ညဘက် ထမင်းစားပြီးကတည်းက ''မာန်''တစ်ယောက် ဖင်ကိုမထိုင်နိုင်ဘဲ ဂနာမငြိမ်ကို ဖြစ်နေလေသည် ။ နားထင်ကိုထုလိုက် ကိုယ့်ခေါင်းကို ပြန်ပြန်ထုလိုက်ဖြင့်ပေါ့ ။ မမညို အကြောင်းစဥ်းစားမိတော့ ဖုန်းလေးဆက်ရင် ကောင်းမလား ကြိုက်ပါ့မလား တွေးနေရင်း တစ်ယောက်တည်း ဗျာများနေတဲ့အခိုက်ပေါ့ ။ ပြီးမှ မမညိုရဲ့ ဖုန်းနံပါတ် ''မာန့်''ဆီ မပါလာတာ ''မာန်''သိလိုက်ရသည် ။ မမညိုက အပြန်မှယူပြောပေမဲ့ မာန်ကတော့ ဖုန်းနံပါတ်ယူဖို့ကိုတောင် မမညိုအနားမှာရှိရင် မေ့တက်သွားရပြန်သည် ။'' ဘာဖြစ်နေတာလဲ တော်ဝင်မာန် ။ နင့်စိက်ထဲကနေ အခုချက်ခြင်း ထုတ်ပစ်လိုက်စမ်း ၊။ နင့်မှာ နင့်ရည်းစားတစ်ယောက်လုံးရှိတယ်လေ အချိန်တန်ရင် လက်ထပ်ရမဲ့သူ ရှိတယ်လေ ။ ''
'' ဖျောက်စမ်း အဲ့အတွေးတွေကို အခုချက်ခြင်း ဖျောက်စမ်း တော်ဝင်မာန် ။ ''
ပြတင်းပေါက်နား လျှောက်လိုက် ကုတင်ပေါ်ထိုင်လိုက် စာရေးစာပွဲနားထိုင်လိုက်ဖြင့် ရောက်ရပ်ခပ်နေလေသည် ။ ထိုအချိန် Viberမှာ Vedio Callဝင်လာသည်။ ထိုသူက ''မာန့်''ရဲ့ ကျေးဇူးရှင်ပင် ''မာန့်''ရဲ့ အတွေးတွေကို ခေတ္တမျှပျောက်သွားစေလိမ့်မည်။
'' အကြာကြီးပဲ မာန်လေး ဘာတွေလုပ်နေတာတုန်း ။''
ထိုအသံကတော့ ''မာန့်''ရဲ့ ချစ်လှစွာသော အစ်မ ''မမဧကရီမာန်''ပဲပေါ့ ။
'' ဖုန်းနဲ့ နည်းနည်း ဝေးနေလို့ပါ မမကလည်း ။ မမရော အဆင်ပြေလား ။ ''
'' ပြောပါတယ် မာန်လေးရယ် မာမီရော ။ ''
'' မာမီ အခန်းထဲမှာ ရှိတယ်မမ ။ ''
'' မာမီ နေကောင်းလား မာန်လေး မာမီ့ကို ဂရုစိုက်ရမယ်နော် ။ ''
'' ဟုတ်ကဲ့ပါ မမရယ် မာန် ဂရုစိုက်ပါတယ် ။ ''
မမက မာမီ့ကို ကြောက်လည်း ကြောက်တယ် ချစ်လည်း ချစ်တယ် မာန့်လိုပါပဲ ။ မမကလည်း မာမီ့လိုပဲ သိပ်လှတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ ။
'' မာန်လေး.... ဝေ့ မာန်လေး ။ ''
''ဟင်....မမ ဟီး ။ ''