Two

99 19 0
                                    

တစ်လခန့်ကြာသော်........
ဒီနေ့ကတော့ အမူးအပြဲအဖွဲ့ရဲ့ bar ထိုင်တဲ့နေ့။ barက Hongdae မှာဖြစ်ကာ သုံးထပ်အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်ဝိုင်းမှာထိုင်သောက်ကြသည်။ ခဏနေတော့ ဝိုင်းဆီကို လာနှုတ်ဆက်တဲ့လူငယ်တစ်စု။ အကုန်လုံးက street wear fashion အပြည့်နဲ့ဖြစ်ကာ ထိုထဲမှတစ်ဦးကတော့ မပြောင်းမလဲ တီရှပ်အမဲကို ဘောင်းဘီအမဲနှင့်။ ဒါပေမယ့် ကြည့်ကောင်းနေတာပဲဖြစ်သည်။
Tequila shots များသွားမှုကြောင့် စီးကရက်သောက်ရန် ဝရန်တာရှိတဲ့ဘက်ကို ထထွက်ခဲ့မိသည်။ လက်ရန်းပေါ်တံတောင်နှစ်ဖက်ထောက်ကာ ဆေးလိပ်ကိုမီးညှိရန်လုပ်တော့ ဘေးမှာလာရပ်တဲ့တစ်စုံတစ်ယောက်။
"ဟိုနေ့က ဘယ်အချိန်ကပြန်သွားတာလဲ"
သူဘာကိုမေးလဲသိသည်။
"၂နာရီ ၃နာရီလောက်ဖြစ်မယ်ထင်တယ်"
"နှိုးတောင်မသွားဘူး"
"အရမ်းနှစ်နှစ်ခြိုက်ခြိုက်နေတာမို့လို့"
"နာမည်အရင်ကလည်း Jiu ပဲလား"
သူမေးလာသည်။
"ဟင့်အင်း ig name က jiwooရဲ့အတိုကောက်"
"အာ....အဲ့လိုကို" သူကနားလည်သွားဟန်လေးနဲ့တွေးဆဆပြောသည်။
"Jiu လို့ခေါ်မယ် ရလား"
ကိုယ်ပြုံးလိုက်မိသည်။
"အဆင်ပြေသလိုခေါ်ပါ"
ပြောရင်းသူ့ကိုလှည့်ကြည့်မိတဲ့အခါ ရီဝေဝေမျက်ဝန်းဝိုင်းတွေနဲ့ဆုံသည်။ ကိုယ်လည်းအကြည့်မလွှဲမိ သူလည်းအကြည့်မလွှဲ။
သူဟာ ကိုယ့်နှုတ်ခမ်းဖူးကိုစိုက်ကြည့်နေရင်းရှေ့ကိုတစ်လှမ်းတိုးလာသည်။ ထို့နောက်သူ့ညာလက်ကကိုယ့်မေးရိုးပေါ်အုပ်ကိုင်လာကာ ကိုယ့်မျက်နှာနားကိုထိကပ်မတက်သူငုံ့လိုက်သည်။
"Jiu....."
သူ့အသံကလှိုက်မောနေသည်။သူ့နှုတ်ခမ်းဖျားက လေငွေ့နွေးဟာ ကိုယ်နှာဖျားကိုထိခက်နေသည်။ သူတောင်းဆိုနေခြင်း....။
ကိုယ်မျက်နှာကိုမော့ပေးလိုက်တဲ့အခါ သူနှုတ်ခမ်းတို့က ကိုယ်နှုတ်ခမ်းဖူးတို့ကို ငုံထွေးလာသည်။ ကိုယ့်အောက်နှုတ်ခမ်းကိုတဖြေးဖြေးညင်ညင်ညာညာစုပ်ယူနေတဲ့သူဟာ ဂျယ်လီလေးကုန်သွားမှာကြောက်၍ဖြေးဖြေးချင်းစားနေသော ကလေးငယ် ပမာ။အလိုက်အထိုက်လေးပြန်တုန့်ပြန်မိတော့ သူ့လက်နောက်တစ်ဖက်ကခါးပေါ်ရောက်လာသည်။ ခဏအကြာမှတော့ကိုယ်ကအရင်အနမ်းတွေကိုရပ်ပြစ်လိုက်ပြီးနောက်ကိုအနည်းငယ်ဆုတ်ရပ်လိုက်သည်။ နမ်းထားခါစ စိုစိုရဲရဲနှုတ်ခမ်းတွေနဲ့သူ့မျက်ဝန်းတွေမှာ ရှေ့ဆက်ချင်တဲ့အရိပ်တွေ။
"Jeon!!!"
ခပ်စူးစူးခေါ်သံကြောင့် သူရောကိုယ်ပါလှည့်ကြည့်လိုက်တော့
တကိုယ်လုံးပန်းနုရောင်ဆင်မြန်းထားပြီး idol ရှုံးအောင်လှနေတဲ့မိန်းကလေးတစ်ယောက်။ဆံပင်ကောင်သားပွပွလေးနဲ့မျက်နှာလှလှလေးကမသိရင်ကြွေရုပ်လေးနဲ့တူသည်။
ကိုယ်ပြုံးလိုက်မိသည်။ ကိုယ်ကတော့ ဂျင်းဂျာကင်အနက်နဲ့ ဘောင်းဘီတိုအဖြူလေးကို အတွင်းကကြိုးတလုံးအနက်ခံပြီးရိုးရိုးရှင်းရှင်းဝတ်ထားသည်ကို။ ဆံပင်တွေက ကျောလယ်အထိအရှည်ကို wolf cut နဲ့နက်နက်မှောင်မှောင်။ သူမကတော့ ဆံဖျားကနေ ဒေါက်ဖိနပ်အဖြူလှလှလေးအထိ accessories လှလှလေးများနဲ့။
ထိုအမျိုးသမီးလေးသည် ဒေါက်ဖိနပ်သံ တခွပ်ခွပ်မြည်သည်အထိ ကိုယ်တို့နားထိပြေးလာကာ Jeon ရဲ့လက်မောင်းကိုပိုင်ပိုင်နိုင်နိုင်တွဲချိတ်လိုက်သည်။
"Jeon ဒီတစ်ညလုံး Hanna နဲ့ရှိပေးမယ်ဆို ဒီမှာဘာလာလုပ်နေတာလဲ" အမျိုးသမီးလေးသည် Jeon ရဲ့လက်မောင်းကို လှူပ်ဆွဲကာ အတင်းဆွဲခေါ်သည်။
ကိုယ်ရှေ့ဆံပင်တွေကိုနှဖူးပေါ်လှန်တင်လိုက်ရင်းသွားတွေပေါ်တယ်အထိ ခပ်ဖွဖွရီလိုက်တယ်။ Jeonမျက်လုံးတွေက ဝေခွဲမရဖြစ်နေပုံနဲ့ ကိုယ့်ကိုကြည့်လာသည်။ ကိုယ်ကတော့ ညင်သာစွာပြုံးမြဲပြုံးထားရင်း သူတို့နှစ်ယောက်ကိုကြည့်နေမိသည်။
"Jeon လာလေ"
အဆုံးမှာတော့ Jeon သည် ထိုအမျိုးသမီးလေး၏ပုခုံးကိုဖက်လိုက်ကာ ကိုယ့်ကိုနှုတ်ဆက်ခြင်းမရှိလှည့်ထွက်သွားခဲ့သည်။
ကိုယ်ကတော့ စီးကရက်တစ်လိပ်ကို မီးထပ်ညှိရင်း...။

- J E O N -Where stories live. Discover now