'' တော်ဝင်မာန်တို့ ဇိမ်ကျလိုက်ပုံများ မမမျက်ဝန်းညိုရဲ့ ပေါင်ပေါ်မှာတဲ့ကွယ်... ။ '''' အဆိုတော်ရယ် နင်ကလည်း အဲ့ဒါကြီးကို ခဏခဏမပြောပါနဲ့...။ ''
'' မဟုတ်လို့လား တော်ဝင်မာန်... ။ ''
'' ဟုတ်တော့ဟုတ်တယ်လေ ပိုးအိစံရဲ့ ဒါပေမဲ့ ငါလည်း ဘယ်လိုအိပ်ပျော်သွားမှန်း မသိလိုက်ဘူး...။ ''
အဟုတ်ပဲ အဲ့နေ့က မာန်နဲ့မီးမီးလေးက ကာတွန်းကားကို ဖုန်းထဲကကြည့်နေရင်း မမညိုရဲ့ ပေါင်ပေါ်မှာ တကယ်ပင် အိပ်ပျော်သွားကြသည်လေ ။ နေ့ခင်းနေ့လည် အိပ်လေ့အိပ်ထမရှိတဲ့ မာန်က မမညိုရဲ့ ပေါင်လေးကို ခေါင်းအုံးမိတော့ ချက်ခြင်းကို အိပ်ပျော်သွားသည်တဲ့လေ ။
'' တော်ဝင်မာန်နဲ့ကျမှပဲ မမမျက်ဝန်းညိုရဲ့ မမြင်ဖူးသေးတဲ့ပုံစံလေးတစ်ချို့ကို မြင်လိုက်ရတော့တယ်... ။ ''
'' ဘယ်လိုပုံစံလေးလည်း ပိုး....။ ''
'' မမမျက်ဝန်းညိုက အပြင်ပန်းကြည့်ရင် အေးစက်ပြီး မာနကြီးတဲ့ပုံပေါက်သလောက် တကယ်ကျ အရမ်းနွေးထွေးတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာကိုလေ... ။ ''
'' မမညိုက နွေးထွေးမှု့အပြည့်ရှိတဲ့ အမျိုးသမီးပါ....မမညိုရဲ့ အတွင်းစိက်သဏ္ဍာန်လေးက သိပ်ကိုမှ ချစ်ဖို့ကောင်းတယ်...။''
'' တော်ဝင်မာန်....။ ''
'' ဘာလဲ...။ ''
'' နင်..မဟုတ်မှလွဲရော မမမျက်ဝန်းညိုကို....။ ''
'' အွန်း.....စတွေ့ကတည်းကပဲ.... ပထမဦးဆုံးရင်ခုန်သံပဲ ပိုး.....။ ''
'' ဖြစ်လို့မရဘူးလေ.... ။ ''
'' သိပါတယ်....မာန် သိပါတယ် ပိုး....မာန် ဒီအတိုင်းလေးပဲ သဘောကျနေမှာ.... ။ ''
'' တော်ဝင်ရယ်....။ ''
''ကဲ နင်အိမ်တန်းပြန်မှာမလား... ။ ''
'' အေး....အချိန်လည်း မနည်းတော့ဘူး အိမ်ပဲ တန်းပြန်တော့မယ်... ။ ''
ပိုးကိုပြန်ပို့ပေးပြီး မာန် အိမ်ကိုပဲ တန်း၍ပြန်လာခဲ့လိုက်သည် ။ လွန်ဆန်ဖို့ခက်ခဲတာ သိပေမဲ့ မာန် အထပ်ထပ်ချထားတဲ့ စည်းတွေ ၊ မာမီ့ရဲ့ စကားသံတွေကို မာန်လွန်ဆန်ချင်နေမိတယ် ။ မာန့်ရဲ့ သက်ပြင်းချသံတွေဟာ တိတ်ဆိတ်နေတဲ့အမှောင်ထုထဲမှာ ။ အလင်းစလေးများ တွေ့လို့တွေငြားရှာကြည့်ပါသေးတယ် အမှောင်ထုနဲ့ အလင်းစလေးကြားမှာတော့ ချောက်နက်နက်ကြီးတစ်ခုကို မာန် ဘယ်လိုဖြတ်ကျော်ရပါမည်နည်း ။