အခန်း - ၁၀
'' တော်ဝင် ငါဝင်လာခဲ့မယ်နော် ။ ''
'' အေးရတယ်လေ ဝင်လာခဲ့လိုက် ၊ မာမီရော မှေးနေတာလား ။ ''
'' အေး....ဒေါ်လေးခဏပြန်မှေးနေတယ် ။ ''
'' ငါ မမနဲ့ စကားပြောနေတာ အခုလေးပဲ ဖုန်းချသွားလို့ ။ ''
'' မမဧကရီက မပြန်လာသေးဘူးလား တော်ဝင် ။ ''
'' မာမီ ပြန်လာခွင့်ပြုမှ မမက ပြန်လာလို့ရမှာ ပိုး။ ''
'' သြော်....။ ''
ပိုးလည်း သိနေပြီးသားမို့ သြော်နဲ့တင်သာ သူမစကားကို အဆုံးသတ်လိုက်သည်။ ဘာလို့လဲဆိုတော့ ပိုးလည်း ဒေါ်လေးစိက်ကို သိနေပြီးသား ဖြစ်နေလို့ပင် ။
'' နင်ရော ပြန်တော့မလား ငါအိမ်ရှေ့ထိ လိုက်ပို့ပေးမယ်လေ ။ ''
'' အေး... မှောင်ရီပျိုးနေပြီ ငါလည်း ပြန်တော့မယ် ။ အမေရယ် နင်နဲ့ဒေါ်လေးအတွက် ငါးကြင်းကြော်နှပ်နဲ့ ပုဇွန်ဟင်း ထည့်ပေးလိုက်တယ် ။ ''
'' အားနာစရာကြီး ပိုးရယ် ။ ''
'' မဟုတ်တာ ဒေါ်လေးကို သေချာဂရုစိူက်ပေးနော် တော်ဝင် ။ ''
ပိုးဟာ ထိုစကားကို လေးလေးနက်နက်ပြောနေမှန်း မာန်သိနေပါတယ်။
'' အေးပါပိုးရဲ့....ငါ မာမီ့ကို သေချာဂရုစိုက်လိုက်ပါမယ် ။ ဒီညပဲ မာမီ့အခန်းထဲမှာ အိပ်လိုက်တော့မယ်ဟာ ဘယ်လိုလဲ ။ ''
'' အကောင်းဆုံးပဲ သူငယ်ချင်း ။ ''
'' မာမီ့ကို ငါ့ထက် နင်က ပိုပြီး စိက်ပူနေသလိုပဲ..ပိုး..''
'' အဲ့လို ဖြစ်သွားတာလား ငါက စိက်ပူလို့ပါ တော်ဝင်ရယ်..။ ''''ငါ့မာမီပါဟ နည်းနည်းလေးတောင် အထိအခိုက်ခံမှာ မဟုတ်ပါဘူး ။ ''
'' ပြီးရော နောက်တစ်ပက် နင်မမဆီကို သွားမှာမလား ။''
'' မမညိုဆီကို..ပြောတာလား ပိုး..။ ''
'' အွန်းလေ... နင့်မှာ မမဧကရီနဲ့ မမညိုကလွဲပြီး ဘယ်မမရှိသေးလို့လဲ ကောင်စုတ်ရဲ့။ ''
'' အာ....နင်ကလည်း ။ ''
'' နင်ကလည်း မနေနဲ့ တိတ်တိတ်လေး သွားဖို့မစဥ်းစားနဲ့နော် ။''