Eight

131 16 4
                                    

Hotel ရေချိုးခန်းထဲကထွက်လာပြီးနောက် အဆက်မပြတ်မြည်နေတဲ့ဖုန်းကိုယူကြည့်လိုက်မိသည်။ ခေါ်ဆိုသူနာမည်ကိုမြင်တော့ အံ့ဩမှုနဲ့အတူမျက်ခုံးတွေတွန့်ချိုးသွားရသည်။
တစ်ခါမှဖုန်းမဆက်ဖူးတဲ့သူကလေ။ စိတ်ထဲတမျိုးဖြစ်နေတာနှင့်ချက်ခြင်းပြန်ခေါ်မိတော့
"Jeon..."
လေသံလေးကခပ်တိုးတိုး။
"အင်း"
ကိုယ့်ဘက်ကအသံပြုလိုက်သော်လည်း ဘာမှပြန်မပြောလာတာမို့
Jungkook စိတ်မရှည်ဖြစ်သွားရသည်။
"Hello .... Jiu?"
"အား..."
အော်သံကမကျယ် ဒါပေမယ့်တစ်ခုခုနာကျဉ်လို့ ညည်းညူသံမျိုးမို့ စိတ်ပူသွားရသည်။
"Jiu? ဟေး အဆင်ပြေလား ဘာလို့လဲ နေဦးအခုဘယ်မှာလဲ"
"ဆိုင်..."
ဒါလေးပြောဖို့တောင် အားမနည်းယူနေရတဲ့အနေအထားကိုကြားလိုက်ရချိန် jungkook ဘာမှမသိတော့။
တွေ့တဲ့အင်္ကျီဘောင်းဘီတွေအမြန်ကောက်စွတ်ကာ ကားသော့ယူပြီးပြေးတော့သည်။
"Jeon ဘယ်လဲ"
အိပ်ယာပေါ်က တစ်စုံတစ်ယောက်ရဲ့ အမေးကိုလည်းပြန်လှည့်မဖြေမိတော့။

ဆိုင်ကြမ်းပြင်ပေါ်ခွေခေါက်နေတဲ့ ခန္ဒာကိုယ်လေးကိုပြေးပွေ့တော့ ဗိုက်ကိုအုပ်ကိုင်ထားကာ...
"ဗိုက်...ဗိုက်က .... အရမ်း နာလာလို့" ဟု အသံခပ်တိုးတိုးနှင့်ပြောသည်။
"အင်း ဆေးရုံသွားမယ် အခု"
ကားပေါ်အသာအယာပွေ့တင်ပြီး နီးစပ်ရာဆေးရုံကိုအသည်းအသန်မောင်းရသည်။
ဆေးရုံအရေးပေါ်ခန်းကိုလဲ သူပဲပွေ့ဝင်ကာ တစ်ခုခုများဖြစ်သွားရင်ဆိုတဲ့အတွေးက Jungkook နားထဲ ကျယ်ကျယ်လောင်လောင်မြည်ဟီးနေသည်။
လိုအပ်တာတွေစစ်ဆေးပြီးချိန်မှာတော့ အူအတက်ရောင်နေကြောင်းအဖြေထွက်လာသည်။ ဖြစ်နေတာရက်ပိုင်းလောက်ရှိပြီဟု ဆရာဝန်ကပြောပြီး ဒီလောက်ထိပေတေနေလို့ ပေါက်ရင်သေသွားနိုင်တယ်ဟုလည်း ဆူပူသေးသည်။ ခွဲစိတ်ရမှာမို့ လူနာရှင်ကိုလက်မှတ်လာထိုးခိုင်းသည့်ဆရာမက
"လူနာနဲ့ဘာတော်လဲ"
"သူ့ကောင်လေးပါ"
ကိုယ့်ဘာသာဖြေပြီးမှ Jungkook ရှက်သွားရသည်။
ဟိုကလေးမကတော့ ဘာမှမသိဆေးအရှိန်နဲ့မှိန်းနေပြီ။
"ဒီဖောင်ကိုဖြည့်ပြီးလက်မှတ်ထိုးပေးနော်"
"ဟိုလေဆရာမ ခွဲစိတ်တာအရမ်းဆိုးမှာလားဟင် သူအရမ်းနာမှာလား"
"မနာပါဘူး ခေတ်မှီစက်ကိရိယာတွေနဲ့မို့ အရင်ကလိုအများကြီးမခွဲရဘူး အပေါက်လေးလောက်ပဲဖောက်ပြီး ရောင်နေတဲ့အပိုင်းကို ဆွဲထုတ်ပြီးဖြတ်လိုက်မှာ အလွန်ဆုံး ၂ နာရီလောက်ပဲကြာမှာပါ"
"ကျေးဇူးပါ"

- J E O N -Donde viven las historias. Descúbrelo ahora