အခန်း (၃)
'' ဟို...ဒေါ်လေး ''တော်ဝင်''ရှိ..ရှိလားဟင် ။ ''ပိုး''ဖုန်းဆက်တာ မကိုင်လို့ ။ ''
'' ရှိတယ်လေ.... ဘာဖြစ်လို့လဲ ။ ''
'' ဘာ... ဘာမှမဟုတ်ပါဘူး.. အပြင်သွားကြမလို့ပါ ။ ''
'' သြော် ''။''ပိုး''တစ်ယောက် အိမ်ထဲဝင်လာကတည်းက ''ဒေါ်လေးမရှိပါစေနဲ့လို့ ဆုတောင်းလာတာ ဆုတောင်းအပြည့်လွန်ပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်ပြီး စာဖတ်နေတာကို တွေ့ရတာပဲ ။ အမြဲတမ်း တည်နေတာကြောင့် ''တော်ဝင့်''ဆီမကြာခဏလာတက်သည့် ''ပိုး''လည်း ဒေါ်လေးကိုတော့ ကြောက်လေသည်။ ဒေါ်လေးကိုမြင်ရင်ကို ရှိုန်နေတက်သည်ကား ငယ်ငယ်ကတည်းကပင်ဖြစ်သည်။
'' ဟို...ဟို..ဒေါ်လေး ။ ''
''ပိုးအသံကြားတော့ စာဖတ်နေရာကနေ မျက်မှောင်လေးကျူတ်ကာ ကြည့်လာသည်။ ဒေါ်လေးကတော့ မည်သို့ကြည့်သည်မသိပေမဲ့ ''ပိုး''ကတော့ အငွေ့ပျံချင်သွားသည်။ ဒီနေ့မှ ''မယ်တော်ဝင်''က ဆင်းကိုမလာတော့ချေ။
'' ခေါ်ပြီးရင်.... ပြောရတယ်ကွဲ့ ။ မေးစရာရှိသလား.... ပြောစရာရှိတာလား ။ ''
ဒေါ်လေးပြောကာမှ မေးမဲ့စကားတောင် မေ့သွားရသည့်အဖြစ် ။
'' ဟို...ဟို...မေးတော့ မေးမလို့ပဲ ဒါပေမဲ့ မေ့..မေ့သွားလို့ ။ ''
'' အဲ့သည်လို မေ့တက်တော့ ကလေးတွေကို စာဘယ်လိုသင်လဲ ။ ''
ကောင်းလိုက်တဲ့ မေးခွန်းဟု၍သာ ''ပိုး''စိတ်ထဲက ကြိတ်ပြောနေမိသည်။
'' အဲ့လိုကျရင်တော့.. မမေ့တက်ပါဘူး ။ ဒေါ်လေးနဲ့ စကားပြောရင်သာ မေ့ မေ့သွားတာချည်းကို ။ ''
ထိုသို့ဆိုတော့ ဒေါ်လေးက ဖတ်လက်စ စာအုပ်ကို ဘေးချကာ ''ပိုး''ဘက်ကို ခန္ဓာကိုယ်လှည့်လိုက်သည်။
'' နေပါအုံး... နေပါအုံး...တို့နဲ့ စကားပြောရင် မေ့...မေ့သွားတက်တာဆိုတော့ တို့က မင်းအမြင်မှာ ကြောက်စရာကောင်းနေလို့လား.. မင်း.. ဖြေကြည့်စမ်းပါ ။ ''
ဘယ်လို ''တို့''လို့..သုံးလိုက်သည်တဲ့လား ။
'' ဟို...ကြောက်စရာတော့ မကောင်းပါဘူး ဒါပေမဲ့ ကြောက်နေတယ် ။ ဒေါ်လေးက အမြဲတမ်း ရုပ်တည်ကြီးနဲ့ဆိုတော့ ''ပိုး''တော့ဖြင့် ငယ်ငယ်ကတည်းကကို စေ့စေ့မကြည့်ရဲသေးတာပါ ။ ''