မရဲဘူး တကယ်ကိုမှ စကားပြောရသည်မှာ မရဲတရဲအခြေအနေ ။ ဒေါ်လေးကို ချစ်ရတာလည်း နက်ကိုးကွယ်နေရသလိုပဲ တစ်ချက်မမှားရဲဘူး ။ အဲ့သည်လို ဖြစ်နေတာလေးကိုက ဒေါ်သိင်္ဂီမာန်က ချစ်စရာကြီးပါလေ ။'' အိမ်ပြန်ရောက်ကြောင်း အကြောင်းကြားအပ်ပါတယ် ။ အမှာစကားဘာများပါးချင်ပါလဲရှင့် ။ ''
'' မင်းနော် အခုနောက်ပိုင်း တို့ကို မခန့်တော့သလိုပဲ ။ နည်းနည်းတော့ ဆုံးမပေးမှ ရတော့မယ်နဲ့တူတယ် ။ '''' စတာပါ ဒေါ်လေးကလည်း အမေက ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါအုံးတဲ့လေ အဲ့ဒါ ကျေးဇူးတင်ပါတယ်နော် ။ ''
'' မင်းအမေက ကျေးဇူးတင်စကားဆိုလို့ ပြောတာပေါ့ အခု ဟုတ်သလား ။ မင်းကရော ကျေးဇူးမတင်ဘူးလား ။ ''
'' ပိုးမှ ပုဇွန်ချဥ်မစားတာ ပြီးတော့ ပိုးအတွက်လည်း မုန့်မပါလာဘူးလေ ကျေးဇူးမတင်နိုင်ပါဘူးလေ ။ ပြီးတော့ ပုဇွန်ချဥ်ထဲတောင် အသိပ်ခံရမလိုဖြစ်သွားသေးတာကို ။ ''
''မင်းပြောတော့ ကြိုက်တယ်ဆို ဟင်း... ပြောရ ခက်လာတယ်နော် ကလေးမ ၊ မင်းရဲ့ ပါးကြီးဖောင်းနေပြီမလား ။ ''
ဘုရား တကယ်ဖောင်းထားတာဟ ။
'' ဖောင်းပါဘူး ကလေးမှမဟုတ်တာကို ။ ''
'' တို့အသက်အရွယ်နဲ့ဆိုရင် မင်းက ကလေးပဲရှိပါသေးတယ်ကွာ ။ တို့မွေးရင် တို့သမီးငယ်နဲ့ အရွယ်တူပဲလေ ။ ''
ကြည့် သားအမိဇုန်ထဲ မရရအောင်ကို ဇွတ်သွင်းလို့နေပြီ ။ ပိုး စိတ်ညစ်ညစ်နဲ့ ကိုယ့်ခေါင်းကိုသာ ပြန်ထုနေမိတယ် ။
'' သားအမိဇုန်ထဲ ထပ်ကာထပ်ကာ မသွင်းနဲ့ ဒေါ်သိင်္ဂီမာန်ရေ ကျွန်မက ရှင့်ရဲ့အမျိုးသမီးဖြစ်ချင်တာ သမီးဖြစ်ချင်တာ မဟုတ်ဘူး သိရဲ့လား ။ ''
ဖုန်းကို စာပွဲပေါ်ခဏတင်လိုက်တာ လူက နည်းနည်းလှမ်းတဲ့နေရာသွားပြီး ခပ်တိုးတိုးဆိုလိုက်လေတယ်။'' သမီးပိုးအိစံ သမီးကြိုက်တဲ့ ပုဇွန်ချဥ်သုပ်ထားပြီးပြီ ထမင်းလာစားတော့လေ ။ ''