Three

153 22 0
                                    

ထမင်းကြော်လို့ပြီးစီးသွားချိန်ပဲအိမ်ရှေ့ကလူခေါ်ဘဲလ်ကမြည်လာတာမို့ ပြေးဖွင့်ပေးလိုက်တော့ ကြက်ကြော်ထုပ်နဲ့ဘီယာဘူးထုပ်ကိုဆွဲကိုင်ထားတဲ့ Jeon။
"ဝင်ခဲ့လေ"
Jeon လက်ထဲကအထုပ်တွေကို ကိုယ်ပြောင်းယူလိုက်တယ်။
ပြီးနောက်မီးဖိုထဲလျှောက်လာပြီး ဘီယာဘူးတွေကိုရေခဲသေတ္တာထဲပြောင်းထည့်လိုက်သည်။
"ကင်မ်ချီထမင်းကြော်ထားတယ် တူတူစားချင်လား"
"အင်း စားမယ်လေ" သူ့အသံကအနည်းငယ်ရယ်သံစွက်လျှက်။
ထမင်းကြော်ကိုအားရပါးရစားနေသူကိုကြည့်ရင်း မမေးပဲမနေနိုင်တဲ့မေးခွန်းကိုထုတ်မေးလိုက်သည်။
"အရသာရှိရဲ့လား"
"အင်း သူများချက်ကျွေးတာမစားရတာကြာပြီ Jiu လက်ရာကရူးလောက်တယ်" သူကဝါးနေရင်း ပြုံးပြပြီးပြောသည်။
ကိုယ်ချက်ကိုယ်ကောင်းသမားမို့ ကိုယ့်လက်ရာအပေါ်ယုံကြည်မှူအပြည့်ပေမယ့် သူ့ခံတွင်းမတွေ့မှာစိုးရိမ်နေမိတာ။
စားကောင်းတယ်ဆိုတော့ ဝမ်းသာသွားရသည်။
ထမင်းစားပြီး ခဏမှာတော့ ကြက်ကြော်၊ ဘီယာနဲ့အတူ ကိုယ်ပြန်ကြည့်လက်စ Harry Potter and the Prisoner of Azkaban ကိုဆက်ကြည့်ကြသည်။ဇာတ်လမ်းကြည့်နေရင်း
"Jiu က ဘယ်နှနှစ်လဲ"
"၂၅ ပြည့်ထားတာ"
"ငယ်တာပဲ ကိုယ်က ၂၇"
"အင်း"
"မကြာခဏ အဲ့လိုပျော်ပါးတတ်တဲ့ type မဟုတ်ဘူးမလား"
သူကမေးပြီး သူ့ဘူးထဲလက်ကျန် ဘီယာကိုအကုန်မော့ချလိုက်သည်။
သူမေးတဲ့အဓိပ္ပာယ်ကို ကိုယ်ကောင်းကောင်းသိသည်။
"အင်း အရင်ကတော့ 1နှစ်လောက်တွဲခဲ့ဖူးတဲ့ ရည်းစားရှိဖူးခဲ့တယ် လမ်းခွဲပြီး တစ်ယောက်တည်းနေရင်းက လွန်ခဲ့တဲ့ခြောက်လလောက်က flirt နေတဲ့ DJ နဲ့ တစ်ခေါက်အိပ်ဖြစ်တယ်။ ပြီးတော့ ဒီတိုင်းသဘောမကျလို့ ရပ်လိုက်တာ"
ကိုယ်ဟာခေတ်လူငယ်မို့ innocent တော့ဟုတ်မနေ။
"ဘာကိုသဘောမကျတာလဲ? Sex လား"
တည့်တိုးမေးလာတော့ နည်းနည်းလေးရှက်သွားမိတယ်။
"မဟုတ်ပါဘူး သူကနည်းနည်းချုပ်ခြယ်တဲ့ typeမို့"
"ချုပ်ခြယ်တာမကြိုက်ဖူးပေါ့"
"အင်း ချုပ်ခြယ်ရတာကော ချုပ်ခြယ်ခံရတာကော"
သူပြုံးသည်။ ကိုယ်ကစကားစကိုမပြတ်စေပဲ...
"လူတွေကိုအတင်းပြောင်းလဲခိုင်းလို့မရဘူး။ သူလဲ သူ့ဘဝသူပိုင်တာမို့ သူ့စိတ်ကြိုက်နေထိုင်မှာပဲ။ ကိုယ်လဲကိုယ့်ဘဝပဲကိုယ်ပိုင်တာမို့ သူများဘဝကို ဟိုဟာလုပ်ဒီဟာမလုပ်နဲ့ကန့်သတ်ပိုင်ခွင်မရှိဘူးလို့ထင်တယ်။ ကိုယ့်ကိုသဘောကျလို့ပြောင်းလဲပေးတာဟာ သူ့ဘဝသူ့ဆန္ဒဖြစ်ပြီး မပြောင်းလဲနိုင်တာကလဲ သူ့ဆန္ဒပဲ။ အဲ့တော့ကိုယ့်ဘက်ကလည်းကိုယ့်ဆန္ဒအတိုင်း ကျေနပ်လက်ခံသင့်ရင်လက်ခံပြီး လက်မခံနိုင်ရင်စွန့်လွှတ်ရမယ်လေ"
ကိုယ့်ထင်မြင်ချက်ကိုပြောပြတဲ့အခါ သူကခေါင်းကိုခပ်ဖွဖွပုတ်ပြီး ....
"ထူးဆန်းတဲ့ကောင်မလေးပဲ" ဟုပြောသည်။
.......................................
ဇာတ်ကားပြီးတဲ့အချိန်ဟာ ည ၁၁နာရီ။
"အိပ်သွားလို့ရလား"
သူမေးလာတော့ ကိုယ်မငြင်းမိ
တစ်ယောက်အိပ် အိပ်ရာပေမယ့် ခေါင်းအုံးနှစ်ခုရှိတာမို့ သူ့ကို ကုတင်အတွင်းပိုင်းမှာ အိပ်စေပြီး ကိုယ်ကအပြင်ဘက်မှာအိပ်သည် မနက်ကျဆိုင်ဖွင့်ရမှာမို့ အိပ်နေတဲ့သူ့ကိုကျော်ခွပြီးမထချင်တာကြောင့်ရယ်။
ရေချိုးခန်းထဲမျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးထွက်လာတော့ Jeon က အိပ်ရာပေါ်လှဲပြီးဖုန်းသုံးနေသည်။ မျက်နှာကို skincare အနည်းအကျဉ်းလိမ်းပြီးနောက် ကိုယ်သူ့ဘေးမှာဝင်လှဲလိုက်တယ်။
စောင်ကိုဆွဲခြုံပြီး သူနဲ့ဆန့်ကျင်ဘက်ကိုမျက်နှာမူပြီးစောင်းအိပ်လိုက်တယ်။
ခဏအကြာမှာတော့ ဖုန်းကို lockချလိုက်သံကြားလိုက်ရပြီး ကိုယ့်ခါးပေါ်ရောက်လာတဲ့သူ့လက်တွေ။
ဂုတ်ပိုးနားကိုမျက်နှာလာအပ်ကာ ကိုယ့်လည်ဂုတ်ကို သူ့နှာခေါင်းချွန်ချွန်နဲ့လာပွတ်သပ်နေသည်။ အခန်းထဲချိတ်ထားတဲ့ တိုင်ကပ်နာရီရဲ့ တချောက်ချောက်သွားနေသံရယ်....Jeon အသက်ရှူသံဖွဖွရယ်။

တကိုယ်လုံးကိုအနောက်ကနေသိမ်းကြုံးဖက်ပြီးအိပ်နေသူရဲ့ရင်ခွင်ထဲကနေ အတတ်နိုင်ဆုံးဖြေးဖြေးချင်းထွက်လိုက်ပြီး ဆိုင်သွားဖို့ပြင်ဆင်ရသည်။ အချိန်က မနက် ၇နာရီ ။ ဆိုင်ကို ယူမီကဖွင့်ထားမှာမို့ ကိုယ်က ၁၀နာရီလောက်ရောက်အောင်တော့သွားသည်။ မနက်စာကို ပေါ့ပေါ့ပါးပါးချက်ပြီး ရေမိုးချိုးပြင်ဆင်ပြီးတော့ မနက် ၈နာရီခွဲ။ အိပ်ရာပေါ်က Jeonကတော့အိပ်နေဆဲ။အိပ်ပြီဆိုအင်္ကျီကိုချွတ်ပစ်တတ်တာသူ့အကျင့်ဖြစ်မည်။
အိပ်ရာခြေရင်းနားရောက်နေတဲ့ သူ့တီရှပ်အဖြူလေးကို ကောက်ယူပြီး ချိတ်နှင့်အဝတ်စင်မှာသေချာချိတ်ပေးလိုက်သည်။ ပြီးမှသူ့အနားတိုးကပ်သွားကာ ကျောပြင်ကိုခပ်ဖွဖွပုတ်နှိုးလိုက်သည်။
"Jeon.... Jeon...."
နှစ်ခေါက်လောက်နှိုးလိုက်တော့
"အင်" ဟု အသံပြုပြီး မျက်လုံးကိုခပ်မှေးမှေးဖွင့်ကြည့်သည်။
"ဆိုင်ဖွင့်ရမှာမို့သွားတော့မယ် စားပွဲပေါ်မှာမနက်စာ အုပ်ထားခဲ့တာမို့ စားပြီးမှသွားနော် တံခါးသေချာပိတ်သွားပေးဦးနော်"
ကိုယ်ပြောတော့ မျက်လုံးမဖွင့်ပဲခေါင်းညိမ့်ပြသည်။
"တာဝန်ကြေလိုက်ပါဦး"
အိပ်ချင်မူတူးခပ်အက်အက်လေးနဲ့လှမ်းပြောတော့ ကိုယ်ပြုံးလိုက်မိသည်။
"အင်း...သွားပြီနော်"
အိမ်လေးသည် တဖန်ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
ညနေအိမ်ပြန်ရောက်ချိန်မှာတော့ Jeonကမရှိတော့ သူစားခဲ့တဲ့ပန်းကန်လေးတွေကို သေချာဆေးပြီး ဘေစင်ပေါ်မှာမှောက်ထားခဲ့သည်။ အခန်းလေးသည်တိတ်ဆိတ်နေဆဲ။ ကိုယ်လဲတိတ်တဆိတ်ပဲ ကိုယ်ရဲ့ပုံမှန်နေထိုင်မှူဘဝအတိုင်း လုပ်စရာရှိတာတွေကိုလုပ်ကိုင်နေလိုက်သည်။ ဒီနေ့လည်းတစ်နေ့ကနဲ့တူတူပဲ။ မနေ့ကနဲ့တော့မတူဘူးပေါ့။

#tbc

- J E O N -Where stories live. Discover now