နန်းစမ့်တောင် ပေါ်ရောက်သည်နှင့် ပိုမိုများပြားလာသောဘုရား
ဖူးဧည့်သည်များကိုတွေ့လိုက်ရသဖြင့်ဂျောင်ကုပိုအံသြ သွားသည်။
ငယ်စဥ်က မိဘအမျိုးတွေနဲ့အတူ ဘုရားကျောင်းခဏခဏရောက်
သော်လည်း၊တစ်ယောက်တည်း နေကာမှ ဘုရားမေ့ တရားမေ့။
ဘယ် ဘုန်းကြီးကျောင်းကိုမှ သွားရောက်အဓိဌာန်လည်ပတ်ခြင်း
မရှိတော့ပေ။မိုးလင်း မိုးချုပ် မပြီးနိုင်သောလောဘ၊မောဟဖြင့်
အောင်မြင်မူ့နောက်တစ်ကောက်ကောက်လိုက်ကာကိုယ့်ကိုကိုယ်
အေးချမ်း မူ့ရှာဖွေရန်ပင်မေ့လျှော့နေခဲ့သည်။ Sunbaeသာ
ခေါ်မလာခဲ့ရင် ဒီလိုနေရာမျိုးကိုရောက်လာဖြစ်ဦးမည်မဟုတ်ပါ။
ကင်မ်ထယ်ယောင်းဆိုတဲ့လူက နောင်အနာဂတ်သူ့ဘဝကိုပိုတည့်
မတ်အောင် လမ်းပြပေးနိုင်တဲ့အပြင်၊အေးချမ်း မွေ့လျှော်အောင်
လည်းပြုပြင်ပေးနိုင်သည်မှာ သေချာလွန်းသည်ကြောင့် ပိုလို့ပင်လက်မလွှတ်နိုင်။
ကျောင်းဆောင်ကြီးထဲ ဝင်လိုက်သည်နှင့် ဝါရွှေရွှေသင်္ဃန်းကို အပြည့်ခြုံရုံထားသော ဘုန်းတော်ကြီးများ၊ အမွှေးတိုင်ကိုယ်ဆီ ကိုင်
ကာ ဆုတောင်းဝတ်ပြုနေသော အရွယ်ပေါင်းစုံ လူပေါင်းစုံကို
တွေ့ရတော့သည်။ထိုအမွှေးနံတွေသည် ကျောင်းဆောင်ကြီးထဲ
တွင်မက၊ နန့်စမ်းတောင်တစ်ခုလုံးပင်း ဖုံးလွှမ်းသွားနိုင်စွမ်းရှိ၏။ရွှေရောင်ဝင်းဝင်းထနေသော ဘုရားဆင်းတုတော်ကြီး
မှာ အလွန်သပ္ပါယ်ကာ ကြည်ညိုစရာကောင်းလွန်းလှသည်။
အလွန် တက်ကြွတဲ့ချိုဂျီဝန်းမှာ သူတို့ရှေ့က ဘုရားဖူးလူတစ်စု
နဲ့ရောနှောကာ ဘုရားရှိခိုးပြီးသွားပြီ။ ထို့နောက် သူတို့နှစ်ယောက်
ပါဝင်သော လူစုအလှည့်ရောက်လာသည်။ Sunbaeက..
ဘုရားကျောင်းတွင်ကုသိုလ်အဖြစ်ပေးလှူသောအမွှေးတိုင်
တွေအား ယူချလာကာ ဂျောင်ကုနှင့်တကွ အခြား လူများကို
လိုက်ဝေဌသည်။ ဦးထုပ်ဆောင်း Mask တပ်ကာရုပ်ဖျက်
ထားသည်ကြောင့် ဘုရားကျောင်းအတွင်းရှိလူအုပ်ကြီးသည်
သူတို့နှစ်ယောက်ကို ရုပ်ရှင်မင်းသားတွေမှန်းမသိကျ။ သို့သော်..
ထို့သို့ရုပ်ဖျက်ထားသည့်တိုင် အားကောင်းသောအရှိန်အဝါ၊
ဆွဲဆောင်မူ့တစ်ခုက သူတို့နှစ်ယောက်လုံးကို လူအများက
သတိပြုလိုက်လံ မကြည့်ဘဲ လစ်လျူရူမနေနိုင်။ လမ်းလျှောက်
သည်အစ လက်တစ်ဖက်လွှဲလိုက်သည်အဆုံး စမတ်ကျကာ
လိုက်ဖက်ညီလွန်းလှသည်။
ဘုရားရှေ့ ဝတ်ပြုကာနီးမှ ခေါင်းပေါ်ဆောင်ထာသော..ဦးထုပ်
တွေကို ဖယ်ရှားကာရိုရိုသေသေ ရှိခိုးကျ၏။ အငွေ့တလူလူ
နဲ့မွှေးထုံသင်းနေသော အမွှေးတိုင်အား ဘုရားရှေ့အိုးတွင်စိုက်
ပြီးနောက် ဂျောင်ကု သည် ဤသို့ဆုတောင်းသမူ့ပြု၏။