ဒါရိုက်တာဆီမှ Cutဆိုသည့်အသံကြားလိုက်သည်နှင့်၊ ထယ်ယောင်း သူ့အပေါ်ဖိနေတဲ့ဂျောင်ကုကိုယ်လုံးကြီးကိုတွန်းထုတ်ပစ်
လိုက်သည်။ အကြည့်တစ်ချက်သာပေးခဲ့သော်လည်း၊ထို
အကြည့်က ရွံရှာမူ့များ၊တစ်ဖက်သားအပေါ် အထင်သေးလိုမူ့
များပြည့်နေသည်ကို ထယ်ယောင်းမသိလိုက်။ ရိုက်ကွင်းအပြီး
တွဲဖက် ပါတနာ မင်းသားရော၊ဒါရိုက်တာကြီးကိုပါ နှုတ်မဆက်
ခဲ့။ အဲ့လုပ်ရပ်က အနည်းငယ်ရိုင်းသော်ငြား၊ထယ်ယောင်းမတတ်
နိုင်။သူက ဒီမွန်းကျပ်တဲ့လေထုနဲ့ဝေးရာပတ်ဝန်းကျင်ဆီ အပြေး
တစ်ပိုင်းခပ်သုပ်သုပ်ပင်ထွက်လာခဲ့တော့၏။ရိုက်ကွင်းနှင့်ဝေးရာထယ်ယောင်းခပ်မြန်မြန်ထွက်ပြေးလာခဲ့သည်။ ခုနတုန်းက ဇာတ်ကွက်ကြောင့်အရမ်းအထိမခံဖြစ်သွားတယ်ဆိုမလားပဲ။ ထယ်ယောင်းလည်း မင်းသားတစ်ယောက်ပါ။ အဲ့လိုလူကြီးအခန်းတွေ လိုက်ခံစားနေစရာမလိုဘူးဆိုတာကောင်းကောင်းနားလည်သဘောပေါက်ပါ၏။ ဒါပေမဲ့...သူမကြိုက်ဘူး။ ဂျွန်ဂျောင်ကုအနမ်းတွေကအရမ်းကိုသဘာဝဆန်ကာအားအင်အပြည့်နဲ့။ကျွမ်းကျွမ်းကျင်ကျင်နဲ့ တစ်ဖက်သားကိုဆွဲဆောင်နိုင်လွန်းသည်အထိစစ်မှန်လွန်းလှသည်။ ထို့အပြင် 18+ဇာတ်ခန်းကိုအမြင့်ဆုံး ထိရောက်အောင်တစ်ယောက်တည်းဆွဲခေါ်သွားတာများ..ထယ်ယောင်းတွေးရင်းနဲ့ပင် ပို ကျက်သီးထလာကာ၊ဂျောင်ကုအပေါ်ပိုပိုပြီးဒေါသထွက်လာရသည်။
အဲ့ဂျွန်ဂျောင်ကုဆိုတဲ့အကောင် မင်းသမီးဘယ်နှစ်ယောက်နဲ့များပွေ့ဖက်နမ်းရှုပ်ပြီးပြီလဲ။ဘယ်နှစ်ယောက်နဲ့များ အိပ်ယာပေါ် sencesတွေထဲ နက်နက်ရှိုင်းရှိုင်းသရုပ်ဆောင်ပြီးခဲ့ပြီလဲ။သူမဟုတ်တဲ့ အခြားတစ်ယောက်နဲ့အတူတွဲကာ ကုတင်ပေါ်သရုပ်ဆောင်မဲ့အခန်းတွေးကြည့်လိုက်ရုံဖြင့် ထယ်ယောင်းတစ်ကိုယ်လုံး ရှာလကာရည်အနံတွေမွှန်ကုန်တော့သည်။ဒီမကောင်း
တဲ့အကောင်ကတော့...."စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ဒေါသထွက်လိုက်တာ တအားပဲ"
နားနေခန်းထဲ ဘယ်သူ့မှမရှိ။မိတ်ကပ်လိမ်းခြယ်ပေးတဲ့သူ
တွေအကုန်ပြန်သွားနှင့်ပြီ။ကျန်တဲ့လူတစ်စုက လည်းအပေါ်ထပ် ရူတင်ရိုက်ကွင်းထဲမှာပဲရှိနေလောက်ဦးမှာ။ နားနေခန်းထဲဒေါကြီးမောကြီးဝင်လာတဲ့ထယ်ယောင်းမှာ စားပွဲခုံပေါ်ရှိသူ့လွယ်အိတ်အားဆတ်ကနဲ ဆွဲကောက်ယူလိုက်သည်။ထို့နောက်Bluetoothနားကျပ်အပါအဝင်၊တိုလီမိုလီ
ပစ္စည်းပစ္စယအားလုံးကိုလွယ်အိတ်ထဲပစ်ထည့်နေခိုက်၊ တံခါးဖွင့်သံကျွီကနဲကိုကြားလိုက်ရ၏။ပွင့်သွားသောနားနေခန်းတံခါးဆီမှ
ဂျောင်ကုသည်ခပ်မြန်မြန်အထဲသို့ဝင်လာခဲ့ပြီး၊ ထယ်ယောင်းကိုယ်
လေးအားမျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်တော့သည်။