ကနဦးတုန်းက မိုင်လာဘယ်လာသည် ဆူပုတ်နေသော်လည်း ပါတီစသည်နှင့် အယ်လီနာနှင့်အတူ ပျော်ရွှင်ခံစားနေခဲ့သည်။ သူ(မ)တို့ ရောက်မလာခင်အထိ ၎င်းတို့နှစ်ဦး ပန်းခြံ၏ထောင့်စွန်း၌ ထိုင်ရလိမ့်မည်ဟု မသိခဲ့ပေ။ သူ(မ)သည် အရင်က လူမှုရေးပွဲများ၌ ပေါ်လာလေ့မရှိသလို ပါတီတက်ရောက်ခြင်း၌လည်း အတွေ့အကြုံမရှိခဲ့သောကြောင့် အယ်လီနာက ပွဲကျင်းပသူကို ပါတီတက်ရောက်မည့်အရေအတွက် ပြောင်းလဲသွားကြောင်း သတိပေးခဲ့သလားကိုလည်း မသိခဲ့ချေ။
သို့သော်လည်း ပွဲကျင်းပသူနှင့် ဝေးရာမှာထိုင်ရသည်က မည်သည်ကိုဆိုလိုကြောင်း မသိရလောက်သည့်အထိ မတုံးအပေ။ သူ(မ)က ဟယ်လင်၏နှာခေါင်းအား ချေမွပစ်မည်ဟူသောရည်ရွယ်ချက်နှင့် တက်ရောက်လာခဲ့သော်လည်း နေရာထိုင်ခင်းကြောင့် သူ(မ) ဆူပုတ်နေခဲ့၏။
အယ်လီနာက အဘယ့်ကြောင့် ဤနေရာမှာထိုင်ရကြောင်း ရှင်းပြလိုက်တော့မှ မိုင်ယာဘယ်လာ နားလည်သွားခဲ့သည်။ သူ(မ)သည် အရင်က ယခုလိုလူအများကြီးနှင့် တစ်ခါမှမနေဖူးရာ အယ်လီနာနှင့်အတူထိုင်ပြီး စကားစမြည်ပြောနေရတာကို ပျော်ရွှင်လာခဲ့သည်။ အယ်လီနာက မိုင်ယာဘယ်လာပြုလုပ်ပေးထားသောဝတ်စုံဖြင့် အထူးကြည့်ကောင်းနေပြီး အခြားသော အမျိုးသမီးများနှင့် လူကြီးလူကောင်းများကလည်း ဝတ်စုံအပြည့် ဝတ်ဆင်ထားကြသည်ကို မြင်တွေ့ရသည်အား ပျော်ရွှင်နေတော့၏။
ကနဦးတုန်းက မိုင်ယာဘယ်လာသည် ဟယ်လင်အား မည်သို့လက်စားချေရမလဲကိုသာ အာရုံစိုက်နေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ယနေ့တက်ရောက်လာကြသောလူများက အယ်လီနာနှင့် ဟယ်လင်တို့ကြား မည်သူကပိုပြီးလှပကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရမည်ဟု ယုံကြည်သောကြောင့် စိတ်အေးလက်အေးဖြစ်သွား၏။
မိုင်ယာဘယ်လာက စားပွဲပေါ်မှ ချောကလက်များပြည့်နှက်နေသော ကွတ်ကီးတစ်ခုကို တစ်ကိုက်ကိုက်လိုက်၏။
"ဝိုး၊ ဒါက အရသာရှိလိုက်တာ။"
"ဟုတ်လား။"
"အွန်း၊ ပြန်ရောက်ရင် ညီမလေးတို့ရဲ့စားဖိုမှူးကို ဒီလိုကွတ်ကီးတွေ လုပ်ခိုင်းရမယ်။"
DU LIEST GERADE
ပြန်လည်မွေးဖွားလာသော အမျိုးသမီးသူရဲကောင်း
Romantikအယ်လီနာ - သူ(မ)မိသားစုအတွက် လက်စားချေဖို့ သူ(မ)ရဲ့တစ်ဘဝလုံး သွေးအေးသည့်အမျိုးသမီးသူရဲကောင်းအဖြစ် ဖြတ်သန်းလာခဲ့ရာမှ လက်စားမချေရသေးခင် သေခြင်းတရားနှင့် အဆုံးသတ်ခဲ့ရ၏။ သူ(မ) မျက်လုံးဖွင့်ကြည့်လိုက်ရာ အတိတ်ကို ပြန်လည်ရောက်ရှိနေကြောင်း တွေ့လိုက်ရပေသည်။ န...