အပိုင်း (၁၀)
မနေ့ကသူဘာလုပ်နေလို့ ငါပြောမပြီးခင် ဖုန်းချလိုက်တာလဲ စံအိမ်ကြီး မှာလား မြို့လည်ခေါင်က တိုက်ခန်းမှာလား မြို့လည်ခေါင်က တိုက်ခန်းကိုအရင်သွားကြည့်လိုက်မယ်
တိုက်ခန်းထဲဝင်ဝင် ခြင်း ကောင်တာရှိ ကောင်မလေးတစ်ယောက်က
"ရှင်က ဘယ်သူလဲ ဒီမှာနေတာလား ကျွန်မ တခါမှမတွေ့ဖူးဘူး ရှင်အထဲဝင်လို့မရဘူး"
"ကျွန်မဒီကိုမကြာခဏလာတယ် ဒီမှာနေတဲ့သူကိုလဲ သိတယ် "
" ဒါမယ့် ရှင်အပေါ်ထပ်ကိုသွားလို့မရဘူး အစောင့်တွေသူ့ကိုတားကြပါအုံး"
အစောင့်တွေ ပြေးထွက်လာတာနဲ့ ရိုစီလဲ ကြာကြာစဥ်းစားမနေေတာ့ပဲ ဂျူလီယာရဲ့အခန်း ရှိရာ ဆီသို့ ပြေးထွက်သွားလေသည်
အခန်း ရှေ့ရောက်တော့
"Beep -လက်ဗွေရာသတ်တမ်းကုန်နေပါတယ် "
ဘယ်လောက်နှိပ်နှိပ်မပွင့်လာပဲနဲ့
"Beep လက်ဗွေရာသတ်တမ်းကုန်နေပါတယ်"
(ဘာ ဘာဖြစ်တာလဲ ဂျူလီယာက ငါ့ လက်ဗွေရာ တွေအကုန် ဖျက်လိုက်တာလား?)
ပွင့်မလာတဲ့အဆုံး လူခေါ်ဘဲလ်ကိုသာ နှိပ်လိုက်ရသည်
"Dong ThinDong Thi…Dong…"
"Thin…… Dong "
အတော်ကြာနှိပ်ပြီးမှ တံခါးပွင့်လာပြီး ထွက်လာသူက ဂျူလီယာ ရေချိုးခန်းဝတ်တဘတ်နဲ့
"ဘာကိစ္စရှိလို့ မင်းဒီကိုရောက်လာတာလဲ"
"ရှင်"
" ကျ…ကျွန်မ"
အချိန်ဆွဲနေတာကြောင့် ဂျူလီယာ စိတ်မရှည်တော့ပဲ တံခါးကို ပိတ်မည် အလုပ်
ရိုစီတံခါးလက်ကိုင်ကို ဖမ်းကိုင်လိုက်ပြီး
"ဂျူလီယာ ကျွန်မ ရှင့်ကို ပြောစရာရှိတယ် ဒီကိစ္စက ပြောမှကိုဖြစ်မှာ"
" ငါ့မှာပြောစရာမရှိဘူး"
"ကျွန်မတို့ကြားထဲ ဖြစ်ခဲ့တဲ့ ကိစ္စ ကိုပြောမှာမဟုတ်ဘူး ဒါမယ့် သုတေသနကိစ္စ "
"အဲ့ဒီ အမှုန့်က အရမ်းအန္တာရယ် များတယ် အမှုန့်က လူ့ခန္ဓာကိုယ်ထဲ ဝင်သွားရင် ဦးနှောက် ကို ထိန်းချုပ်ပြီး စိတ်ကြိုက် ခိုင်းလို့ ရတာရယ်ထိန်းချုပ်ခံရတဲ့သူက အသိစိတ်မရှိတော့ပဲ အသက်ရှင်နေတဲ့ လက္ခဏာ တွေဖစ်နေတယ် အသက်တော့ ရှုနေတယ် နှလုံးခုန်နေတယ်ဆိုပေမယ့် ကြာလာရင် အဲ့လူအတွက်အသက် အန္တာရယ် ရှိတယ်လေ ဂျူလီယာ "
"အဲ့တော့ ဘာဖစ်လဲ ဘာကိစ္စ ငါ့ကိုလာပြောနေရတာလဲ"
"အဲ့အမှုန့်ကို ရှင်လုပ်တာမလား? "
"ဟ မင်းက ငါလုပ်တယ်လို့ ဘာကြောင့်ထင်ရတာလဲ"
"နေအုံး ရှင်… ရှင် သုတေသနရဲ့အစီရင်ခံ စာ ကို အဆင့်မြှင့်လိုက်တာလား ရှင်ဘယ်လိုလုပ်ရက်ရတာလဲ သူတို့က လူတွေ စမ်းသပ်ခံတွေမဟုတ်ဘူး "
"ဒါမယ့်အပြည့်အဝ တော့ မထိန်းချုပ်နိုင်သေးဘူး ရိုစိ အဲ့တော့စိတ်မပူနဲ့"
ပြောနေရင်း အနောက်ကနေ အရိပ်ရောက်လာကာ
"ဒေါက် တာ ဘယ်သူရောက်နေတာလဲ"
အသံကြားရာ ဘက်ကိုရိုစီ ကြည့်လိုက်တော့ အရိပ် ဝတ်ထားတာက ရေချိုး ခန်းဝတ်တဘတ် ကြီးနဲ့ တဘတ်ရဲ့ အခွဲ ကြောင်းး ကြောင့် အရိပ်ရဲ့ ခြေထောက် ပေါ်သွားသောအခါ အနီကွက် ရာတွေက ဟိုတကွက် ဒီတကွက်
ရိုစီတစ်ယောက် အံ့သြ သွားကာ
"နင်! "
"……"
"ရှင်နဲ့ ကျွန်မ စကားပြောစရာများကြီးရှိလာပီး"
ဂျူလီယာ တံခါးကို ဖြေးဖြေးချင်း ပိတ် လိုက် ပီး
"အခု အခြေအနေမှာ အဲ့အကြောင်းကိုမပြောချင်ဘူး "
"ဘယ်တော့ ပြောကြမှာလဲ ဘယ်အချိန်ပြောမှာလဲ ဟမ် အဲ့တာက အရမ်းအရေးကြီးတယ်နော် ဂျူလီယာ သူတို့ မစားမသောက်ပဲ အကြာကြီးနေရင် သူတို့ သေနိုင်တယ် "
ဂျူလီယာ ဒေါသထွက် လာကာ ပါးကျော တွေထောင်လာပြီးနောက်
"အက်လက်စတာ ရိုစီ "
"ငါ့ကိုပျော်အောင်မထားရင်ဘာဖြစ်မလဲ သိတယ်မလား မင်းက မင်းကိုယ်မင်း အရေးကြီးတဲ့သူလို့ထင်နေတာလား?"
ဂျူလီယာ ရဲ့ ပြောစကားတွေကြောင့်ရိုစီ တစ်ယောက် ကြောက်လန့်ကာ ကိုယ်လုံးလေးကတုန် ရီနေလျက်
" မ မဟုတ် ပါဘူး "
ဂျူလီယာ လက်ညိုး က နားထင်ကို ထောက်ကာ
"ဉာဏ် ရှိရှိ နေ ငါ့ရဲ့ စိတ်ရှည်မှုကို မစမ်းနဲ့ "
ပြောကာ တံခါးကို ေဆာင့်ပိတ်ပီး အထဲပြန်ဝင်လာခဲ့လေသည်
