Five

71 13 10
                                    

"ယူမီရေ ဒီနေ့အတွက် စာရင်းချုပ်ပြီးရင် အမကို mailလေးပို့ပေးထားနော်"
"ဟုတ်ကဲ့ပါ အမ"
ကိုယ်သိမ်းစရာရှိတာတွေသိမ်းလိုက်ပြီး အိမ်ပြန်ဖို့ပြင်လိုက်ပြီးနောက် ဧည့်သည်တွေထိုင်ဖို့ထားတဲ့ ဆိုဖာမှာထိုင်နေသူကိုလှမ်းကြည့်လိုက်ကာ....
"Jeon ပြန်မယ်လေ"
ထိုအခါ Jeon သည်ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ပြီး ကားသော့ကိုကောက်ယူကာ ကိုယ့်လက်ကိုလာဆွဲသည်။
၂ပတ်ခန့်ရှိတော့မည်။ Jeon သည် မနက်ဆိုကိုယ့်ဆိုင်ကိုဝင်ပို့ပြီး ပြန်သွားသည်။ ညနေဆိုင်ပိတ်ချိန်ဆိုလာပြန်ခေါ်ပြီး ကိုယ့်အိမ်မှာ ညနေစာစားပြီး အိပ်သည်။
Jeon ကြည့်ရတာ ဒီရက်ထဲအေးချမ်းနေသယောင်။

ညနေစာစားထားတဲ့ပန်းကန်တွေကို ဆေးနေတဲ့ Jeon ရဲ့ကျောပြင်ကိုငေးနေမိသည်။
"Jeon ..... "
"ဟင်.."
Jeon သည်လှည့်မကြည့်ပဲ အသံပြုရုံပြန်ထူးသည်။
"Jiu တို့...."
ကိုယ်အားယူသလို တစ်ဖြတ်ရပ်ပြီး အသက်ရှူလိုက်ရတယ်။
"တရားဝင်တွဲကြည့်ကြမလား"
ပန်းကန်ဆေးနေတဲ့ Jeon လက်တွေရပ်တန့်သွားတယ်။
Jeon သည်ကိုယ့်ဘက်ကိုလှည့်ကြည့်လာတဲ့အခါ ကိုယ်ဟာအဖြေကိုမျှော်လင့်ကြီးစွာစောင့်နေမိတယ်။
လက်ခံခြင်းမခံခြင်းဟာ Jeon ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြစ်ပြီး ကိုယ်ကတောင်းဆိုပိုင်ခွင့်သာရှိသူမို့။
Jeon သည်သက်ပြင်းကိုခပ်ဖွဖွချပြီးပြုံးပြလာခဲ့တယ်။
"ကိုယ် အဆင့်သင့်မဖြစ်သေးဘူး Jiu"
ကိုယ်အားတင်းပြုံးထားရင်းခေါင်းညှိမ့်ပြလိုက်မိတယ်။
ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ အတ္တသေးသေးလေးကို မြိုသိပ်ရင်းပေါ့။

..........................................
Jeon သည် ထွက်သွားခဲ့သည်။ တွဲကြရအောင် ဆိုတဲ့ ကိုယ့်ရဲ့စကားဟာ Jeon အပေါ် ဘယ်လောက်တန်ချိန်ဖိအားတွေများ သက်ရောက်သွားခဲ့လဲ။ ကိုယ်သည် Jeon ကို့ ကပ်တွယ်ကာ ကိုယ်အနားမှာပဲနေပေးဖို့တွေ ကိုယ်ကလွဲရင်တခြားမိန်းကလေးနဲ့မတွဲဖို့တွေ အချိန်တိုင်းဖုန်းခေါ်ဆိုမှူတွေ မလုပ်ခဲ့သော်ငြား Jeon စိတ်ထဲမယ် ကိုယ်ဟာ သူ့နားကအမျိုးသမီးတွေနဲ့ တူတူပဲဟုထင်သွားနိုင်ကောင်းလိမ့်မည်။
ကိုယ့်သည် မဆိုစလောက်အတ္တလေးကြီးမှုနဲ့တင် အနားက Jeon ကိုဆုံးရှူံးလိုက်ရပြီထင်သည်။

- J E O N -Where stories live. Discover now