အရိပ်အလုပ်လုပ်နေစဥ်
ကောင်မလေးတစ်ယောက်က အရိပ်ပခုံးကို တိုက်လိုက်တာကြောင့် အရိပ်ဖုန်းလေး ကျသွားတော့
"နင်"
"တောင်းပန်ပါတယ် မတွေ့လိုက်လို့ပါ"
အရိပ်လဲ ကျသွားတဲ့ဖုန်းကိုကောက်လိုက်တော့ ဖုန်း တောင့်နားလေးကမှန်များ အပ်ကွဲလျက် ။
(သွားပါပြီး ကျောင်းစရိတ်တောင်မနဲစုနေရတာကို ဖုန်းမှန်ကပါ လာကွဲရတယ်လို့)
ထိုနောက် အရိပ် အိမ်သာ ခနသွားသောအခါ အရိပ်ကအိမ်သာထဲမှာရှိပြီး အရိပ်နဲ့အလုပ်တူတူလုပ်နေတဲ့သူတွေကလက်ဆေးတဲ့ဘေစင် မှာဖစ်ကာ
"ဟဟဟဟဟဟ"
"နင် အဲ့လို မလုပ်သင့်ပါဘူး ယွန်း"
"တောသူမလို မိတ်ကပ် နဲ့အဝတ်အစားတောင် မဝတ်တက်တဲ့ ကောင်မကိုစာနာနေတာလား?"
"Wowယွန်း နင်အရမ်းရက်စက်တာပဲ "
"ငါ ခံစားချက် ကို ထိခိုက် စေတာကပိုဒေါသ ထွက်စေတယ် ပြီးတော့ အရမ်းရုပ်ဆိုးနေတာပဲ"
ရုပ်ဆိုးတယ် ၊သူမညစ်ပတ်တယ် ၊နင့်မျက်နှာကို မမြင်ချင်ဘူး။အဲ့တာတွေက အရိပ်အမြဲလိုလိုကြားနေကျဖစ်ကာ။ အကြောင်းပြချက်မရှိ အနိုင်ကျင့်ခံနေရတာ တွေပေါ့။
"ဟဟဟဟဟဟဟဟဟဟ"
(အဲ့တာကြောင့် ငါ့ကိုဘယ်သူမှမချစ်တာဖစ်မယ်)
#ရုပ်ဆိုးတာကြောင့် မချစ်တာလို့အရိပ်ကထင်နေတာ#
—————————
မီးဖွင့်လိုက်တော့
စာပွဲပေါ်က ကြောင်လေးကအိပ်ဆေးကြောင့် အိပ်နေတယ်ထင်ပါတယ်
ဒဏ်ရာကို ကြည့်ပေးဖို့ ကြောင်ရဲ့နှာခေါင်းကိုကိုင်တဲ့ချိန် ကြောင်က နိုးလာကာ
ဂျူလီယာမောင်ရဲ့လက်ကိုကိုက်လိုက်လေသည်။
ဂျူလီယာရဲ့လက်မှာတော့ သွေးတွေထွက်နေတာနဲ့ ဂျူလီယာလဲ စိတ်တိုကာ ဘေးရှိ ခွဲစိတ်ဓားကိုကိုင်ပြီး ကြောင်ကို ထိုးထည့်လိုက်လေသည်။
*ဇွက် ဇွက် ဇွက်*
ကြောင်လေးမှာတော့ သွေးအိုင်းထဲ သေဆုံးသွားလေသည်။
ထိုနောက် မပုပ်စေတဲ့ ဆေး ထိုးထားပေးပြီးနောက်။
———————
အရိပ်အလုပ်လုပ်ပြီးလို့ပြန်မယ့်အချိန် မိုး က ရွာတော့တာပဲ
"ဘယ်ချိန်မှမိုးရွာတာ ရပ်မှာလဲ?"
ထိုစဥ် ကားကောင်းတစ်စီးက အရိပ်ရဲ့မလှန်းမကန်းမှာ ရပ်ကာ တံခါးဖွင့်ပြီးဆင်းလာသူက ဂျူလီယာမောင်
ဘလောက်အကျီအဖြူလက်ရှည်ကိုမှ စတိုင်ပန်နဲ့ တွဲ ဝတ်ကာ ခါးပတ် လေးပါတပ်လျက် လက်တဖက်က ထီးကိုကိုင်ကာ လျှောက်လာတဲ့ပုံက မော်ဒယ်တစ်ယောက်လိုပင်။
အရိပ် ရဲ့ဘေးရှိ cafe ဆိုင်ထဲကိုဝင်သွားလေသည်။
"Hello ကျွန်မကို အမေရိကာ နို့ တစ်ခွက်ပေးပါ"
မှာစရာရှိတာမှာပြီး ရတာနဲ့ ဆိုင်ပြင်ပြန်ထွက်လာကာ မိုး ကိုကြည့်လိုက် နာရီကိုကြည့်လိုက်နဲ့ဘယ်ချိန်မိုးတိတ်မလဲ စောင့်နေသလိုပင်။
"Hello ဒေါက်တာ"
" မင်း ဒီမှာဘာလုပ်နေတာလဲ?"
"အရိပ် ဒီမှာအလုပ်လုပ်တာလေ မိုးတွေသည်းနေတာနဲ့ ဒီအချိန်ကြီး ကော်ဖီထွက်ဝယ်တာလား?"
"တညလုံးအလုပ်လုပ်စရာရှိလို့ အိပ်ငိုက်လို့မရတာမို့ ကော်ဖီထွက်ဝယ်တာ လေ အဆောင်ကို လိုက်ပို့ ပေးမယ်"
"ဒါပေမယ့် "
"ရပါတယ် လိုက်ခဲ့လိုက်"
ဆိုကာ လက်ကိုဆွဲပြီးကားပေါ်ခေါ်သွားလေသည်။
ကားပေါ်တွင်
(တိတ်ဆိတ်ကာနှစ်ယောက်ထဲရှိနေတာမို့ ဒေါက်တာ ရဲ့အသက်ရှုသံတွေကြား နေရတယ်)
"မင်း ထိုင်ခုံခါးပတ်မပတ်ရသေးဘူးလား"
ပြောလဲပြော အရိပ်ကို ခါးပတ်ပတ်ပေးလေသည်။
နီးကပ်လာသော မျက်နှာပေါ်ကချောမော မှုကို ကြည့်နေတဲ့ အရိပ်အဖို့ ရင်ခုန်စရာပါ။
"ဟုတ်..တောင်းပန်ပါတယ် ဟို နဲနဲအတွေးများသွားလို့ပါ"
"မင်းက ညဥ့်နက်တဲ့ထိအပြင်မှာအလုပ်တာလား ဒီနေရာနဲ့ ကျောင်းအဆောင်နဲ့ကဝေးတယ် ဒီအချိန်မင်းတစ်ယောက်ထဲပြန်တာက အန္တရာယ် များတယ်မင်းအတွက်မလုံခြုံဘူး"
(ဒီလို....ငါ့ကို ဘယ်သူမှ ဂရုတစိုက်နဲ့မပြောဖူးဘူး)
"မင်းဆန္ဒရှိရင် ငါအမြဲ လိုက်ပို့ပေးမယ် လေ"ကားအရှေ့ခန်းမှာတော့ လေထုက ချိုနေပေမယ့်
ကားအနောက်ခန်းထဲမှာတော့ ကြောင်အသေကိုအိတ်အလှ ထဲထည့်ထားပါသော ဒေါက်တာဂျူလီယာမောင်။