နေဆီမှအလင်းတန်းလက်တံရှည်များသည် ကမ္ဘာကြီးပေါ်
ဖိတ်စင်ကျလာပြန်သည်။ နွေးထွေးသော နေရောင်ခြည်နဲ့အတူ၊
သန့်ရှင်းလတ်ဆတ်သောလေပြေလေညှင်း၊နှင်းဆီရနံသင်းသင်း..
ကျောအောက်ဆီက နူးညံအိစက်တဲ့ အထိအတွေ့..ဒီလိုကောင်း
မွန်ပြည့်စုံတဲ့ ဆွဲဆောင်မူ့အာရုံတွေကြောင့် ထယ်ယောင်းအိပ်ရာ
ပေါ်ကတောင်မထချင်။ ခေါင်းတစ်ခုလုံးမူးနောက်ထုံရီနေတဲ့အပြင်
မျက်ခွံတွေလေးလံကာ မဖွင့်ချင်ဖွင့်ချင်ရယ်။မျက်စိမှိတ်မှေးနေရင်းနဲ့ပင်..မနေ့ညကအအကြောင်းအရာများကိုမှတ်ဥာဏ်ထဲကနေ မနည်းရှာဖွေတူးဖော်ကြည့်ရ၏။ သူ နောက်ဆုံးဘာလုပ်ခဲ့ပါလိမ့်။သြော်..မနေ့က ဂျွန်ဂျောင်ကု နဲ့ညစာအတူစားဖြစ်သည်။နှင်းဆိးပန်းနီနီးကြီးတစ်စီးကိုင်ကာထယ်ယောင်းအား ရင်းရင်းနှီးနှီး ဆီးကြိုနေတဲ့ ဂျောင်ကုအသွင်အပြင်လေးကိုအခုထိမမေ့။လူကြီးလူကောင်းဆန်ကာရည်မွန်လှသည်ဟု ထင်မြင်မိ၏။နောက်ပြီးစကားတွေအများကြီးပြော ဖြစ်ကာ ထမင်းလက်ဆုံစား၊အရက်အတူတူသောက်ကျသည်။ ထယ်ယောင်း..မှတ်ဥာဏ်တွေက ဒီနားလောက်တွင်တစ်နေ၏။သေချာထပ်ကာထပ်ကာပြန်စဥ်းစားမိတော့မှ..ညက ရေချိန်ကျော်ကာ မူးပြီးမှောက်သွားသည်ကို သွားသတိရမိတော့၏။
မိုးကြိုးစက်ကွင်းမိသူလိုပင် ထယ်ယောင်းဆံပင်မွှေးတွေထောင်
ထသွားရသည်။ အရက်နာကျနေရသည့်ကြား ဝုန်းကနဲဆိုအိပ်
ယာပေါ်က ကုန်းထကာစိမ်းသက်နေသော အခန်းအားလေ့လာ
အကဲခတ်မိလိုက်၏။ နေရောင်တိုးမဖောက်နိုင်တဲ့ မှန်တွေ၊
လိုက်ကာအဖြူစတွေ..ပရိဘောကအထားအသို၊အိမ်အပြင်
အဆင်...မြင်သမျှ အရာတိုင်းသူနဲ့ရင်းနှီးမနေ။ထယ်ယောင်း လွတ်ကနဲ ဘုရားတမိသွား၏။ ဒါ...မိမိအိမ်မဟုတ်
ဘူးဆိုတဲ့ အသိကြောင့် ပိုတုန်လှုပ်လာရသည်။ဟုတ်တယ်...ဒါထယ်ယောင်းအိမ်မဟုတ်ဘူး။ထယ်ယောင်းအိမ်မဟုတ်တော့
ဘယ်သူ့အိမ်လဲ။ ဂျွန်ဂျောင်ကုအိမ်လားဒါမှမဟုတ်၊ဂျောင်ကု
မာန်နေဂျာဆိုတဲ့လူရဲ့အိမ်လား။ဘယ်သူ့အိမ်ပဲ ဖြစ်ဖြစ် သူစိမ်း
တစ်ယောက်အိမ်မှာ မူးရူးပြီးတစ်ညလုံးအရှက်မရှိအိပ်ပျော်
သွားတာပဲလေ။ကလေးလည်းမဟုတ်၊အသက်သုံးဆယ်ကျော်
လူတစ်ယောက်ကမူးရူးကွဲ ပြဲ ပြီး အငယ်ကလေးတွေအိမ်လိုက်
အိပ်ရတယ်လို့။ထယ်ယောင်းတွေးလေရှက်လေ ဖြစ်ကာ မျက်နှာအို့အို့အစ်အစ်လေးနီမြန်းလာရပြန်သည်။ဝတ်ထားတဲ့အဝတ်စားတွေ ဖရိုဖရဲ ဗြဲလရမ်းကြီး၊ဟိုပေါ်သည်ပေါ်ဖြစ်မနေတာ
ပဲတော်သေး။အဲ့လိုဖြစ်လို့ကတော့ရေမရှိတဲ့ချောင်းမှာခေါင်း
ဖော်သေပစ်လိုက်မယ်။