ဒီနေ့တကယ်ကြီးကို မာန့်ရဲ့စိက်ကလေး ပေါ့ပါးလန်းဆန်းလို့နေတယ် ။ နာရီလေးကိုကြည့်ကာ မမ Vedio Callခေါ်မည့် အချိန်လေးကိုသာ ထိုင်ကာစောင့်နေမိတော့တယ်။ မာမီ့ဟင်းချက်လက်ရာကပဲ ပုံမှန်ထက်ကောင်းလွန်းနေသလား မပြောတက် မာန်ပင်ထမင်းအတော်စားလိုက်မိသည် ။'' အလို မမရဲ့မာန်လေးက အချိန်ကွက်တိပါပဲလား ထူးဆန်းနေတယ်ကွယ် ။ ''
'' ဟဲဟဲ မမကလည်း မမနဲ့စကားပြောဖို့ ဒီအချိန်လေးပဲလေ မာန်စောင့်နေရမှာပေါ့ ကြိုပြီးတော့လေ ။ ''
'' အလိုလေး ဟုတ်ပါပြီ ဟုတ်ပါပြီ ဒီကလေး တစ်ခုခုတော့ တစ်ခုခုပဲကွယ် ။ ''
'' မမကလည်း ။ ''
'' ကဲ ပြောကြည့်စမ်းပါအုံး မမနားထောင်ပါရစေ ။ မမရဲ့ မာန်လေးရဲ့ စိက်ကလေးရွှင်နေရတဲ့ အကြောင်းအရင်းလေးပေါ့ကွယ် ။ ''
'' မာန်ပြောလိုက်ရင် မမ စိက်ဆိုးမှာလားဟင် ။''
'' မာန်လေးကို မမက ဘယ်တုန်းကများ စိက်ဆိုးဘူးလို့လည်းကွယ် ။ အခုလိုအိုက်တင်ခံနေတာကိုပဲ မမက စိက်ဆိုးသင့်နေပြီမလား မာန်လေး ။ '''' မာန်.... မာန်လေ မမ... ။ ''
'' အွန်း...ပြောလေ မာန်လေး ။ ''
'' ညီညီသော်နဲ့ လမ်းခွဲလိုက်ပြီမမ ။ ''
မမဘက်က တိတ်ဆိတ်သွားတယ် ။ တစ်ခုခုကို စဥ်းစားနေဟန် ။ မာန်လည်း မမရဲ့မျက်နှာရိပ်ကို မျက်တောင်မခပ်စတမ်း အကဲခပ်နေလိုက်သည် ။
'' မာမီသိလား မာန်လေး ။ ''
'' ဟင့်အင် မမ မာမီ မသိပါဘူး ။ ''
မမက သက်ပြင်းချလိုက်လေတယ်။
'' မာန်လေး စိက်ထဲမှာ ဘယ်လိုခံစားရလဲ ။ ''
''' မာန် မလိမ်ညာစတမ်းပြောပါမယ်... မာန့်ရဲ့စိက်ကလေး ပေါ့ပါးသွားတယ်။ မာမီသိသွားသည်ဖြစ်စေ မသိသည်ဖြစ်စေ မာန်မတွေးချင်သေးဘူးမမ ။ ''
'' မာန်လေး ချစ်ရတဲ့ အမျိုးသမီးကြောင့်လား ။ ''
'' ဟုတ်...မာန် တကယ့်အချစ်စစ်ကို ရှာတွေ့သွားပြီ မမ ။ ''