'' မမညိုပဲ...။ ''မာန်တစ်ယောက် အလုပ်လုပ်နေရင်းက ဖုန်းမြည်သံကြားလို့ကြည့်ရာ ချက်ခြင်းပင်ပြုံးမိသွားသည် ။ ထိုအပြုံးရဲ့ ဖြစ်ဖျားခံရာက မျက်ဝန်းညိုဟု ခေါ်သော အမျိုးသမီးဆီကပင် ။ နာမည်လေးမြင်တာတောင် မာန့်ပျော်ရွှင်မှု့က အတိုင်းအဆမဲ့နေတာ အဲ့လောက်ထိ မမညိုအပေါ်မှာ မာန်နစ်ဝင်နေလေခဲ့တာပဲ ။
'' ဟုတ်ကဲ့ပါ မမညို... ။ ''
'' မာန်...မင်းအားသလား.. ။ ''
'' ဟုတ်...အားပါတယ် မမညို... ။ ''
Whatငါမအားသေးဘူးလေ အလုပ်တွေပုံနေတယ်လေ တော်ဝင်မာန်။
'' အဲ့ဒါဆိုရင်..သမီးလေးက်ို.. ကြိုပြီးခေါ်ထားပေးပါလား မင်းဆိုင်မှာ..ကျွန်မ ဝင်ခေါ်ပါမယ် ။ ''
'' ဟုတ်ကဲ့ရပါတယ်မမညို...ဘာဖြစ်လို့လဲဟင် အနားမှာလူသံတွေဆူလို့...။ ''
'' ဖေဖေရယ် ဆီးချိုတွေအရမ်းတက်နေလို့ ကျွန်မတို့ ဆေးခန်းသွားရမှာမို့လို့....အပြန်ဝင်ခေါ်မယ်...ရသလား မာန် ။ ''
''ရတယ်မမညို.... လေးလေးကိုသာသေချာဂရုစိုက်လိုက်ပါ။ ဆေးခန်းထက် ဆေးရုံကိုသွားတာ ပိုကောင်းမယ်မမညို... မာန် ကားခေါ်ပေးမယ်လေ ။ ''
'' ရတယ်..ရတယ်မာန်... ကျွန်မဆေးရုံမှာ ကျွန်မသူငယ်ချင်းဆရာဝန်ရှိတယ်မာန်...ဒါပဲနော် မာန် ကျွန်မ ဖုန်းချပြီ ။ ''
'' ဟို....မမညို..။ ''
'' မင်း...ဘာပြောမလို့လဲ မာန်။ ''
'' မမညိုလည်း ဂရုစိုက်နော်... ။ ''
'' အွန်း...အွန်း။ ''
အံ့ဆွဲထဲက ဆိုင်ကယ်သော့လေးကိုယူကာ မီးမီးလေးကို သွားကြိုဖို့ပြင်လိုက်တော့သည် ။ မီးမီးလေးကို မာန်နှင့်စိက်ချသည်ဆိုတဲ့အသိက အရမ်းကိုမှ ကြည်နူးရသည် ။ မမညိုရဲ့စိက်ထဲ မာန့်ကို ယုံကြည်လေတာလားဆိုတာလေးနဲ့ပင် မာန့်ပါးစပ်ကြီး စိလို့မရအောင် ပြုံးဖြီးနေရတော့သည် ။ တစ်ဆက်တည်းတွေးမိသည်က လေးလေး အရမ်းအဆိုးကြီးမဖြစ်ပါစေနဲ့လို့ရယ်သာ ။ မမညိုအတွက် လေးလေးရှိမှ အဆင်ပြေမှာမလား ။ ဒီလိုအချိန် မမညို ဝမ်းနည်းနေလေမလား မမညိုရဲ့အနားမှာနေပြီး မာန် နှစ်သိမ့်ပေးချင်လိုက်တာ ။