သစ်ရွက်ခြောက်လေးတွေ ကြွေ ကျနေတဲ့ ခုံတန်းလေးပေါ်မှာ ထိုင်ကာ ဖုန်းထဲက သတင်းကိုကြည့်နေသော ရိုစီ
ဖုန်းထဲက သတင်းက တော့ မနေ့က …တက္ကသိုလ်ရှိ ကျောင်းသူတစ်ဦး အဆောက်အအုံးတစ်ခုမှ ခုန်ချခဲ့ကြောင်း သက်သေရှာမရ သေး……
ထိုသတင်းကိုဖတ်နေတဲ့ရိုစီတစ်ယောက် တုန်လှုပ် ေခြာက်ခြားနေကာ
(သွားပြီး! မျက်မြင်သက်သေ ဆိုလို့ ငါပဲရှိတာ ဂျူလီယာက ငါ့ကိုပါ သတ် ပစ်မလားမသိဘူး)
ကျောင်းမှာထိုသတင်းက ပျံနေပြီး တစ်ယောက် တစ်ပေါက်ပြောနေကြသည်
"ကြားပြီးပြီးလား မနေ့က ဖြစ်ပျက်ခဲ့တာတွေကို "
"သူ့ရည်းစား လှည့်စား တာနဲ့မဆိုင်ဘူးလား?"
"ငယ်ငယ်ရွယ်ရွယ်နဲ့ကွာ သူ့မိဘတွေက ကျောင်း တံခါးမှာဝမ်းနည်းပြီးငိုကြွေးနေတာ သနား ဖို့ကောင်းလိုက်တာ ……"
အရိပ်လဲ ကျောင်းရဲ့ သတင်း မှာ တက်လာတဲ့ပုံကိုကြည့်လိုက်တော့ ဂျူလီယာနဲ့ အတူ သွားတာ ကို တွေ့ ဖူးတာမို့
(သူမက ရတီ မဟုတ်လား ဒေါက်တာနဲ့ ရင်းရင်းနှီးနှီး ပြောဆို သွားလာတာကို တွေ့ဖူးတယ် သူမက ဒေါက်တာဆီက တခုခု အကူအညီတောင်းထားတာ မရလို့ ခုန်ချ လိုက်တာလား အဲ့တုံးက သူတို့ပြောနေတဲ့စကားတွေကို နားစွန်နားဖျာ ကြားမိပေမယ့် ဘာပြောမှန်းမသိနေဘူး)
စဥ်းစား နေရင်ကနေ အရိပ်ရဲ့ပခုံးကို တစ်ယောက်ယောက် လာရိုက်လို့ ကြည့်လိုက်တော့ သစ်ခတ်စိမ်းဖစ် နေသည်
"အရိပ် မင်းဒီနေ့အတန်းတက်မှာလား ငါမင်းကို မနက်စာ ကျွေးချင် လို့ အသားညှပ်ပေါင်မုန့်ဝယ်လာတယ် မင်းတွက် "
"Ah မလိုပါဘူး "
"မနက်စာ စားဖို့အချိန်မရှိတော့ဘူး သွားတော့ ~"
"အို စကားမစပ် ဒီစနေနဲ့ တနဂ်နွေအားလားညစာအတူ စားချင်လို့ "
"ငါ မသေချာဘူး နောက် မှ ပြောကြတာပေါ့"
"Hey နင်!"
ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ရိုစီ
"အယ် ရှင်ပဲ"
"ငါ ပြောစရာရှိတယ် ငါ့နဲ့လိုက်ခဲ့"
ဆိုကာ လူသူရှင်းတဲ့ ကျောင်းဝင်း တနေရာသို့ရောက်သော
"ကျွန်မကို ဘာပြောချင်လို့လဲ? "
"နားထောင် ငါ ပြောတာက မင်းရဲ့ အကျိုးအတွက်ပဲ ဂျူလီယာနဲ့ ခပ် ဝေးဝေး နေပါ "
အဲ့လိုပြောတဲ့အချိန် အရိပ် သူ့ကို ဂျူလီယာ ပြောခဲ့တဲ့စကားတွေပြန်သတိရသွားသည်
