Seven

86 13 8
                                    

ဆိုင်အပြန် အိမ်တံခါးကိုဖွင့်ဝင်လိုက်တဲ့အခါ ဧည်ခန်းဆိုဖာမှာထိုင်နေတဲ့ Jeon ကို မြင်လိုက်ရသည်။
ကိုယ်သည် ကျိုးပဲ့ဆဲ ကျိုးပဲ့လက်စ စိတ်အစဉ်ကို စုစည်းကာ အိမ်ထဲသို့လှမ်းဝင်လိုက်တယ်။
သူ့ကိုဆွဲမထားချင်ပါ Jeon ကိုယ်တိုင်ကိုယ့်ကို လိုလိုလားလား လိုအပ်မှူမျိုးကိုပဲလိုချင်မိတာ။ ကိုယ့်စိတ်တွေ Jeon အပေါ်မကုန်သွားခင်အထိ Jeon အပေါ်တက်နိုင်သလောက်ရှိနေပေးချင်သည်။
"ညနေစာ ချက်ကျွေး"
တင်တင်စီးစီးထိုအမျိုးသားရဲ့စကားကြောင့် ကိုယ်သက်ပြင်းမောကိုရှိုက်ထုတ်လိုက်ပြီး...
"ချက်စရာဘာမှမရှိဘူး Jeon....အိမ်မှာချက်မစားဖြစ်တာကြာပြီ"
"အော် ပြီးရောလေ"
အေးတိအေးစက်တုန့်ပြန်တဲ့သူကဘာမှမဖြစ်တဲ့ပုံပေမယ့် ကိုယ်ကတော့ ဘာမှမစားရသေးဘူးလား၊ ဗိုက်များအတော်ဆာနေမလား ဆိုတဲ့စိုးရိမ်စိတ်တွေလွှမ်းခြုံသွားရတယ်။
"ဟို...ခေါက်ဆွဲတော့ရှိတယ်...စားမလား"
ခေါင်းညိမ့်ပြတာကြောင့် ကိုယ်လဲခေါက်ဆွဲပြုတ်ဖို့အမြန်ပြင်ဆင်လိုက်ရတယ်။
ခေါက်ဆွဲပြုတ်နူးဖို့ အိုးကိုအဖုံးလေးအုပ်ကာ ခဏစောင့်နေတုန်း ခါးပေါ်ရစ်သိုင်းလာတဲ့ Jeonလက်တွေ။
ကိုယ့်ပုခုံးနဲ့လည်ပင်းကြားမှာ မျက်နှာအပ်ကာ ခပ်တင်းတင်းဖက်ထားတဲ့ Jeon ရင်ခွင်က ခပ်နွေးနွေး။ ကိုယ်လည်းအဲ့တိုင်းလေး ခဏငြိမ်နေလိုက်ပြီးမှ....
"Jeon ခေါက်ဆွဲနူးပြီ...ပန်းကန်ထဲလှယ်ထည့်ရင် အပူလောင်မှာစိုးလို့ ထမင်းစားပွဲမှာသွားစောင့်ပါလား"
"အင်း"

ခေါက်ဆွဲပြုတ်ကိုငုံ့စားနေတဲ့ Jeon ကိုကြည့်ကာ ကိုယ့်ခေါက်ဆွဲတောင်ကိုယ်သေချာမစားဖြစ်။
"ဟိုနေ့ကဘယ်သူလဲ ရည်းစားလား"
ထိုမေးခွန်းကိုမေးလာတဲ့ Jeon မျက်လုံးတွေကအေးစက်စက်။ မဖြေချင်ပါ။ ကိုယ်တောင်သူ့ပတ်သက်မှူတွေအပေါ် တစ်ခါတစ်ခွန်းမှမေးခွန်းမထုတ်ခဲ့ဘူးပါ။ ကိုယ့်ကိုလည်း Jeon သည် ထိုမေးခွန်းမျိုးတွေမေးရလောက်တဲ့ပတ်သက်မှူမျိုးအထိတစ်ခါမှသတ်မှတ်ပေးဖူးခြင်းမရှိခဲ့ပါပဲနဲ့။
"ဘာလို့လဲ Jeon"
ကိုယ်Jeonဆီကအကြောင်းပြချက်ကိုလိုချင်သည်။ သူ့ဘက်က တစ်ခုခုကိုလေးလေးနက်နက်သိချင်လို့မေးတာဆို ကိုယ်ဟာ YeonJun နဲ့ပတ်သက်မှူကို တစ်ညလုံးရှင်းပြဆိုလည်း Jeonကျေနပ်တဲ့အထိကိုယ်ရှင်းပြမည်။
"မေးကြည့်တာ ဒီတိုင်း"
သူဟာမပြောင်းလဲအေးစက်စက်။
"အင်း"
ကိုယ်ခေါင်းညိမ့်ပြီးခေါက်ဆွဲတစ်လုပ်ပါးစပ်ထဲထည့်လိုက်သည်။
ပြီးနောက် အိမ်လေးဟာပြန်တိတ်ဆိတ်သွားပြန်သည်။
စားသောက်ပြီးနောက်ကိုယ်ဟာ ကိုယ်လက်သန့်စင်
မျက်နှာသစ်ဖို့ရေချိုးခန်းထဲသို့ဝင်ခဲ့သည်။
ပြန်ထွက်လာတဲ့အခါ Jeon ဟာ မရှိတော့....။

- J E O N -Where stories live. Discover now