အပိုင်း(၃)

1.2K 17 1
                                        

"ယွန်း ပြန်တော့ ဖို့လား?"
"အင်း ငါ့ကောင်လေး စောင့်နေပြီး"
ယွန်း ဆိုင်အပြင်ရောက်တော့
"ဟမ်...?"
(အဲ့ကောင်မလေးကဘယ်သူလဲ သူမအရပ်ကရှည်လိုက်တာ)
ဂျူလီယာမောင်က ပြင်သစ်နဲ့မြန်မာစပ်ထားတာမို့ အရပ်၅ပေ၈လောက် ရှိပြီး ကိုယ်လုံးကအမိုက်စား ဆံပင်ပုခုံးကျော်လောက်အရှည်ကိုမှ ပိုနီတေးစီးထားပြီး၊အပေါ်ရှပ်လက်ရှည် အဖြူ ကို မှ style pan အမဲ ကို ဒေါက်အမဲ ဝတ်ထားကာ စတိုင်ကျနေတဲ့ ဆရာဝန် မလေးပေါ့
အဲ့လိုစတိုင်နဲ့ချောမောလှပနေသူကို မြင်လိုက်ရတဲ့ယွန်းကတော့
(Wow!သူမ မျက်နှာက နိုင်ငံခြားသားနဲ့တူတယ် အရမ်းချောတာပဲ)
တွေးနေတုံးမှာပဲ ဂျူလီယာက အရိပ်ရဲ့လက်ကိုဆွဲကာ ကားဆီသို့ခေါ် သွာတာကိုမြင်လိုက်ရတဲ့ယွန်းက
(ဒီခွေးမက ဒီလိုအဆင့်အတန်းမြင့်တဲ့သူကိုဘယ်လိုလုပ်သိနေရတာလဲ ချီးးးးးပဲ)
(ကားကလဲ စျေးကြီးမယ့်ပုံပဲ သေစမ်း ဒီလိုလူမျိုးကို အဲ့ခွေးမသိဖို့ ထိုက်တန်လို့လား!!!)
ယွန်း ရဲ့ အရိပ်အပေါ် မနာလိုမှုနဲ့အပြိုင်မိုးကလဲ သည်းကြီးမည်းကြီးရွာနေလေရဲ့။
နောက်တစ်နေ့~~~~~~~~~~
ပုံမှန်အတိုင်း café ဆိုင်မှာ လူတွေ ရှိနေပြီး ပုံမှန်မဟုတ်တဲ့ယွန်းကတော့ အရိပ်လုပ်သမျှကိုင်သမျှကို စောင့်ကြည့်နေပါတယ်၊ အဲ့တာကိုမြင်တဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးမှ
"ယွန်း နင်ဘာတွေငေးနေတာလဲ?"
ထိုချိန် ဆရာဝန်မလေး ဂျူလီယာက သူ့ရဲ့အလုပ်က လူတွေနဲ့ café ဆိုင်ထဲကိုဝင်လာပါတော့တယ်။
"နေ့လည်စာစားပြီးရင် အချို တည်းးးရမှာပေါ့မဟုတ်ဘူးလား?"
"ဟုတ်တယ် ဒေါက်တာဂျူလီယာ ဝယ်တိုက်ဖို့လား?"
"ဝယ်တိုက်ပါ့မယ် ရှင် "
"အရမ်းစည်တာပဲ ဟိုမှာထိုင်ခုံ ရှိတယ်!"
(အိုး သူမပဲ )
မျက်လုံးလေးတွေ အရောင်တောက်လာသော ယွန်း
(ဘုရားရေ သူမက အရမ်းလှပြီး အရမ်းချောတာပဲ)
ဂျူလီယာတို့ ခုံနေရာယူပြီးနောက်စားစရာ မှာမလို့ လက်ကို မြှောက်ပြီး
"Waiter အော်ဒါ"
ဂျူလီယာ့အသံကြားတော့ အရိပ်က လှည့်ကြည့်ပြီး
"ဒေါက်တာ "
ခေါ်သံကြောင့် ပြုံးကာ အရိပ်ကို ကြည့်နေလေရဲ့
အရိပ်ကလဲ အော်ဒါကောက်ဖို့အသွား
"ဒေါက်တာ ဘာကိတ်စားဖို့လဲ? ah!"
ယွန်းက ကြားကနေ ဖြတ်ဝင်ကာပခုံးကိုတိုက်လိုက်သည်။
"ဘာလိုအပ်လဲရှင့်၊ တခုခုလိုလာရှင့် ?"
ယွန်းကြောင့် အရိပ် အနောက် ရောက်သွားတာကြောင့် ဂျူလီယာက အရိပ်ကိုကြည့်လိုက်တော့ အရိပ်မျက်နှာလေးက ညှိုးငယ် နေတာကိုတွေ့လိုက်ရလေသည်။
ထို့နောက် ဂျူလီယာက ယွန်းကို
"မင်း နာမည်ဘယ်လိုခေါ်လဲ?"
"ကျမနာမည်က ယွန်းသီရီကို ပါ "
"နာမည်ကောင်းလေးပဲ"
"မင်းက ဒီမှာအချိန်ပိုင်းလာလုပ်တာလား?"
"ဟုတ်ကဲ့ အချိန်ပိုင်းလာလုပ်တာပါ"
ယွန်းရေခွက်ကို လှမ်းပေးတော့ ဂျူလီယာက ယွန်းလက်ကို မသိမသာ ထိလိုက်လေသည်။
အဲ့တာကြောင့် ယွန်းရဲ့ရင်တွေ ခုန်တာမြန်သွား ခဲ့ပြီးး။
ထိုနောက် စကားတွေအပြန်အလှန်ပြောနေကြတဲ့အချိန်အရိပ်မှာတော့ စိုးရိမ်နေသလိုလို။
#ဂျူလီယာ ယွန်းကိုကြိုက်သွားမှာကြောက်နေတာလားမသိ ဟီးဟီး#
(ယွန်းသီရီကိုကနာမည်ကြီးတဲ့သူတစ်ယောက်၊ဘာလို့လဲတော့မသိဘူး ငါတခုခုကိုခံစားနေရသလိုပဲ)
"ဟိုတယောက် ဘာရပ်လုပ်နေတာလဲ မှာထားတာသွားယူလေ"
"ဟုတ်....လာပါပြီး"
ဆိုကာမှာထားတဲ့စားစရာကိုသယ် လာခဲ့ပြီး ဂျူလီယာတို့ ဝိုင်းကို လာစဥ် ယွန်းက ခြေထိုးခံလိုက်တာကြောင့် အရိပ်ရော စားစရာရော မှောက်ကျကုန်သည်။
"နင်ကအမြဲအဲ့လိုပဲ ချိနဲ့ချိနဲ့ နဲ့"
အဲ့လိုပြောတော့ အရိပ်လဲ ယွန်းကို  လှည့်ကြည့်လိုက်ပေမယ့် ၊ ယွန်းနဲ့ဂျူလီယာမောင်တို့က ပြုံး နေကြတာကို တွေ့လိုက်ရလေသည်။
(ဒေါက်တာ ပျော်နေတာပဲ အေးပေါ့လေ ငါ့လိုလူနဲ့မှမဟုတ်တာ )
ဒါမယ့်အရိပ်မသိတာတော့ ဒေါက်တာရဲ့ ဖုန်း note ရဲ့ ထိပ်တနေရာမှာ အရိပ်ရဲ့နာမည်ရယ်တက်နေတဲ့အတန်းရယ် အဆောင်လိပ်စာရယ်ကို မှတ်ထားတာ
စားသောက်ပြီးလို့ ပြန်တော့
"ကျေးဇူးတင်ပါတယ် ဒေါက်တာ မနက်ဖြန် အလုပ်မှာတွေ့မယ်နော်"
"ဒီနေ့ကမိုးသည်းတာပဲ"
"ထီးယူလာပါတယ်နော်"
"မနက်ဖြန်တွေ့မယ်"
ဒါတွေက ဂျူလီယာနဲ့အလုပ်ကလူတွေအပြန်အလှန်ပြောနေတာပါ။
ထိုအချိန် အရိပ်လဲအလုပ်ပြီးလို့ ထီးဖွင့်ကာ အ‌ေဆာင်ကိုပြန်မယ်အလုပ် ဂျူလီယာမောင်မှ
" အမ လိုက်ပို့ပေးမယ်လေ "
"ရပါတယ် ကျမ သွားတော့မယ်"
ဂျူလီယာမောင်က အရိပ်ရဲ့လက်ကိုလှမ်းဆွဲလိုက်ကာ
"ခဏလေး  အမ်?"
အရိပ်ရဲ့ပါးဖောင်းဖောင်းလေးပေါ် စီးကျလာသောမျက်ရည်ကြောင့်
"မင်း ငိုနေတာလား?"
ဂျူလီယာ ရဲ့အမေးကြောင့် အရိပ် မျက်ရည်တွေကို လက်နဲ့သုတ်ပစ်လိုက်ပြီး
"ဟင့်အင်း မငိုဘူး"
"ဘာဖြစ်တာလဲ အရင်လိုမဟုတ်နေဘူး"
အရိပ်လဲ ဂျူလီယာ မျက်နှာကိုတချက်ကြည့်ပြီး
"ဒေါက်တာက တခြားလူတွေကိုလဲ အဲ့လိုပဲ နူးနူးညံ့ညံ့ဆက်ဆံနေကြလား?"
"........"
အရိပ်က မျက်နှာလေး ညှိုးငယ်ပြီး သက်ပြင်းချ လိုက်တာကို တွေ့တော့ အရိပ်ရဲ့လက်ကိုကိုင်ကာ

"မင်းမယုံကြည်နိုင်ပေမယ့် ငါ မင်းကိုပဲ သိမ်မွေ့နူးညံ့တာ လူတိုင်းကို ငါ အဲ့လိုမဆက်ဆံဘူး "

ဆိုကာလက်ကိုနမ်းရှိုက်လိုက်လေသည်။
#ဆိုက်ကိုရေးတာ မျက်နှာများတဲ့မောင် လိုဖစ်နေ🤣🤣#

Love Loser ❤️‍🔥💔Where stories live. Discover now