Don't series ကို ဂျွန်ဂျောင်ကုလက်ခံလိုက်တာသိသိချင်းပင်..ကားထဲ ပါဝင်လာမဲ့သရုပ်ဆောင်တော်တော်များများက
ဖုန်းနဲ့တစ်မျိုး၊ SMSတစ်ဖုံ ပေးပို့ဆက်သွယ်ကာနှုတ်ဆက်ကျသည်။ ဂျွန်ဂျောင်ကုလိုထိပ်တန်းမင်းသားနဲ့အတူတူတကား
တည်းသရုပ်ဆောင်ရတာမပျော်ပဲ ဘယ်နေလိမ့်မတုန်း။ ဒီSeriesအောင်မြင်သွားရင် အဓိက သရုပ်ဆောင်တွေသာမက
ဇာတ်ပို့ဇာတ်ရံအဆုံး ပရိသတ်တွေရဲ့အာရုံစူးစိုက်မူ့ကိုရတော့မှာလေ။ဂျွန်ဂျောင်ကုနဲ့တွဲသရုပ်ဆောင်ခွင့်ရတာတစ်ကယ့် ကံကောင်းခြင်းလက်ဆောင်မွန်ပါပဲ။ဒီနေ့ရိုက်လက်စရုပ်ရှင်ကားကို အဆုံးသတ်ပြီးသည်နှင့်သူတို့အား
လုံးနှုတ်ဆက်ပါတီပွဲလုပ်ဖြစ်ကျသည်။ အခုတလောဆုပေးပွဲ
တွေရောကားရိုက်ကူးရေးတွေရော တောက်လျှောက်ဆက်နေသည်
မို့ ဂျောင်ကုပင်းပန်စပြုလာသည်။ဒါ့ကြောင့် နှုတ်ဆက်ပါတီပွဲကို
ဟန်ပြသဘောမျိုးတက်ရောက်ခဲ့ကာ မင်းသမီး ဂန်ယူဂျင်းအား
ဝတ်ကျေတန်းကျေနှုတ်ဆက်ပြီးပြန်လာခဲ့၏။ အပြန်လမ်းကား
ပေါ်မှာမာန်နေဂျာဝူကသူ့အလုပ်သူလုပ်လျှက်သာ။ပင်ပန်းနွမ်း
နေပုံရတဲ့ ဂျွန်ဂျောင်ကု စိတ်အပန်းဖြေရန်အတွက် ပေါ့ပ် ဂီတ
အေးအေးငြိမ့်ငြိမ့်လေးကို ကားဆရာကရွေးကာဖွင့်ပေးထားသည်။
ကားအရှိန်နှုန်းကလည်း မနှေးလွန်းမမြန်လွန်းပဲ သက်တောင့်သက်သာဖြစ်စေကာ ဂျောင်ကုအတွက်အတော့်ကိုအဆင်ပြေသည်။နောက်သုံးရက်လောက်နားပြီးသွားတာနှင့်၊သူ့စိတ်၊အနု
ပညာ ၊အချိန်အားလုံးကိုDon't series ထဲရင်းနှီးမြုပ်နှံရပါ
တော့မည်။ဇာတ်ညွှန်းဖတ်ကြည့်မိလောက်ကတော့ ..ဇာတ်ကောင်
နှစ်ခုလုံး မှာအချစ်ကြောင့်နာကျင်မူ့ကိုယ်စီနဲ့။အချင်းချင်းချစ်ကျ
ပေမဲ့ဝေးသွားလောက်စေထိ အကြောင်းအရင်းများလည်းရှိခဲ့ကျ
သည်။ ဇာတ်တစ်ခုလုံးအကောက်အကွေ့များစွာနဲ့ပြည့်နေပြီး
ချိုမလိုလိုနဲ့ခါးသက်ဟုထင်မြင်မိသည်။ အနမ်းခန်းတွေပေါပေါ
သီသီပါသလို လူကြီးဆန်ဆန်ကုတင်ခန်းတွေလည်းပါသည်။
သရုပ်ဆောင်ရမှာ ဆရာကင်မ်နဲ့...ဟုတ်တော့ဟုတ်နေပြီ။ဂျောင်ကုသည်စိတ်လှုပ်ရှားမူ့နဲ့အတူ မျက်လုံးကိုမှိတ်ချပစ်လိုက်သည်။ သူဆရာကင်မ်ရဲ့နန်းတွင်းကား၊အချစ်ဒရမ်မာကားတော်
တော်များများကိုကြည့်ဖူးပေမဲ့ တော်ရုံအတွင်းကျကျအနမ်းခန်း
မပါ။တစ်ခါတစ်လေကျ လူစားထိုးထားသလို နောက်စေ့ကြီးပဲ
မြင်ရတတ်တဲ့အခါမျိုလည်းရှိပြန်သေးသည်။ဆရာကင်မ် ကောင်းကောင်း နမ်းရောနမ်းတတ်ရဲ့လား။ ဂျောင်ကုကတော့ ဒီဘက်ခေတ် Hot dramaကားတော်တော်များကိုရိုက်ကူးဖူးသူမို့ အဲ့sence တွေကသူ့အတွက်သာမာန်ဇာတ်ဝင်ခန်းတစ်ခန်းထက်မပိုခဲ့။နောက် အပီအပြင်လည်းပုံစံမျိုးစုံနမ်းတတ်ပါသည်။ မင်းယွမ်တောင်ပေါ်တရားစခန်းတွင်တရားအားထုတ်နေသော တရားသမားကြီးနဲ့ကုတင်ပေါ်ဇာတ်ဝင်ခန်းတွေပါရိုက်ရမည့်
အကြောင်းတွေးကာမရယ်ပဲ မနေနိုင်တော့။ ဘယ်လောက်ပဲ အဲ့အခန်းတွေဆင်ဆာဖြတ်မယ်ပဲပြောပြော အနည်းအများတော့ပါမှာပဲ..ဆရာကင်မ်ရေ။