"မောင်က ဘယ်လိုကျေးဇူးဆပ်ရမှာလဲ ပိုးရဲ့"
ထူးဆန်းလို့မေးလိုက်ကာမှ ပိုလို့ထူးဆန်းသည့်စကား ပြောလာတာကြောင့် မောင်တစ်ယောက်မျက်လုံးပြူးသွားရလေသည်။
"အင်း... ဘယ်လိုကျေးဇူးဆပ်ရမလဲဆိုတော့
ဒီည မောင့်လက်မောင်းပေါ်မှာ ပိုး အိပ်ချင်တယ်""ဘယ်လို"
အံ့သြနေတဲ့ မောင့်ကို ပိုးပြုံးစိစိလုပ်ကာ ကြည့်နေပြန်သည်။
ဟုတ်ပါသည်။ ဘာအကြောင်းကြောင့်မှန်းမသိပေမဲ့ အေးတိအေးစက်လုပ်နေတဲ့ ထိုရေခဲတုံးကို ပိုးဘက်ကမှ မစလျှင် ဇာတ်လမ်းဖြစ်မည်မဟုတ်တော့တာကြောင့် ပိုးဘက်က စမှရတော့မည်။
"ပေးမအိပ်ချင်လဲရပါတယ်
ပိုးက အတင်းကြီး မတောင်းဆိုပါဘူးနော်""အဲ့...
အဲ့လိုမဟုတ်ပါဘူး အိပ်လို့ရပါတယ်
မောင်က...
မောင်က... ပိုးအဲ့လိုတောင်းဆိုမယ် မထင်ထားဘူးလေ
အံ့သြသွားလို့ပါ"ပိုးဘက်က တကယ့်ကို အတည်ပေါက်မို့ မောင်အိပ်ယာထက်မှာနေရာယူလိုက်တာနဲ့ မောင့်လက်ကိုဆွဲကာ ခေါင်းအုံးဖို့အသင့်လုပ်လိုက်သည်။
နောက် သူမရဲ့ဆံနွယ်တို့ကို တစ်ဖက်ပုခုံးပေါ်မှာ စုသိမ်းလိုက်ပြီး
မောင့်လက်မောင်းပေါ် နေရာယူလိုက်သည်။ မောင်တစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမည်မသိ မျက်လုံးကလယ်ကလယ်နဲ့သာပြန်ကြည့်နိုင်သည်။ပိုးက မောင့်လက်မောင်းကို အပိုင်သိမ်းရုံတင်မဟုတ်ပါပဲ မောင့်ရဲ့ခါးလေးကိုပါ အပိုင်သိမ်းသည်။
မောင့်အဖြစ်က ရင်ခုန်လွန်းလို့ အသက်ပင် ပြည့်ပြည့်ဝဝမရှူရဲ။ သို့ပေမဲ့ ရင်ခုန်သံကတော့ ကျယ်လွန်းလို့ ပိုးအတိုင်းသားကြားနေရသည်။
"ပိုး မောင့်လက်မောင်းပေါ်အိပ်တော့ နေရခက်နေလို့လား"
"မ.. မခက်ပါဘူး"
"ပိုးက ဒီတိုင်းလေး မောင့်ရင်ခွင်ထဲ အိပ်ချင်လို့ပါ
မောင့်နားမှာနေရတာ လုံခြုံလို့လေ
မောင့်ရင်ခွင်ထဲမှာဆို ပိုနွေးနေမလားလို့"

YOU ARE READING
အမုန်း၌တည်သောအချစ်
Romanceဘယ်လိုအန္တရာယ်တွေ ကျရောက်ပါစေ မောင်က အသက်ပေးပြီး စောင့်ရှောက်မှာမို့ မောင့်နှလုံးသားထက်မှာ ပွင့်လန်းပါ မိန်းကလေး