ထယ်ယောင်းအခန်းထဲသို့ဝင်သွားသည်နှင့်အားလုံးရဲ့အကြည့်
တွေသူ့ဆီစုပြုံရောက်လာတော့သည်။ စားပွဲဝိုင်းရှည်ကြီးရဲ့ မျက်
နှာချင်းဆိုင်နေရာများတွင် ဒါရိုက်တာကြီးအပြင်စီးပွားရေပါတနာ
အချို့၊စက်ဘက်ပိုင်းဆိုင်ရာ အဖွဲ့အစုံအလင်ခုံအသီးသီးနဲ့နေရာယူပြီးဖြစ်သည်။ စားပွဲဝိုင်းထိပ်ဆုံးတွင်ထိုင်နေသောဂျွန်ဂျောင်ကုကထယ်ယောင်းအား မျက်လုံးတစ်ချက်ဝင့်ကြည့်ပြီးစာရွက်
များကိုသာတဖျပ်ဖျပ်လှန်နေတော့၏။နောက်ဆုံးမှာဝင်ခဲ့တဲ့ထယ်
ယောင်းသာလျှင်ကို့ရို့ကားယား။ ဒီလိုမှန်းသိရင်လူအများအာရုံစိုက်ခံရအောင်လို့နောက်ဆုံးမှမဝင်ပါဘူး။"အာလုံးမင်္ဂလာပါ..ဒါရိုက်တာကြီး မင်္ဂလာပါ"
ရိုသေတမူ့နဲ့ထယ်ယောင်းနှုတ်ဆက်စကားအဆုံးနောက်ထပ်
*မင်္ဂလာပါ*ဆိုတဲ့စကားတွေလေထုထဲလှိုင်းသဖွယ်ပျံလွင့်လာ
တော့သည်။စားပွဲထက် မိမိနာမည်ရေးထိုးထားသောနေရာအားရှာကာ ထယ်ယောင်းဝင်ထိုင်လိုက်သည်။ထယ်ယောင်းညာဘက်ဘေးတွင်ဂျွန်ဂျောင်ကုရှိနေသည်ကြောင့်ကျဥ်းကျဥ်ကျပ်ကျပ်နေမထိထိုင်မသာပင်ဖြစ်သွားရ၏။ ဂျောင်ကုကတော့သူ့ကိုမကြည့်။ စာချုပ်ပေါ်ရေးထားတဲ့စာလုံးတိုင်းကို သေချာအချိန်ပေးဖတ်ကြည့်နေစဲသာ။"ဆရာကင်မ်...ဒီနေ့အရမ်းလှတာပဲ"
ဒါရိုက်တာကြီးဆီကချီးမွမ်းထောပနာအသံကြောင့်ထယ်ယောင်း
ပြုံးလိုက်မိသည်။"ဒါရိုက်တာလီကတော မြှောက်နေပြန်ပြီ"
"မမြှောက်ရပါဘူးဗျာ၊ စိတ်ပျိုကိုယ်နုတယ်ဆိုတာ ဒါကိုရည်
ညွှန်းပြီးပြောတာဖြစ်ရမယ်။ ဆရာကင်မ်မှာ အိမ်ထောင်အပူအပင်
ရည်းစားအပူအပင်ဘာမှမရှိဘူး။နောက်ခံမိသားစုကလည်းကိုယ့်
အားကိုယ်ကိုးရပ်တည်နိုင်တယ်။ ငွေကြေး၊စီးပွားရေး၊အောင်မြင်
မူ့ ဒီလိုအစစအရာရာပြည့်စုံတဲ့လူကိုအားမကျရင်ဘယ်သူ့ကိုသွား
အားကျရမှာလဲ"ထယ်ယောင်း ရေသန့်ဘူးအားအဖုံးဖွင့်ကာတစ်ငုံသောက်လိုက်
သေးသည်။ ဒီလိုသူ့ကိုလူအများကြီးရှေ့ဂျောင်ကုနဲ့ယှဥ်ပြီး
အထင်မသေးရဲအောင်မြှောက်ပြောပေးသွားတဲ့ဒါရိုက်တာကြီး
ကိုလည်းစိတ်ထဲကပင်ကျေးဇူးတင်နေမိသည်။ဘယ်သူမဆို..ထိပ်တန်းမင်းသားနဲ့ရိုက်ရရင်အနည်းအများဖိအားရှိမှာပဲလေ။