ဒီနောက်ပိုင်း ရိုက်ကူးရေးတိုင်းထယ်ယောင်းနဲ့ဂျောင်ကုတစ်ပူးတွဲ
တွဲ မြင်ရသည်ကားရှားသထက်ရှားလာခဲ့သည်။ နှစ်ယောက်သား
အလုပ်ကြောင်း၊ဇာတ်လမ်းသဘောသဘာဝအကြောင်းဆွေးနွေး
သည်မှအပသီးသန့်စကားပြောခဲလာသည်။အချင်းချင်းဟက်ဟက်ပက်ပက်လည်းသိပ်မရှိလှ။မင်းသားနှစ်ယောက်ကြား
ရှိကောင်းမွန်သော ဆက်ဆံရေးမှာ၊ အဘယ်ကြောင့်ထိုသို့ပြောင်း
လဲသွားသည်ကိုလည်း ဒါရိုက်တာလီမှာနားမလည်နိုင်။သူ့အတွက်..အရေးကြီးဆုံးက ဒီမင်းသားနှစ်လက်လုံးရိုက်ကူးရေး
တွင်ကောင်းကောင်းပူးပေါင်းပေးနိုင်ရင် တော်ပြီ။အားရင်အားသလို၊ အဆင်ပြေရင်ပြေသလိုလေးBehind the sencesအတွက်လည်းကြိုးစားရိုက်ကူးနေဆဲပင်။သရုပ်ဆောင်ခြင်းအတတ်တွင်မှော်ကဝေဘုရင်တစ်ပါးလို့
အသိအမှတ်ပြုခံထားရတဲ့ ဂျွန်ဂျောင်ကုအရည်အသွေးသည်လည်း
အထင်ကြီးစရာ။ဇာတ်လမ်းထဲတွင်သာမက btsအထိပါ ချစ်ရည်
ရွှန်းလဲ့သည့်မျက်ဝန်းများဖြင့်၊ထယ်ယောင်းအားတမေ့မူးမူးစိုက်ကြည့်ငေးနေတတ်သည်။ ထိုသို့ စိုက်ကြည့်ခံရတိုင်း ထယ်ယောင်းရင်ဟာအဆမတန်ခုန်လာခဲ့ပြီး ဘာလုပ်ရဘာကိုင်ရမှန်းမသိ ယောင်ဝါးဝါးတွေဖြစ်ကုန်ရပြန်သည်။ကျက်ထားတဲ့ဒိုင်ယာလော့တွေမေ့ကုန်သည်။ထိုမျက်လုံးတွေရဲ့ဆွဲဆောင်ညိူ့ယူမူ့အောက်ရုန်းထွက်နိုင်စွမ်းမရှိခဲ့ပါလေ။တစ်ဖက်မှာလည်း သူသရုပ်ဆောင်နေရတဲ့ ဇာတ်ကောင်ရဲ့လွှမ်း
မိုးချုပ်ကိုင်လိုမူ့ဖိအားကိုထယ်ယောင်း ရင်ဆိုင်နေရပြန်သည်။
တစ်ရက် နှစ်ဆယ့်လေးနာရီ တွင်ဆယ့်ခြောက်နာရီလောက်က
Kim TaeTaeဖြစ်မှန်းမသိဖြစ်နေခဲ့ရသည်။Kim TaeTae
ဇာတ်ရုပ်နဲ့တူအောင် ဝိတ်ချ၊ အလှလေးပြင်ပြီးမျက်မှန်ကောက်တပ်လိုက်ရုံနဲ့မပြီး။အဲ့ဇာတ်ကောင်ရဲ့ ခံစားချက်၊ဝေဒနါ၊နာကျည်းချက်၊ပျော်ရွှင်မူ့အားလုံးကိုရင်ထဲ အပြွတ်အသိပ်ထည့်ထားရသည်။
Kim TaeTae... Jeonအပေါ်ချစ်သည့်အချစ်မျိုးကလေး
နက်သိပ်သည်းလွန်းသည်။ချစ်တယ်ဆိုတဲ့ခေါင်းစဥ်အောက်ဘယ်
လောက်ပဲ နှိပ်စက်နှိပ်စက်၊ ပြုံးကာသည်းခံနေတတ်တဲ့လူမျိုး။
Kim TaeTae..Jeon ကို ချစ်သလောက်၊သူက လည်း တစ်ဖက်တွဲဖက် ဂျွန်ဂျောင်ကုကို ချစ်ဖို့ကြိုးစားရသည်။နားလည်သည်းခံခွင့်လွှတ်ပေးနိုင်တဲ့ မျက်ဝန်းတွေ၊အကြည့်တွေနဲ့ ဇာတ်
လမ်းဇာတ်ကွက်တိုင်းကို အမြင့်ဆုံးရောက်တဲ့အထိခေါ်သွားပေး
နိုင်ခဲ့သည်။