Part.3

3.6K 643 55
                                    

ဂျွန်ဂျောင်ကုရဲ့ဆိုရှယ် Account ထဲ ဝင်ဝင်ကြည့်မိနေတာ
ဒါနဲ့ဆို အခေါက်တစ်ရာလောက်ရှိပြီ။ အခုချိန်ထိ ထယ်ယောင်း
ရည်ရွည်ချက်ပျောက်ဆုံးနေတုန်းပင်။ နောက်ဆုံးတင်ထား
တဲ့ Postမှာပွဲတစ်ခုရဲ့ ညစာစားပွဲ ဖြစ်ဟန်တူပြီး...တီရှပ် အနက်၊စတိုင်ပန် အနက်နဲ့လည်စီးကိုလျော့ရဲရဲစီးကာ၊ နာရီဝတ်
ထားသောလက်တစ်ဖက်တွင်လည်းဝိုင်ခွက်ကို စမတ်ကျကျကိုင်
ထားသေးသည်။ ကင်မရာဘက်ကိုကြည့်နေသောမျက်လုံးတွေက
​မြေခွေးတစ်ကောင်အလား။ ဆယ်ကျော်သက်ကောင်မလေး
တွေအတွက် ဒီဆွဲဆောင်မူ့ပြင်းအားကို မငြင်းနိုင်သလို၊လေး
ဆယ်ကျော်အဒေါ်ကြီးတွေလည်းမလွန်ဆန်နိုင်။မျက်စိတစ်မှိတ်
အတွင်းမှာပင် တိုးတိုးသွားတဲ့ Post reactတွေ၊conmentsတွေကလည်းနည်းတာမဟုတ်။ ထယ်ယောင်း
သည်တစ်ဖက်လူနောက်ဆုံးတင်ထားတဲ့ အဲ့postအားအသဲ
ပေးရကောင်းနိုးကောင်းနိုးနဲ့ချီတုံချတုံ။

ဂျွန်ဂျောင်ကုကမိမိPostအားတကူးတက ရှာကာ အသဲ react
လေးဝင်ပေးသွားသည်က ယုတ္တိမရှိ။ ဒီလောက်ထိ အလုပ်နဲ့လက်
မပြတ်တဲ့ထိပ်တန်းမင်းသားကြီးက သူများ Accကိုတကူးတက
ရှာပြီးreactsပေးသည်ထိ အားယားမနေ။ဖြစ်နိုင်ချေကတော့...သူတို့သရုပ်ဆောင်အများစုရဲ့Accကိုမာန်နေဂျာများက ဝင်ရောက်Postတင်ပေးခြင်း၊စီမံခန့်ခွဲ ခြင်းများပြုလုပ်တတ်သည်။ အသဲက ဂျွန်ဂျောင်ကုပေးတာမဟုတ်ဘဲမာန်နေဂျာဆိုတဲ့လူလည်းဖြစ်လောက်တယ်မလား။
တစ်ဖက်က ပြန်တွေးကြည့်ရင်လည်း ယင်းမာန်နေဂျာမှာ Acc
ပိုင်ရှင်မင်းသားခွင့်ပြုချက်မရဘဲ၊ ပုံလေးတစ်ပုံ၊ Post လေးတစ်
ခုတောင်Shareခွင့်မရှိ။ မင်းသားမသိအောင်တခြားလူကို
react လာပေးသည်းကလည်းမဖြစ်နိုင်။

ဆရာကင်မ်သည် သို့လောသို့လောနဲ့အတော့်ကိုဗျာများနေရှာသည်။စဥ်းစားရခက်လွန်းလို့ခေါင်းက ဆံပင်တွေဖြူသွားမလားပဲ။ပုံမှန် အကျင့်တိုင်းဆို ဘယ်မိတ်ဆွေရုပ်ရှင်သရုပ်ဆောင်
ရဲ့ postကိုမှအသဲ ဝင်မပေးတတ်။အချင်းချင်းတစ်မျိုးထင်မှာ
စိုးသည်ကြောင့်ရော၊ပရိသတ် အထင်လွဲမူ့များဖြစ်လာမည်ကို
ကြောက်သည်ကြောင့်ရော အတတ်နိုင်ဆုံးကင်းကင်းကွာကွာနေခဲ့
ပါ၏။ဂျွန်ဂျောင်ကုကျတော့မတူ...အသဲပေးပြန်လျှင်လည်း အခု
မှရိုးရာထဖောက်တယ်ဘာညာဆိုပြီး ဟားခံရဦးမယ်။ အသဲ
ပြန်မပေးပြန်လျှင်လည်း ဘဝင်မြင့်တယ်ဆိုပြီး ဂျွန်ဂျောင်ကု
ထင်သွားဦးမယ်။ ရူးချင်တာပဲ..ရူးချင်တော့တာပဲ။ရိုက်ကူးရေး
တောင်မစရသေးဘူး ပြသနာတွေကစပြီ။
ထယ်ယောင်းလေပူတစ်ချက်မှုတ်ထုတ်ကာ ခေါင်းနောက်လှန်
ချလိုက်သည်။ထယ်ယောင်းတို့ခေတ်တုန်းကဆိုအခုလို Fanservice ဆိုတဲ့အရာတွေသိပ်မထွန်းကားသေး။
ဇာတ်ကားတစ်ကား၊series တစ်ခုထွက်ပြီဆိုရင်ကြည့်ရူသူဦး
ရေများလာအောင် Entဘက်ကနေ စီစဥ်ပေးတဲ့  ပွဲလေးတွေ
ဟန်ပြသဘောမျိုးလိုက်တက်ပေးနေရုံ အဆင်ပြေ၏။ ပရိသတ်
ကလည်း မင်းသားနဲ့ မင်းသမီး သရုပ်ဆောင်နှစ်ယောက်ကြား
အနုပညာမောင်နှမ မိတ်ဆွေတွေလို့သာ လက်ခံအားပေးခဲ့ကျသည်။ဒီဘက်ခေတ်မှာတော့ နည်းပညာတွေထွန်းကားလာ
တာနဲ့အမျှ၊ ကမ္ဘာကြီးဆိုတာရွာတစ်ရွာလို ၊တစ်နိုင်ငံနဲ့တစ်နိုင်ငံ
ကူးလူးဆက်ဆံလာကျသည်။ နိုင်ငံသြဇာလွှမ်းမိုးလာအောင်..
စီးပွားရေး၊စစ်ရေး အဖက်ဖက်မှ အားပြိုင်လာကျသည်။ ထိုသို့
စီးပွားရေးထိုးဖောက်မူ့ထဲတွင်လည်း အနုပညာ ဖျော်ဖြေးရေး
ဆိုတာကြီးက အကြီးဆုံးအခန်းကဏ္ဍမှပါဝင်လာခဲ့၏။
ရုပ်ရှင်က လူမျိုးစုတစ်စုနဲ့တစ်စု၊နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ
စီးပွားရေးအရရော၊ယဥ်ကျေးမူ့အရရော၊ ဘာသာခံယူချက်အရ
ရောထိုးဖောက်ဖို့အကောင်းဆုံးလက်နက်မဟုတ်ပါလား။ဒါ့
ကြောင့်ထယ်ယောင်းတို့လို အနုပညာရှင်တွေက ရုပ်သံ
ရိုက်ကူးရေးတွေကျယ်ကျယ်ပြန့်ပြန့်ရိုက်ပြီး၊အရင်ကထက်
ပိုပြီးလူသိများလာကာ၊တစ်ကမ္ဘာလုံးပရိသတ်တွေဆီမှ
စောင့်ကြည့်ခြင်းခံလာရတော့သည်။ဇာတ်ကားတစ်ကားရဲ့အောင်မြင်ခြင်းပန်းတိုင်သည်လည်း ပြည်တွင်းတွင်သာရပ်မသွား။
တစ်ကမ္ဘာလုံးထိ ပေါက်ရောက်အောင်  Promotion ဆင်း၊service အသွယ်သွယ်ဖြင့် စည်းရုံးရေးဆင်းကျပါတော့သည်။
အဲ့ထဲမှာမှ Fanservieဆိုတဲ့ ဘာသာရပ်ကအဆိုးဆုံးပင်။သူများတွေတော့မသိ...ဆရာကင်မ်မှာရိုက်လာသမျှ
ဇာတ်ကောင်တွေနဲ့မြန်မြန်အသားကျဖို့လွယ်သော်လည်း၊လူ
ပတ်ဝန်းကျင်ကိုချဥ်းကပ်ဖို့ကျ သူ့အတွက်အင်မတန်ခက်ခဲ၏။မေးထူးခေါ်ပြောကလွဲ ဘာအပိုတွေမှသိပ်မလုပ်တတ် တဲ့
ထယ်ယောင်းမှာ အများရှေ့ဖျော်ဖြေရေးပိုင်းတွင်တော့ အတော့်
ကိုခက်ခဲသည်။ ပြောရမယ်ဆို တစ်ဖက်ပါတနာနဲ့အတိုင်အဖောက်
မညီ အသားမကျခြင်းပင်။ဒါ့ကြောင့်Fanserviceဆို တဲ့ဘာသာရပ်တွင်တော့ ဆရာကင်မ်က အမှတ်ရဖို့နေနေသာသာ အနှုတ်လက္ခဏာတောင်ပြနေပါသေးသည်။သို့သော်...သူ့ကိုချစ်တဲ့ပရိသတ်တွေကတော့အကောင်းမြင်ရော့ထင်။ဒီလောက်လူမူ့
ဆက်ဆံရေးညံဖျင်းနေတဲ့သူ့ကို မာနမင်းသားလေး
ဆိုပြီးချစ်စနိုးခေါ်ဝေါ်သုံးနှုန်းကျသေး၏။

SweetWhere stories live. Discover now