အဝတ်လျှော်ဖို့အဝတ်တွေကို စက်ထဲထည့်နေတုန်း အိမ်တံခါးဖွင့်သံကြားလိုက်ရတဲ့အခါ အိမ်ရှေ့ကိုပြေးထွက်ကြည့်မိသည်။
Jeon သည် Luggage တစ်လုံးကိုအိမ်ထဲသို့ဆွဲသွင်းနေသည်။
ကိုယ်သည်ကြောင်အစွာရပ်ကြည်နေရင်းမှ...
"Jeon ဘာတွေလဲ"
Jeon သည်မပြောင်းမလဲ သူ့ဘာမှမလုပ်လာသလို...
"တူတူနေရအောင်"
"ဟမ်?"
"တူတူနေကြမယ် ကိုယ်တို့"
ကိုယ်ဘာမှပြန်မပြောနိုင် Jeon ကိုပဲစိုက်ကြည့်နေမိသည်။
"တူတူနေကြည့်ကြမယ် ကိုယ်တို့တစ်ယောက်နဲ့တစ်ယောက် မှီခိုပြီး ဘယ်လောက်အချိန်ကြာကြီးတူတူရှိနေကြနိုင်မလဲသိရတဲ့အထိ....မင်းကထွက်သွားစေချင်တဲ့အခါ ဒါမှမဟုတ်ကိုယ်ကထွက်သွားချင်တဲ့အချိန်အထိ"
"Jeon...မဟုတ်သေး...."
"ကိုယ်မင်းကိုရွေးချယ်တာ Jiu .... ကိုယ့်ကိုမဆွဲထားတဲ့ မင်းအနားကို ကိုယ်ကိုယ်တိုင်နေဖို့ရွေးချယ်တာ မင်းကိုယ့်ကိုလက်ခံပေးဖို့မျှော်လင့်တယ်"
Jeonကကိုယ့်ကိုရွေးချယ်တယ်တဲ့လား။
ကိုယ်ပြုံးလိုက်မိသည်။
"အိမ်ပြန်လာတာ ကြိုဆိုပါတယ် Jeon"
ကိုယ့်စကားအဆုံးမှာတော့ Jeon ဟာ ခြေလှမ်းကျဲတွေနဲ့ ကိုယ့်ဆီလျှောက်လာပြီး ကိုယ့်ကိုပွေ့ဖက်လိုက်တယ်။
သူ့ရင်ခွင်ထဲမြုပ်နေရင်ပဲသူ့ခါးကိုပြန်လည်ပွေ့ဖက်ထားမိတယ်။
Jeon အိမ်ပြန်လာပြီ။............................
"မနက်ဖြန်ဆိုင်သွားမှာလား"
ပူတင်းကိုဘူးထဲကနေ ပန်းကန်ထဲလှယ်ထည့်ကာ ကိုယ့်ရှေ့ကိုချပေးရင်း Jeon ကမေးသည်။
"ဟင့်အင်း ခွဲစိတ်ရတယ်ကြားတော့ ယူမီကတအားလန့်သွားတာလေ တစ်ပတ် ဆယ်ရက်လောက်ဆိုင်မလာပဲ နားပါလို့ပြောလို့"
ကိုယ် ပူတင်းကိုတစ်ဇွန်းခပ်စားရင်း Jeon ကိုပြောလိုက်သည်။ ပြီးနောက် နောက်တစ်ဇွန်းခပ်ပြီး Jeon ကိုခွံ့လိုက်သည်။
Jeon သည်ပူတင်းကို အရင်စားပြီး...
"ဒါဆို မနက်အပြင်သွားရအောင်"
"ဘယ်လဲ"
"အိပ်ရာ လဲရအောင် ပိုကြီးတာနဲ့... အဲ့တာသွားကြည့်ကြမယ်"
"အင်းသဘောလေ"
"ကိုယ့်အိမ်ကိုပြောင်းနေဖို့စဉ်းစားကြည့်သေးတာ ဒါပေမယ့် ကိုယ်ကဒီမှာပဲပျော်တယ်"
ရီရီမောမောပြောနေတဲ့ Jeon သည် ချစ်စရာ ကိုယ်ပြုံးရင်းကြည့်နေမိသည်။
"Jeon အိပ်ရာကကြီးသွားရင် TV နဲ့ ဆိုဖာကိုရွှေ့ရမယ်ထင်တယ်"
"အင်း အရှေ့ဘက်ကိုနည်းနည်းရွှေ့ရမှာပေါ့ ကိုယ့် အဝတ်ချိတ်ဖို့စင်လည်းဝယ်ရဦးမှာပဲ"
Jeon သည် သူ့စိတ်ကြိုက်အစီအစဉ်တွေဆွဲကာ အတော်
သဘောကျနေပုံ။