"ဟ... ဟာ့... ဟား..."
သူ(မ) အသက်ရှူလို့မဝတော့ပေ။ သူ(မ)၏အသက်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားတော့မည်ဟု ခံစားနေရသည်။
သို့သော် သူ(မ) လက်မလျှော့လိုက်နိုင်။ ယခုလို အဆုံးသတ်လို့မရချေ။ သူ(မ) ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး သူ(မ)၏ခန္ဓာကိုယ်ကို ပြန်ထဖို့အတွက် သူ(မ)၏ဓားဖြင့်ထောက်ကာ အားယူနေရ၏။ ကျေးဇူးပြုပြီး နည်းနည်းလောက်ပါပဲ...
သူ(မ)အဖေနှင့် အစ်ကိုဖြစ်သူတို့ကို သတ်သွားပြီး သူတို့၏အလောင်းများကို နံရံပေါ်မှာ ချိတ်ဆွဲခဲ့သည့်ထိုလူက သူ(မ)၏မျက်စိရှေ့မှာ ရပ်နေ၏။ ဒါပဲလားဆိုတော့ မကသေးပေ။ ထိုလူ့ကြောင့် ငှက်ကလေးလို နုနယ်ကာ ချစ်စရာကောင်းလှသော သူ(မ)၏ညီမလေးကလည်း အကြမ်းဖက်ခံခဲ့ရပြီး ဝမ်းနည်းကြေကွဲဖွယ်ကောင်းစွာ သေဆုံးခဲ့ရလေသည်။
သူ(မ)၏ကိုယ်ပိုင်လက်နှင့် ရန်သူ၏လည်ပင်းကိုဖြတ်ပစ်နိုင်ဖို့ ယခုအခိုက်အတန့်အတွက် ငရဲနှင့်တူသောသက်ရှိလောကကြီးမှာ တစ်ယောက်တည်း ကြံ့ကြံ့ခံရပ်တည်ခဲ့ရသည်။
သို့သော်လည်း... ပန်းတိုင်က မျက်စိရှေ့မှာရှိနေတာတောင် သူ(မ)၏ဓားကိုဆုပ်ကိုင်ဖို့တောင် အင်အားမရှိတော့ချေ။ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး!
သေခြင်းတရားကို သူ(မ)မကြောက်ပေမဲ့ ထိုလူ့ကိုပါ သူ(မ)နှင့်အတူ ငရဲကိုဆွဲခေါ်သွားနိုင်ဖို့ မျှော်လင့်နေမိသည်။ ရှိသမျှအားတို့နှင့် သူ(မ)၏ဓားကို ကိုင်မြှောက်ဖို့ကြိုးစားနေစဥ် သူ(မ)ဆီကိုလာနေသော ခြေသံသဲ့သဲ့နှင့် လေထုထဲက အေးစက်နေသောလေသံတစ်သံကို ကြားလိုက်ရ၏။
"... မင်းလိုခွေးမတစ်ကောင်က ဒီအထိရောက်လာအောင် ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။"
ခြေသံများက သူ(မ)နားရောက်သည်အထိ ရပ်တန့်မသွားခဲ့ချေ။ သူ(မ) မသိလိုက်ခင်မှာပဲ သန်မာသောခြေထောက်နှစ်ဖက်က သူ(မ)၏မြင်ကွင်းရှေ့မှာ ပေါ်ပေါက်လာ၏။ ဦးခေါင်းကိုမော့ကြည့်ရန် ကြိုးစားရုန်းကန်ခဲ့ပြီးနောက် သူ၏အရပ်ရှည်ရှည်ပုံရိပ်ကို သူ(မ)၏မှေးမှိန်နေသောအမြင်အာရုံထဲမှာ မြင်တွေ့လိုက်ရသည်။
![](https://img.wattpad.com/cover/375268909-288-k356123.jpg)
ŞİMDİ OKUDUĞUN
ပြန်လည်မွေးဖွားလာသော အမျိုးသမီးသူရဲကောင်း
Romantizmအယ်လီနာ - သူ(မ)မိသားစုအတွက် လက်စားချေဖို့ သူ(မ)ရဲ့တစ်ဘဝလုံး သွေးအေးသည့်အမျိုးသမီးသူရဲကောင်းအဖြစ် ဖြတ်သန်းလာခဲ့ရာမှ လက်စားမချေရသေးခင် သေခြင်းတရားနှင့် အဆုံးသတ်ခဲ့ရ၏။ သူ(မ) မျက်လုံးဖွင့်ကြည့်လိုက်ရာ အတိတ်ကို ပြန်လည်ရောက်ရှိနေကြောင်း တွေ့လိုက်ရပေသည်။ န...