Nine

83 15 7
                                    

ပန်းစည်းတွေ အသီးတွေနဲ့ပါရောက်လာတဲ့ YeonJun ကို Jeon က သိပ်ကြည်နေပုံတော့မပေါ်။ ဒါပေမယ့်အခန်းထောင့်မှာ မတ်တပ်ရပ်ကြည့်နေကာ။
"နင်နေမကောင်းတာကိုပြောမှပေါ့ Jiwoo ရဲ့ နောက်အဲ့လိုမလုပ်နဲ့နော် တစ်ခုခုဆို ငါ့ကိုပြောနော်သိလား"
အသဲအသန်စိတ်ပူပေးနေသော YeonJun သည် တကယ်ချစ်စရာ။
"အစားကော စားလို့ရပြီလား ဘာတဲ့လဲဆရာဝန်က"
"အင်းနေ့ကညလယ်လောက်က အိပ်သာသွားတာကော လေလည်တာကော ပုံမှန်ပဲမို့စားလို့ရပြီတဲ့ အခုတော့ အစားပျော့တာပဲစားခိုင်းတယ်"
"ငါဒီလိုမှန်းသိဆန်ပြုတ်ဝယ်လာပါတယ်"
"ရတယ် YeonJun...ငါစားပြီးပြီ Jeon ဝယ်ခဲ့ပေးတယ်"
"အဲ့လူက နင့်ရည်းစားလား"
YeonJun က အနားတိုးကပ်ပြီးမေးလာတာမို့
"မဟုတ်ပါဘူး ဒီတိုင်း ပြောပြရမှာနည်းနည်းတော့ရှူပ်လို့"
အခန်းထောင့်က Jeon ကို လှမ်းကြည့်တော့ ရှူတည်တည်နဲ့။
"မသိပါဘူး သူကအဲ့လိုပြောနေလို့"
YeonJun ရဲ့စကားကြောင့် ကိုယ် Jeon ကိုသေချာထပ်ကြည့်လိုက်မိသည်။
သူတကယ်ပဲအဲ့လိုပြောခဲ့တာလား။

ညနေကျတော့ ဂျီနာတို့အဖွဲ့ရောက်လာကြသည်။
"မလာကြနဲ့ မနက်ဆေးရုံဆင်းမှာလို့ပြောတဲ့ဟာ"
ဆေးရုံမှာ လန်းလန်း လန်းလန်း လုပ်နေကြတာမို့ ဒီအဖွဲ့ကိုမလာစေချင်တာ။ အခုလဲ တစ်ယောက်တပေါက်....
"ငါတို့က နင့်ကိုစိတ်ပူတာလေ"
"Jeon က လှမ်းပြောလို့ပေါ့"
"ဒါနဲ့ နင်နဲ့ Jeon ကတွဲနေတာလား"
"ဟဲ့ Jeon ကို ပြန်မကြိုက်နဲ့ အဲ့ကောင်မကောင်းဘူး"
"ဆေးရုံကဆင်းရင် အထိန်းအမှတ် club သွားကြမယ်လေ"

"ရား!!! ပြန်ကြတော့ နင်တို့ ငါဆေးရုံဆင်းရင်ဆက်သွယ်လိုက်မှာမို့ အခုတော့ပြန်ကြ" အရှူပ်ထုပ်လေးတွေကို စိတ်ရှူပ်လွန်းလို့ နှင်ထုတ်တော့လည်း ကုတ်ကုတ် ကုတ်ကုတ်နဲ့ပြန်ကြသည်။
ဆေးရုံဆင်းရင် club လာရန်မှာဖို့တော့မမေ့ကြ။
ဆေးရုံနဲ့မအပ်မစပ်ယူလာတဲ့ပစ္စည်းတွေလည်းပါသေးသည်။
အကိုယောင်းဟိုက- အရက်ပုလင်း နေပြန်ကောင်းရင်သောက်တဲ့။
ဂျီနာမက bikini- ချုပ်ရိုးရှိနေလဲ ကမ်းခြေမှာဖော်ပြီးဝတ်တဲ့။
လီဂန်မင်းနဲ့ချွဲအွန်ထက်က- အနှိပ်စက်။

ဆေးရုံဆင်းရသည့်မနက်မှာ Jeonကလာခေါ်ပေးသည်။ Jeon သည်ကားမောင်းနေရင်းမှ....
"အလေးအပင်တွေ မ၊လို့မရဘူးနော်"
"အင်းပါ"
"ဆေးလိပ်ကလျှော့ရမယ်တဲ့ အရက်ကလောလောဆယ်သောက်လို့မရသေးဘူး သိတယ်မလား"
"အင်း ဆရာဝန်ပြောလိုက်တယ်"
"ရက်ပိုင်းလောက်ကိုယ်လာနေပေးရမလား"
"ရပါတယ် အဲ့လောက်ကြီးမလိုပါဘူး"
"ဘာလို့လဲ"
Jeon အသံက အေးစက်စက်။
"အားနာလို့ပါ။ ဆေးရုံလည်းပို့ပေးပြီး အိမ်အထိလိုက်စောင့်ပေးတာကျ Jeon အပေါ်ဝန်ပိုစေမှာစိုးလို့"
"မင်း တကယ်ဘာလဲ!!"
Jeon အော်သံက ဟိန်းကနဲ။
"မင်း ငါ့အပေါ် နည်းနည်းလေးတောင်လောဘမရှိဘူးလား... နည်းနည်းလေးတောင် ဆွဲထားချင်စိတ်မရှိဘူးလား"
"ဘာလို့ဆွဲထားရမှာလဲ Jeon ။ နေချင်တဲ့သူတစ်ယောက်ဟာ ဘယ်သူ့မှဆွဲမထားလဲ သူနေချင်တဲ့အရပ်မှာနေမှာပဲ သူမနေချင်တော့ရင်လဲ ထွက်သွားမှာပဲ ဆွဲထားရင် ဆွဲတဲ့လူနာကျင်တာပဲအဖက်တင်မှာလေ"
ကိုယ့်အသံသည်လည်းတိုးမနေခဲ့။ ဒါပေမယ့် Jeon သည်ဘာမှထပ်မပြောလာပဲ အိမ်အထိရောက်အောင်လိုက်ပို့ကာ ပြန်သွားခဲ့သည်။ ဒါပါပဲ အမြဲဒီလိုပဲ။

..............................

"ရား ငါနင့်ကို Jeon Jungkook ဆိုတဲ့ကောင်နဲ့မပတ်သတ်ဖို့ပြောထားရဲ့သားနဲ့"
ဂျီနာက အကောင်းစား ဝီစကီကို ခွက်ထဲငှဲ့လိုက်ကာ ရေခဲတုံးလေးတွေပါထည့်လိုက်ရင်းပြောသည်။
"အင်း..."
ကိုယ်ကတော့ စတော်ဘယ်ရီဖျော်ရည်ကိုစိတ်မပါလက်မပါပိုက်နဲ့စုတ်ရင်း။
ဒီနေ့တော့နှစ်ယောက်တည်း ဂျီနာ့ကိုခေါ်ကာ barထိုင်ဖြစ်သည်။ အရက်သောက်လို့မရသေးတော့စိတ်ကသိပ်မပျော်။
"အဲ့ကောင်က မိန်းမတွေကို အိပ်ယာပေါ်က အဖြည့်ခံသက်သက်လိုဆက်ဆံနေတာ"
ဂျီနာက Jeonကိုကြည့်မရ။
"နင်နဲ့ဘယ်တုန်းကစငြိတာလဲ အကိုယောင်းဟိုမွေးနေ့လား အဲ့နေ့ကတူတူပြန်ကြတာသိလိုက်တယ်"
ကိုယ်သောက်လက်စ အအေးကိုအရင်မြိုချပြီးမှ...
"ဟင့်အင်း အဲ့မတိုင်ခင်တည်းက"
"ဟော...." ဂျီနာကသွေးတက်သလို မျက်ဖြူစိုက်ရင်း နားထင်ကိုဖိတယ်။
"အိပ်ကော အိပ်ပြီးပြီမလား"
"အင်း"
"ဘယ်နှခါလည်း"
ဂျီနာမေးတော့ ကိုယ်လက်ချောင်းတွေထောင်ကာရေတွက်မိတယ်။ ဆယ်ချောင်းပဲရှိတဲ့လက်ကဆက်ထောင်စရာမရှိတော့တဲ့အခါ ဖြန့်ထားတဲ့ ညာလက်ကိုလက်သီးပြန်ဆုပ်လိုက်တော့ ဂျီနာကအဲ့လက်သီးဆုပ်ပေါ်အုပ်ကိုင်လာပြီး...
"ဟဲ့ ရူးသွားပြီလားးး"
"ငါ့အိမ်မှာ သူ နှစ်ပတ်လောက်လာနေသွားတယ်လေ"
"သေလိုက်ပါလား Jiu ရဲ့ နင်အဲ့ကောင်လက်ထဲအကုန်ပေးဆပ်တော့မှာလား တခြားလူကောင်းတွေရှိတယ်လေ"
"ချစ်မိသွားတာကို မချစ်မိရင် ငါလည်းငြီးငွေ့လွယ်တတ်ပါတယ်နော်"
ကိုယ် ဂျီနာ့ကိုခပ်ရွတ်ရွတ်ပြန်ပြောမိတော့
"Jungkook က တွေ့ကရာမိန်းမနဲ့ အိပ်နေတဲ့ကောင်တော့ မဟုတ်ပါဘူး... ဒါပေမယ့် သူကိုလာညွတ်တဲ့ထဲ သူနဲ့အဆင်ပြေရင် သူကလည်းမငြင်းဘူးထင်တာပဲ နင့်ကိုအလေးနက်ထားဖို့တော့ ငါမျှော်လင့်ပါတယ် သူချစ်သွားရင်တော့ ပြင်ရင်လည်းပြင်မှာပေါ့"
ဂျီနာကပြောပြီး သူ့ခွက်ကိုအကုန်မော့ချသည်။
ကိုယ်လည်းပျင်းဖို့ကောင်းစွာ စတော်ဘယ်ရီကိုပဲဆက်သောက်နေမိသည်။
ကိုယ်လည်း မျှော်လင့်မိတာပဲ။

#tbc
A/N : စာရေးသူ ဦီးနှောက်ကုန်နေလို့ ဒီအပိုင်းတိုသွားပါတယ်။ 🙇🏻‍♀️

- J E O N -Where stories live. Discover now