အခန်း - ၁၁ (U+Z)

1.3K 133 19
                                    

      
        မာန်နဲ့ ပိုးနဲ့ ရောက်တော့ မာန်တို့ ချိန်းထားတဲ့ဆိုင်လေးမှာ ပိုင်ပိုင်နဲ့ ညီညီသော်အပြင် အခြားသော သူငယ်ချင်း ငါးယောက် ခြောက်ယောက်လောက်တော့  ရောက်နှင့်လို့နေပြီဖြစ်သည် ။  မာန်တို့က ပိုးရဲ့ ကျောင်းဆင်းချိန်ပြီးမှ အေးအေးဆေးဆေး ထွက်လာခဲ့ခြင်း ဖြစ်ပေတယ်။
   
        '' နည်းနည်းနောက်ကျသွားလို့ Sorryနော် ၊ ကျောင်းဆင်းမှ လာလို့ရလို့ ။ ''

      '' ရပါတယ် အဆိုတော်ရယ် ငါတို့လည်း ရောက်တာ သိပ်မကြာသေးပါဘူး ။ ''

        '' Happy Birthday သော် ရော့ ဒါမွေးနေ့လက်ဆောင် ။ ''
     '' ရော့ ဒါက ငါ့လက်ဆောင် ။ ''

''ကျေးဇူး ကျေးဇူး... ။ ''

'' တော်ဝင် လာ ကိုယ့်ဘေးနားက ခုံကို.... ။ ''

'' တော်ပြီသော်....ပိုင်ပိုင် နင် ဟိုဘက်ကို နည်းနည်းတိုး ငါတို့ ဒီမှာပဲ ထိုင်လိုက်တော့မယ် ။ ''

သော့် မျက်နှာမကောင်းတာသိပေမဲ့လည်း  ​ မာန်နဲ့ ပိုးကတော့ သော့်ကို မွေးနေ့လက်ဆောင် ပေးပြီး ပိုင်ပိုင့်ဘေးက ခုံမှာ ဝင်ထိုင်လိုက်သည်။ မာန်တို့သိတဲ့သူငယ်ချင်းတွေပါသလို မျက်မှန်းတန်းမိရုံလောက်သာ သိတဲ့ သူငယ်ချင်းတွေလည်း ပါလာလေသည်။

       '' Spy လား Fullmoonလား တော်ဝင်... ။ ''

'' Capuccinoပဲ သော်....။ ''
 
      '' ငါရောပဲ....ပိုင်ပိုင် အရမ်းကြီး မသောက်နဲ့နော် ။ ''

     '' အေးပါ...အေးပါ....။ ''

ကျန်သည့်သူငယ်ချင်းများကတော့ Alcoholသောက်ကြပေမဲ့ မာန်နဲ့ ပိုးကတော့ ကော်ဖီပဲ သောက်ဖြစ်သည်။

     ''တော်ဝင်.... ကိုယ်တစ်ခုလောက် တောင်းဆိုချင်တယ် ရမလား... ။ ''

       ''ပြောလေ...သော်.. ။ ''

ပိုးနဲ့ပိုင်ပိုင်အပါအဝင် အခြားသောသူငယ်ချင်းများရဲ့ အကြည့်ဟာ မာန်နဲ့ သော့်ဆီမှာသာ ။

      '' ကိုယ့်မွေးနေ့မှာ အမှတ်တရဖြစ်သွားအောင် ကိုယ့်အတွက် သီချင်းလေးတစ်ပုဒ်လောက်နဲ့ ဂုဏ်ပြုပေးပါလား ။ ''

     ရီဝေဝေစကားသံနဲ့အတူ ဆိုလာတယ်။ မာန့်ရဲ့ ပြန်ဖြေမည့်စကားသံကို အားလုံးစိက်ဝင်စားနေကြဟန်။

''မာန်''Where stories live. Discover now