Six

76 14 2
                                    

ဘီယာ 8ဘူးလောက်ကို တပွေ့တပိုက်ကောင်တာပေါ်တင်လိုက်ပြီး
"ခဏနော် မုန့်ယူဦးမှာ" ဟု cashier ကောင်လေးကိုပြောလိုက်သည်။ ပြီးနောက် snack သုံး လေးထုပ် ရွေးယူလိုက်ပြီးကောင်တာသို့သွားသောအခါ အအေးဘူးတစ်ဘူးကိုင်ကာငွေရှင်းဖို့အနားရောက်လာသူနဲ့သွားဆုံသည်။
"အရင်ရှင်းလိုက်ပါ" ဟုပြောပြီး ကိုယ်နောက်တစ်လှမ်းဆုတ်ပေးလိုက်တော့...
"ရား...နင် Jiwoo မှလား"
နှုတ်ဆက်လာသူကိုသေချာကြည့်မိတော့
"Choi YeonJun ?"
"အေး ငါလေ အထက်တန်းတုန်းကတစ်ခန်းထဲ"
အထက်တန်းတုန်းကထက် ပိုမြင့်မားလာသောအရပ်ကြီးနဲ့ YeonJun သည် အားရပါးရနှုတ်ဆက်တော့ ဝမ်းသာသွားရသည်။
"ဟဲ့ မတွေ့တာတောင်ကြာပြီ နင်ဘာတွေလုပ်နေလဲ"
"ငါက သီချင်းနည်းနည်းပါးပါးလုပ်နေတယ် mixtape ထုတ်ဖို့ကြိုးစားနေတုန်း နင်ရော?"
"ငါက အင်္ကျီဆိုင်ဖွင့်ထားတယ်"
"ဘာလဲ တစ်ယောက်တည်းသောက်မလို့လား"
ကိုယ်ယူထားတဲ့ beer ဘူးတွေကို ကြည့်ပြီး YeonJun ကမေးလာတော့
"အင်း တူတူသောက်ချင်လား"
"ဒါပေါ့"

ဟန်မြစ်ဘေးမြက်ခင်းမှာ ခြေပစ်လက်ပစ်ထိုင်ရင်း Beer သောက်ရင်း စကားစမြည်ပြောဖြစ်ကြသည်။
"နင် တစ်ယောက်တည်းလား"
"ဟင်?"
မူးစပြုလာတော့ စကားပိုပြောလာတဲ့ YeonJun က အဆက်စပ်မရှိမေးလာသည်။
"မဟုတ်ဘူးလေ ငါမေးချင်တာ ဟို ရည်းစား..?"
"အာ... မရှိဘူးလို့ပဲပြောရမှာပေါ့"
"ဟုတ်လား ဟီး"
အစမရှိ YeonJun က ရီသည်။
"ဘာရီတာလဲ ငါ့ကို နင်ကော?"
"မရှိပါဘူးငါက အထက်တန်းထဲက"
အဲ့စကားကိုကြားတော့ ပါးပြင်တွေနွေးသွားရသည်။
အထက်တန်းတုန်းက စာတွေနဲ့လုံးပန်းနေချိန် YeonJun ကိုယ့်ကို ကြိုက်နေတယ် ဆိုတာ သူငယ်ချင်းတွေကြားမှာ စနောက်နေကြအမြဲကို။ သူကလဲဖွင့်မပြောခဲ့သလို အဲ့တုန်းကလည်း ကိုယ်ကရည်းစားထားဖို့ စိတ်ကူးရှိမနေတာရယ်။
အခုကျဘယ်လိုလေးလဲ။

ကုန်သွားတဲ့ Beer ဘူးတွေကို စနစ်တကျလွှင့်ပစ်ပြီးနောက်
"လိုက်ပို့မယ်လေ"
YeonJun က ပြောတော့ မငြင်းမိ ဟန်မြစ်ကနေ အိမ်ကို Bus နဲ့ လေးမှတ်တိုင်လောက်စီးရမှာကို။
လာတုန်းကတော့ သောက်ချင်ဇောနဲ့ နှစ်ယောက်သား Taxi စီးလာမိတာ။
"အဲ့တာဆို ရပ်ကွက်ထိပ်ထိပဲ ပို့မလား"
"ရတာပေါ့ ငါလဲအဲ့ဘက်ပဲပြန်မှာကို"
Bus ပေါ်ရောက်တော့နေရာက သိပ်မရှိ တစ်ခုံတည်းလွတ်နေတဲ့ နေရာကို YeonJun က မြန်မြန်လေးပြေးသွားပြီး
"ဒီမှာလာထိုင်" ဟုဆိုကာ ကိုယ့်ကိုထိုင်ခိုင်းသေးသည်။

- J E O N -Where stories live. Discover now