော
တုနှိုင်းကင်းမဲ့၊မင်းဗီဇ၊သူရတည်တံ့၊ဦးဆောင်နိဒါန်း.....သူတို့ လေးယောက်က ငယ်သူငယ်ချင်း အရင်းအချာကြီးတွေ.......KGတန်းကစ၍ အလယ်တန်းအထိ အတူဆုံခဲ့ကြပြီး...အရင်းနှီးဆုံးတွေဖြစ်ခဲ့ကြသည်။
မင်းဗီဇက နိုင်ငံခြားမှာ ကျောင်းသွားတက်...သူရတည်တံ့က
သူ့အဖေတာဝန်ကျရာ မြင်းခြံကိုပြောင်းသွားကြသည့်အတွက်...
သူတို့အဖွဲ့ဘက်ပဲ့ခဲ့ကြရ၏။သူတို့လေးယောက်ထဲမှာ တုနှိုင်းကင်းမဲ့ကလူဆိုး.......
.ရန်ဖြစ်လွန်းအားကြီး၍ သူ့အဖေကမြန်မာပြည်မှာ
မထားတော့ဘဲ အမေရိကမှာ သွားထားတာတောင် ရန်ဖြစ်လို့ပြန်လာရသည့်ကောင်.......အခုတော့ တောသူမမချောချောလေးကိုယူထားပြီး
အပိုးကျိုးနေတာဖြစ်သည်။ကလေးသုံးယောက်တောင်ရနေပြီ
ဖြစ်ပြီး သူ့သားအကြီးလေးက အရွယ်ရောက်လာလေပြီ...
YOU ARE READING
~အကြင်နာဆုံးက မုန်းသည့်ဒဏ်~
Romance"ငါလက်ထပ်ယူထားရတဲ့ ဇနီးတစ်ယောက်က ငါ့အမုန်းဆုံးမိန်းမတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး" "ဟုတ်လား.... မုန်းလား....မုန်းရင်လည်း ဒီမိန်းမကို သတ်ပစ်လိုက်ပါတော့လား အကို....ဟမ်" "လူကိုသတ်ရင် တစ်ခါဘဲသေတာ စိတ်ကိုသတ်ရင်ဆယ်ခါပြန်သေတယ်" တစ်...