Part-7

1K 65 2
                                    

အကြင်နာဆုံးက မုန်းသည့်ဒဏ်

အပိုင်း(၇)

"ဘယ်လိုဖြစ်ရတာလဲ သူငယ်ချင်းရယ်....နင့်ယောကျ်ားနဲ့
ရန်ဖြစ်လာတာလား....."


နဖူးကဒဏ်ရာဟာ သွေးတွေစိမ့်ထွက်နေပြီး ဒီအတိုင်းနေလို့ အဆင်မပြေတာကြောင့် သူငယ်ချင်းဖြစ်သူဆရာဝန်မထံ
လာပြရင်း အကိုစိတ်ပြေမည့်အချိန်အထိ ရှောင်နေမည်ဟု ဆုံးဖြတ်ကာ ရောက်လာခြင်းဖြစ်၏။

အခုတော့ ခွာညို့နဖူးထက်က ဒဏ်ရာကြောင့် သူငယ်ချင်းမက မေးနေလေပြီ။ဘယ်လိုဖြေရပါ့မလည်း.......အကို့ကိုလည်း
မကောင်းမထင်စေချင်ပါ.....



သူမခေါင်းယမ်းနေသော်လည်း ဒီဒဏ်ရာဟာ သွေးရိုးသားရိုးမဟုတ်မှန်း သိပါသည်။


သူမလေးက ထိုသူအပေါ်မှာ ဘယ်လောက်တောင်
ချစ်မြတ်နိုးလည်းဆိုတာ သူငယ်ချင်းအရင်းကြီးဖြစ်သည့်
ကိုယ်သာအသိဆုံးပင်။


"နင်ငါ့ကို အမှန်အတိုင်းပြောစမ်းပါ ခွာညိုရယ်.....
ဒါနင့်ယောကျ်ား လုပ်ထားတာမို့လား...."



"မဟုတ်ပါဘူး ပုဏ္ဏမီရယ်...ငါ့ဘာသာငါ ဖြစ်တာပါ"


"နင်မလိမ်တတ်ဘဲ ဘာလို့လိမ်ရတာလည်း....နင်ကနင်ချစ်တဲ့သူကလွဲရင် ဘယ်သူ့ကိုမှ လက်တစ်လုံးကြော ခံတဲ့မိန်းမမဟုတ်တာငါသိတယ်......"


"သူစိတ်တိုသွားတာနဲ့ ငါ့ကိုတွန်းလိုက်ရုံလေးပါ....အဲ့ဒါကြောင့် နဖူးပေါက်သွားတာ..."


"အဲ့ဒါဘဲလား...."



"အင်း......."





ခွာညိုခက်က တခြားသူတွေနှင့်ဆို မီးဖြစ်သလောက် ထိုလူနှင့်ဆိုရေဖြစ်နေတာ မီ အားမလိုအားမရ ဖြစ်မိသည်။

ဦးဆောင်နိဒါန်းဆိုသူနှင့်ပတ်သတ်လာလျှင် ခွာညိုခက်ဆိုသည့်သူ့သူငယ်ချင်းလေးဟာ အမြဲရုံးနိမ့်သူ......

ကြာလာတော့လည်း တစ်ဖက်လူကိုအပြစ်တင်လိုစိတ်မရှိဘဲ...
ကိုယ့်လူကိုသာ စိတ်ပေါက်မိတော့သည်။


"ဒါဆို နင့်လည်ပင်းက လက်ချောင်းရာတွေကကျတော့ရော မတော်တဆဖြစ်တာဘဲပေါ့ ဟုတ်လား... "

~အကြင်နာဆုံးက မုန်းသည့်ဒဏ်~Where stories live. Discover now