Part.14

4.9K 708 74
                                    

မစ္စဂျွန်တစ်ယောက် လေယာဥ်ကဆင်းဆင်းချင်းပင်သူ့သားအိမ်
ကိုတန်းလာခဲ့တော့၏။ သူတို့မိသားစု စီးပွားရေးအခြေတည်ရာ
ရပ်ဝေးနယ်ခြားတွင်သားလေးကမပျော်ပိုက်။ ဒီနိုင်ငံမှာ ကြီး၊
ဒီမြေမှာပဲ အရွယ်ရောက်ခဲ့သူမို့ထင်၊တစ်မိသားစုလုံး နိုင်ငံခြား
အပြီးပိုင်ပြောင်းရွှေ့ဖို့ပြောကျတုန်းက ဂျွန်ဂျောင်ကုကိုဘယ်လို
မှစကားခေါ်လို့မရ။ ဒီမှာနေကာ ကောလိပ်တက်ရင်းဝါသနာ
ပါရာသရုပ်ဆောင်အလုပ် ဆက်လုပ်မည်ဆိုသော​ကြောင့် မတတ်
နိုင်စွာထားရစ်ခဲ့ရ၏။ အဖေဖြစ်သူကလည်းသားဝါသနာပါရာကို
မြေတောင်မြှောက်ပေးဖို့အသင့်။ ဂျောင်ကုအဲ့လို ကိုယ့်ခြေထောက်
ပေါ်ကိုယ်ရပ်တည်နိုင်သည်ကိုပင်ကြံဖန်ဂုဏ်ယူရသေး၏။ဂုဏ်
ယူရလောက်အောင်လည်း ဂျောင်ကုက သရုပ်ဆောင်ဘက်ပိုင်း
မှာဆန်းပါသကိုး။ အသက်နှစ်ဆယ်ကျော်လေးနဲ့အနုပညာလော
ကမှာနေရာတစ်နေရာစိုက်ထူထားနိုင်သလို၊ဆုတွေလည်းပတ်သိမ်း
ထားတာမှတစ်ပုံကြီး။ ကံထတာလည်းပါပေမပေါ့။အမြဲတမ်းအလုပ်ရှုပ်နေသောသားဖြစ်သူကိုတွေ့ဖို့ မစ္စဂျွန်မှာသုံးလတစ်ခါ၊လေးလခြားတစ်ခါ အမိမြေသို့ပြန်ပြန်လာတတ်၏။ အခုလည်း သားကိုလွမ်းတဲ့စိတ်ဖြင့် အထုပ်ဆွဲပြီးရောက်ချလာပြန်သည်။မိမိအတွက်တာဝန်အပိုမဖြစ်စေချင်သည်ကြောင့်ဂျောင်ကုကိုလည်းဖုန်းဆက်လာမကြိုခိုင်းတော့။သားဘယ်မှာနေတယ်ဆိုတာကို သိ
နေပြီးသားဟာကို၊အဲ့ကိုပဲ Taxiဌားကာ လာလိုက်တော့သည်။

ဂျွန်ဂျောင်ကုအိမ်ရောက်တော့လည်း သိပြီးသားPassword
ကိုရိုက်ထည့်လိုက်သည်နှင့်တံခါးက ရှောရှောရူရူပွင့်သွားတော့သည် ။ ကျယ်ဝန်းသောဧည့်ခန်းထဲရှိစားပွဲပေါ်တွင်သောက်ထားစားထားတာတွေများဒီအတိုင်း မရှင်းမလင်း။ ပန်းကန်၊
ခွက်တွေ တို့လို့တန်းလန်း၊ပလို့ပက်လက်တွေလန်လို့။

"ဒီကောင်လေးက နေချင်သလိုနေနေတော့တာပဲ...ပန်းကန်တွေ
မဆေးနိုင်ဘူးဆိုရင်တောင်၊ ဘေစင်နားပုံထားလိုက်ရင်ပြီးတာပဲ
ဟာကို.."

အမှိုက်တွေအားလုံးကိုအိမ််သန့်ရှင်းရေးလုပ်ဖို့ငှားထားတဲ့အဒေါ်
ကြီးလာမှရှင်းပေလိမ့်မည်။ အဲ့အတွက် မစ္စဂျွန်မှာထိုသောက်
ထားစားထားသည့် ဘူးခွံပုလင်းများကိုမျက်ကွယ်ပြု လစ်လျူရူ့
ရင်း၊သူ့သားအခန်းဆီသို့တည့်တည့်မတ်မတ်ပင်တက်သွားပါတော့၏။ခပ်မြန်မြန်ပြေးတက်သွားသည်ကြောင့်လည်းဒေါင့်ဖိနပ်သံ တဒေါက်ဒေါက်ကိုပင်ပြတ်ပြတ်သားသားကြားရပါသေးသည်။
ပေါ့ပေါ့ဆဆအခန်းတံခါးကိုလည်းသော့မခတ်ဂျက်မချထား။စေ့ထားတဲ့တံခါးချပ်လေးအားတွန်းဖွင့်ဝင်လိုက်ရုံရှိသေး..
မစ္စဂျွန်တစ်ယောက် သွေးဆောင့်တက်ကာ မူးချင်ချင်ရူးချင်ချင်
ပါဖြစ်သွားတော့သည်။

SweetWhere stories live. Discover now