Four

92 13 0
                                    

အကိုယောင်းဟိုရဲ့မွေးနေ့။
ဟိုတယ်တစ်ခုရဲ့ pool side နှင့်အတူ တွဲလျှက်ရှိတဲ့ bar ကိုပါငှါးထားသည်ကြားသည်။
အကိုယောင်းဟိုက သူဌေးသား။ ဒါပေမယ့် ခင်တတ်မင်တတ်ပြီး လူတန်းစားမရွေးပေါင်းလို့ အပေါင်းအသင်းကလည်းပေါ။ လူချစ်လူခင်လဲပေါ။
ကိုယ်တွေနဲ့လဲ club မှာ ဆုံရင်း ရင်းနှီးကြတာပဲ။ သေချာပေါက် Jeon နဲ့လည်းသိသည်။ အကိုယောင်းဟိုရဲ့တက်တူးတွေဟာ အကုန် Jeon လက်ရာ။
ကိုယ်တို့အဖွဲ့က ပိုက်ဆံစုပြီး နံမည်ကြီး ဖိနပ် brand ရဲ့ limited edition ဖိနပ်ကို လက်ဆောင်ပေးတော့ အကိုယောင်းဟိုကပျော်လို့။
"ဒီနေ့တော့ ဒီမှာပဲသောက်ရင်းသေမယ်"
Pool party မို့ စော်အလန်းလေးတွေကြားရေကူးပြီး စိုစိုရွှဲရွှဲဖြစ်နေတဲ့ လီဂန်မင်းက ပြောသည်။
"ငါကပြန်မှာ မနက်ဆိုင်ဖွင့်ရမယ် ၁၂နာရီဆိုပြန်မှာနော် ပြောပြီးသား"
ကိုယ်ကပြောတော့ မနက်အလုပ်ရှိသူတချို့ကထောက်ခံကြသည်။
"ပြန်မယ့်သူတွေကို အပြစ်ပေးတဲ့အနေနဲ့အကုန်ရေကူးကန်ထဲဆွဲချပြီးမှ ပြန်ခိုင်းမယ်"
အွန်ထက် က ဝင်ပြောတော့
"ဟဲ့ ချွဲအွန်ထက် လုပ်လို့ကတော့သေမယ်" လို ဂျီနာကကျိန်ဆဲသည်။
ရေကန်ဘေးက ချပေးထားတဲ့ ဝိုင်းမှာ ကိုယ်တွေအုပ်စု ပွဲကျနေတုန်း အကိုယောင်းဟိုနဲ့အတူ Jeon လဲရောက်လာသည်။
အိမ်မှာအိပ်သွားပြီးထဲကထပ်မတွေ့တော့တာ ၁လနီးပါးရှိတော့မည်။ ဆံပင်တွေရှည်လာတဲ့ Jeon ဟာ နှဖူးပေါ် ဆံပင်လေးတွေအုပ်နေပြီး ပိုငယ်သွားသယောင်။
Jeonက ကိုယ်နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ပြီး ကိုယ့်ကိုပြုံးပြတော့ ပြန်ပြုံးပြလိုက်သည်။ Hoodie ခဲရောင်နဲ့ Jeonဟာ pool party outfit အနေနဲ့တော့လိုက်ဖက်မနေ။ ကိုယ်ကတော့ body fit အနက်မှာ glitters လေးတွေပါတဲ့ dress အတိုလေးနဲ့ ခြေကျင်ဝတ်အပေါ်ထိရောက်တဲ့ lather boots ကိုတွဲဝတ်ထားသည်။
မမူးချင်တာကြောင့် ဖြည်းဖြည်းပဲသောက်နေခဲ့တာကိုသူငယ်ချင်းတွေက အားမလိုအားမရအတင်းတိုက်နေကြသည်။ Jeonရဲ့ငြင်းသံကိုလည်းကြားနေရသည်။
"ငါကားယူလာလို့ ကားမောင်းပြန်ရမှာ မသောက်တော့ဘူး"
ဟုတ်သည်။ Jeon သည် alcohol ကိုတစ်စက်မှမထိနေ။ ကိုလာပဲသောက်နေရင်းအမြည်းနည်းနည်းသာစားသည်။
ည ၁၁ခွဲလောက်ရောက်တော့ အကိုယောင်းဟိုနဲ့အကုန်လုံးကိုနှုတ်ဆက်ကာ ကိုယ်ပြန်ထွက်လာခဲ့သည်။
ဟိုတယ်အပြင်ရောက်တော့ တက္ကစီငှါးရန်လမ်းမသို့ထွက်ရန်ပြင်လိုက်စဉ်
"Jiu!!!"
Jeon သည်ခပ်သွက်သွက်လှမ်းလျှောက်လာရင်း ကိုယ့်ကိုလှမ်းခေါ်သည်။
"အိမ်ပြန်မှာမလား ကိုယ်လိုက်ပို့မယ်"
ကိုယ်ခေါင်းညှိမ့်ပြလိုက်သည်။
ကားသွားထုတ်တဲ့ Jeon ကို ဟိုတယ်ပေါ်တီမှာပဲစောင့်နေရင်း သူ့ကားလေးရောက်လာတော့ ကားပေါ်တက်လိုက်သည်။
Jeon ကားသည် Mercedes Benz c63s အနက်လေး။
ကားထဲမှာ တိတ်တိတ်ဆိတ်ဆိတ်။ Jeon က ကားမောင်းခြင်းကိုပဲ အာရုံစိုက်နေတာကြောင့် ကိုယ်လည်းစကားမစဖြစ်။
အိမ်ရောက်တော့ Jeon သည် အိမ်ပေါ်အထိလိုက်လာခဲ့သည်။
ကိုယ်ရေချိုးပြီးပြန်ထွက်လာတော့ Jeon က တီဗီရှေ့မှာ Netflix ကနေ ရုပ်ရှင်တွေကိုရွေးနေသည်။ ကိုယ်သူ့ဘေးမှာဝင်ထိုင်တော့ Jeon သည် remote control ကို ဘေးကိုချလိုက်ကာ ကိုယ်လည်ပင်းကိုဆွဲယူပြီး ကိုယ်နှုတ်ခမ်းတွေကို ငတ်မွတ်စွာနမ်းလာသည်။ အသက်ရှူသံတွေပြင်းလာပြီးနောက် Jeon လက်တွေက ကိုယ့် တီရှပ်အောက်ထဲသို့နယ်ချဲ့လာသည်။ ပြီးနောက်ကိုယ့်ခါးကိုဆွဲမကာ သူ့ပေါင်ပေါ်သို့ဆွဲတင်သည်။ ထိုအခါကိုယ်က သူ့ပေါင်ကိုခွလျှက်မျက်နှာချင်းဆိုင်ထိုင်လျှက်သား။ သူ့လက်တွေဟာ ကိုယ့်ခါးနဲ့ပေါင်တံ တလျှောက်ပြေးလွှားနေသည်။ ကိုယ်သည်သူ့မေးရိုးလှလှကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ကာ လှိုက်မောနေမှူတွေက Jeon နဲ့ထပ်တူစွာ Jeonကို မူးမူးမေ့မေ့နမ်းနေမိသည်။
Jeon သည် ကိုယ်ပေါင်တံနှစ်ဖက်ကို ပင့်မကာ မတ်တပ်ထရပ်တော့ သူ့လည်ပင်းကိုအမြန်ဖက်ထားလိုက်ရသည်။ ကိုယ့်ကို ခွလျှက်သားချီထားသော Jeon ၏ခြေလှမ်းတို့သည် ကိုယ့်အိပ်ရာသို့ဦးတည်လျှက်။
ရှည်လျားဦးမည့် ညတစ်ညပင်။

....................................
မနက် ၈နာရီထိုးနေပြီ။
ဆိုင်သွားဖို့ထရမှာပေမယ့်ထလို့မရ။ Jeon သည် ကိုယ့်ရင်ဘတ်ပေါ်ခေါင်းတင်ထားပြီး ခါးကိုဖက်ကာ ကိုယ့်ပေါ်ကိုယ်တပိုင်းမှောက်ပြီး အိပ်ပျော်နေသောကြောင့်။
နှိုးရတော့မည်မတက်နိုင်။
သူ့ခေါင်းလေးကိုဖက်ထားပေးရာကနေ ဆံပင်တွေကြား ကိုယ့်လက်ချောင်းတွေနဲ့ထိုးဖွလိုက်သည်။
"Jeon....ခဏထပေးပါလား Jiu ဆိုင်သွားရမယ် ပြီးမှပြန်အိပ်လေ"
နှိုးလိုက်ကာမှ ပိုတိုးဖက်လာတဲ့ Jeon က ကလေးလို။
"ခဏလေးထပ်အိပ်လေ လိုက်ပို့မယ်"
ကိုယ့်ရင်ဘတ်ကိုခေါင်းအုံးအိပ်နေဆဲ Jeon က မျက်စိမဖွင့်ပဲ အိပ်မှုန်စုတ်ဖွားသံလေးနဲ့ပြောသည်။
"ဟင်?"
ကိုယ်ကြောင်သွားမိတယ်။
"ညကလည်းပင်ပန်းထားတာကို နည်းနည်းထပ်အိပ်ဦးလို့"
"မနက်စာချက်ပေးမယ်လေ လိုက်ပို့မယ်ဆိုလဲ မနက်စာတော့ စားသွားရမှာပေါ့"
"မချက်နဲ့တော့ ပင်ပန်းတယ် လမ်းမှာဝယ်ကျွေးမယ်"
ပြောမရတော့တဲ့အဆုံး ကိုယ်လည်း သူ့သဘောကျ ခဏလေးထပ်မှိန်းနေဖို့ သဘောတူလိုက်သည်။
"ခုနကလို ထပ်ပွတ်ပေး"
"ဟင်" အိပ်ချင်မူတူး Jeonကြောင့်ကိုယ်မှာ တ ဟင် ဟင် နဲ့။
"ခေါင်းကို...ခုနကလိုပွတ်ပေးလို့"
ချစ်ဖို့ကောင်းတဲ့တောင်းဆိုမှုလေးရယ်ပေါ့။ သူ့သဘောကျ သူ့ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးရင်း။
သူ့ကမ္ဘာထဲမှာ နောက်ထပ်နာရီဝက်။

...................................
#tbc

- J E O N -Where stories live. Discover now