ပထမနေ့ရူတင်ရိုက်ကွင်းက ဂျောင်ကုရဲ့ဖေးမ မူ့ကြောင့်အဆင်
ပြေပြေ ပြီးသွားခဲ့၏။ သူအရင်တွေးထင်ထားခဲ့သည့်အတိုင်းမင်း
သားကြီးတစ်လက်မဟုတ်ဘဲ ဂျူနီယာပေါက်စ မင်းသားသစ်လေး
တစ်လက်နဲ့သာရိုက်မယ်ဆိုရင် behind the sence ပြသနာကိုဘယ်လိုဖြေရှင်းမလဲ။ကိုယ်ကလည်း အဲ့ဘက်ပိုင်းမှာမကျွမ်းကျင်ယောင်းဝါးဝါး၊သူကလည်း မျက်နှာသစ်။ ရိုက်ကူးရေးဘက်ကျပြန်ရင်လည်း ဟန်အမူအယာကအစ ဒိုင်ယာလော့ လေယူ
လေသိမ်း၊ကင်မရာရူ့ထောင့်အဆုံး ၊ထယ်ယောင်းကသာအရှေ့ကနေခေါင်းခံပြီးအရာအားလုံးတွဲခေါ်သင်ပြရမည်သာ။ အဲ့ကျရင်ဒီထက်နှစ်ဆသုံးဆမက ထယ်ယောင်းပိုပင်ပန်းပါလိမ့်မည်။ဂျွန်ဂျောင်ကုလို ထ်ိပ်တန်းစာရင်းဝင်မင်းသားတစ်ယောက်နဲ့
တွဲရိုက်ရတာလည်းခပ်ဟုတ်ဟုတ်။ဘယ်နေရာပဲ ဖြစ်ဖြစ်ဦးဆောင်ကာအရင်အရှေ့ထွက်ရပ်သည်မို့ ထယ်ယောင်း အေးဆေး
အနောက်ကလိုက်ရုံသာ။ အိမ်ပြန်ရောက်သည်နှင့် ခဏတာ
အနားယူပြီး ရေချိုး၊အဝတ်အစားလဲ၊skincare ပြေးလုပ်
နဲ့အလုပ်ရှုပ်ရပြန်သည်။ ဝိတ်ထိန်းသည်မို့ညစာ မစားဖြစ်တော့။
အဲ့အစားအသီးဖျော်ရည်တစ်ခွက်သာ အရသာခံသောက်နေရင်း
ပျင်းရိပျင်းတွဲဖုန်းသုံးနေမိသည်။ ရိုက်ကူးရေးဆက်နေပြီဆိုရင်
သရုပ်ဆောင်များမှာတစ်နေကုန်မအားကျတော့။ညပိုင်းအချိန်လေးလောက်ပဲ လွတ်လွတ်လပ်လပ် ဖုန်းသုံးရပါတော့သည်။ပျင်းပျင်းရှိသည်နှင့် သူ့ဆိုရှယ်အကောင့်ပေါ် ဓာတ်ပုံတစ်ပုံလောက်တင်လိုက်ရင်ကောင်းမလား။ ဒါမှမဟုတ် ပရိသတ်တွေနဲ့စကားပြောဆက်
သွယ်ဖို့ Live လွှင့်ရင်ရော။ဟိုလိုလိုဒီလိုလို စဥ်းစားရကျပ်နေစဥ်..ဂျွန်ဂျောင်ကု အကောင့်မှ story တင်ထားပါကြောင်း noti လေးတောင်ကနဲတက်
လာခဲ့သည်။ ဘာရယ်မဟုတ်...အားနေသည်နှင့်ထယ်ယောင်းသည် လည်းဂျောင်ကု တင်ထားတဲ့ storyလေးကို ဝင်စပ်စုကြည့်မိ၏။ထမင်းဘူးလေးအားဓာတ်ပုံရိုက်ကာတင်ထားပြီး caption
က *ကောင်းကောင်းစားရဲ့လား*တဲ့။ဖုန်း screen ထက်ရွေ့
နေတဲ့ထယ်ယောင်းလက်လေးတွေတွန့်ကနဲ။ ဒါမနက်ကသူ့ကို
ပေးတဲ့ထမင်းဘူးကြီးလေ။အဲ့ထမင်ဘူးကြီးကို ဒီလိုcaption
နဲ့ မတင်သင့်ဘူးဆိုတာ ဂျွန်ဂျောင်ကုမသိသည်လည်းမဟုတ်။
တမျိုးတမည်တွေအထင်လွဲကုန်ရင် ဂျွန်ဂျောင်ကုအတွက်ပြသနာ
အကြီးကြီးတွေရှိလာနိုင်၏။
storyဝင်ကြည့်သွားတဲ့ ဂျွန်ဂျောင်ကုFanအများစုကတော့အသဲကွဲသွားသလိုပင်။ အသဲဝင်ပေးကာ Captions အမျိုးမျိုးနဲ့shareသွားကျသည်။ တစ်ယောက်ယောက်နဲ့ပတ်သတ်ပြီး
ပုဂ္ဂိုလ်ရေးခံစားချက်များကို ဂျွန်ဂျောင်ကု လိုင်းပေါ်တင်လေ့မရှိ။
ဒါက Official တရားဝင်ကြီးကို လုပ်ချသွားတာ။
အဲ့ ထမင်းဘူးက ဘယ်သူ့အတွက်လဲ။ဘယ်လောက်ထိ အရေး
ပါတဲ့လူမို့ ထမင်းဘူးကိုကိုယ်တိုင်ကိုယ်ကျပြင်ပေးရတာလည်း။
story ကောက်တင်ရတဲ့ အထိ နီးစပ်နေပြီပေါ့...စသည့်အကြောင်းအရာများသည် အွန်လိုင်းပေါ်တမဟုတ်ချင်းပျံနှံသွားတော့သည်။
အုတ်အော်သောင်းနင်းဖြစ်လာသည့် ဂျွန်ဂျောင်ကုဖန်အများစု
ကြောင့်ထယ်ယောင်းလက်ပိုက်ကြည့်မနေနိုင်တော့။ဒီ storyက
သူ့ကိုရည်စူးပြီးတင်တယ်ဆိုတာအသိသာကြီးလေ။ ဒါလည်း
series အတွက်Fan service တစ်ခုသာဖြစ်နေခဲ့ရင်ဘယ်
လိုတုံ့ပြန်သင့်လဲ။ ထယ်ယောင်းမှာ ညဘက်ကြီးဖုန်းပွတ်ကာဇော
ချွေးတွေပင်ပျံလာခဲ့ရ၏။
နောက်ဆုံးတွင်တော့ ထယ်ယောင်းဒီတိုင်းမနေသာတော့။သူက
ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာချကာ၊ဂျွန်ဂျောင်ကုရဲ့
story အားအသိအမှတ်ပြုရုံအသဲလေးဝင်ပေးခဲ့၏။ထို့နောက်
လုပ်သင့်လုပ်ထိုက်သည့်အတိုင်း သူ့ Acc ထဲအမြန်ပြန်ဝင်ကာ