မှောင်ရိပ်ပျို (ခ) အရိပ်
ဂျူလီယာမောင် (ခ) မောင်
မိုးသည်းထန်းစွာရွာသွန်းနေပြီး မိုးခြိမ်း သံနဲ့အတူ အသက်ရှုသံမြန်မြန်နဲ့ မှောင်မဲနေတဲ့ လမ်းမထက်မှာ မရှိက ရှိကအားလေးနဲ့နရံတွေကိုအားပြု ပြီး လမ်းလျှောက်လာနေရပါသော အရိပ်
*ha....ha....*
"တ...တစ်ယောက် ယောက် ကူညီပါ"
(ကျေးဇူးပြုပြီး)
နောက်ကနေဒေါက်ဖိနပ်သံ လေးက တဒေါက်ဒေါက်နဲ့ လိုက်လာလေသည်။
"အချစ်ကလေး,မင်း ဘယ်မှာပုန်းနေတာလဲ"
အရိပ်လဲ အသံကြားတဲ့စီ မျက်လုံးလေးတွေရွေ့မိသွားပြီး မျက်ရည်တွေစီးကျကာ အသံမထွက်မိအောင်ပါးစပ်ကို လက်နဲ့ပိတ်ထားလျက်
လမ်းတောင့်ရှိ နရံတခုနောက် ကျော ကပ်ကာ တခုခုကိုတုန်လှုပ်ခြောက်ခြားနေဟန်။
(ငါ ဒီဟာအတွက် အများကြီးအစီအစဥ်ဆွဲထားခဲ့တာ အခုမှတော့ အဖမ်းမခံ နိုင်ဘူး)
ကြောက်လန့်တုန်လှုပ်ကာ ခြေထောက်တွေက မခိုင်ပဲ မြေပေါ်သို့ ပြုတ်ကျလျက် အရိပ်ရဲ့ တကိုယ်လံုးမှာ အညိုအမည်း ကွက်တွေ နေရာအနှံ့ဖြစ်ကာ တီရှပ်အရှည် တထည်သာ ဝတ်ထားပြီး ဘောင်းဘီမပါ၊အတွင်းခံတွေတော့ပါပါတယ်။ အရိပ်နောက်မှာတော့ ဒေါက်ဖိနပ်သံက ကြားနေရဆဲ၊
အရိပ် အရှေ့က အမှိုက်ပုံံကိုကြည့်ကာ အမှိုက်တွေထဲ တိုးဝင်သွားလိုက်လေသည်။
ဒီအဖြစ်အပျက်တွေမဖြစ်ခင် လွန်ခဲ့တဲ့၆လကပေါ့
(ဇာတ်ကြောင်းပြန်ပါပြီး -TT)
အရမ်းလှတာတော့မဟုတ်ပေမယ့် လှတယ်ချစ်စရာကောင်းတယ် ဆံပင်ရှည်လေးကို ကျစ်လျက်သနပ်ခါးပါးပါးလေးလိမ်းကာ ဝမ်းဆက်နဲ့ ကျောင်းသွားဖို့ပြင်နေသော အရိပ်
အရိပ်ရဲ့ မိဘတွေက အရိပ်အပေါ် ရိုက်နှက်ကာ မုန့်ဖိုးလဲမပေးတာကြောင့် အရိပ်ရဲ့ကျောင်းစရိတ်နဲ့အသုံးစရိတ်ကို အရိပ်ဘာသာရှာနေရတာဖစ်ပြီး ကျောင်းက အဆောင်မှာစျေးသက်သက်သာသာနဲ့နေနေရသူဖစ်သည်။
"ခက်လိုက်တာ"
"အင်း စာကြိုးစားနော် ဒီတခေါက်စာမေးပွဲကျရင် နင်ခေါင်းကို နင့်အဖေ ထုလိမ့်မယ်"
"ငါတို့သွားတော့မယ်နော်အရိပ်"
"အေးပါ"
ထိုစဥ် ဖုန်းမက်ဆေ့ အသံကြားလို့ ဖုန်းကို ဖွင့်ကြည့်တော့ အမေ လို့မှတ်ထားတဲ့ဖုန်းနံပါတ်ကနေစာတခု
"ဒီလ အသုံးစရိတ်ကို နင့်ဘာသာရှာယူ ငါတို့ ဘာမှပေးမှာမဟုတ်ဘူး နင့်မောင်လေးအတွက် က ပိုအရေးကြီးတယ်"
ထိုစာရပေမယ့် အရိပ်အတွက်က ဖြစ်နေကြမို့ ဘာမှအထွေအထူး ဖြစ်မနေတော့ပါ။
(အချိန်ပိုင်းအလုပ်ကိုပဲအမြန်သွားတာကောင်းပါတယ်လေ)
မိုးရွာနေတာကြောင့်ထီးဆောင်ကာအလုပ်ကိုသွားတဲ့ချိန်
"meow"
"အယ်ချစ်စရာကြောင်လေး "
ဆိုကာအနားကိုသွားပြီးကြောင်လေးကိုပွတ်ပြီး
"ကြောင်လေး ရေ မင်းဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ မင်းပိုင်ရှင် တွေကော"
ကြောင်ရဲ့ နှာခေါင်းကနေသွေးတွေစီးလာကျတာမို့
"ဘာဖစ်တာလဲ အဆင်ပြေရဲ့လား?"
ကြောင်လေးကိုပိုက်ကာ တိရစ္ဆာန် ဆေးခန်းကိုအပြေးလေးသွားမိသည်။
"အယ့်တာက ဘယ်လိုလုပ်ရမှန်းမသိဘူး မင်းငါ့ကိုကူညီမယ်မလား ဂျူလီယာ"
ဆံပင်ကိုလာသပ်ပေးတဲ့လက်ကို ဖမ်းကိုင်ကာ
"ငါတို့အချိန်မှန်ကိုစောင့်ရမယ်လေဟုတ်တယ်မလား"
"ဒေါက်တာ "
တံခါးမခေါက်ပဲဝင်လာမိတဲ့အပြင် အထဲက အဖြစ်အပျက်ကြောင့်
"Sorry ကျွန်မကြောင့်အနှောင့်အယှက်ဖစ်သွားကြလား?"
ဒေါက်တာဂျူလီယာက မတ်တပ်ထရပ်ကာ
"အဟွတ် အဟွတ် ကြောင်လေး ဘာဖြစ်လို့လဲ"
"နှာခေါင်းသွေးလျှံ နေတာလားမသိဘူး လမ်းဘေးမှာတွေ့ခဲ့လို့ အရိပ် အချိန်ပိုင်းအလုပ်လဲ သွားစရာရှိနေတာဘယ်လိုလုပ်ရမလဲမသိဘူး"
"ခုံပေါ် တင်ပြီး ငါ့ဆီမှာထားခဲ့လိုက်လေ အလုပ်ပြီးရင်လာဝင်ခေါ်ပေါ့"
"ဟို အရိပ်ကကျောင်းကအဆောင်မှာနေတာဆိုတော့ ကြောင် မွေးလို့မရလို့ပါ ဒေါက်တာ"
"အဲ့တာဆို ဒေါက်တာ တယောက်ယောက်ကိုပေးမွေးလိုက်မယ်"
"ဟုတ် ကျေးဇူးပါ ဒေါက်တာ"
(သူတို့တွေက အတွဲ တွေထင်တယ်)
အရိပ်လဲ ဒေါက်တာတို့ကို ကြည့်ကာ တွေးနေတာကြောင့်
"ပြောစရာရှိသေးလို့လား?"
"မရှိပါဘူး ဒါဆို ကျွန်မ ပြန်တော့မယ်"
ဆိုကာ အရိပ်လဲ အချိန်ပိုင်းအလုပ်စီသို့
ဒေါက်တာ ကြောင်ကိုကိုင်လိုက်တော့ ကြောင်က မာန်ဖီတာကြောင့်
"ဘာလို့မာန်ဖီတာလဲ ခနကနဲ့ ပြောင်းလဲသွားသလိုပဲနော်ဂျူလီယာ"
"ထားလိုက်ပါ ငါအရင်သွားတော့မယ်"
"ခနနေအုံး ငါမေးတာကိုမဖြေရသေးဘူး လေ"
မာန်ဖီနေတဲ့ကြောင်လေးကိုတော့ အိပ်ဆေး ထိုးထားပေးပြီး ထွက်သွားပါသော ဂျူလီယာ။
