အပိုင်း(၅)

1.3K 28 3
                                        

ဒေါက်တာဂျူလီယာမောင်ရဲ့အိမ်သို့ရောက်သောအခါ
"Wow~~~ဒေါက်တာ့ အိမ်ကကြီးလဲကြီးပြီး အရမ်းလှတာပဲ "
ယွန်းက အိမ်ကိုလှည့်ပတ်ကြည့်ရင်းးး ပြောနေချိန် ဂျူလီယာက ရေခွက်ထဲသို့ရေထည့်ရင် တစုံတစ်ခုကိုပါထည့်လိုက်ကာ မဲ့ပြုံး လေး တချက်ပြုံးပီနောက်
"ရေသောက်လိုက်ပါအုံး ယွန်းသီရီကို"
"ကျေးဇူးပါ ဒေါက်တာ"
ယွန်းလဲဒေါက်တာပေးသည့် ရေခွက်ကို လှမ်းယူကာ နှစ်ငုံလောက် သောက်လိုက်သည်။
"ယွန်း ငါမင်းကိုမေးချင်နေတဲ့မေးခွန်ရှိတယ်"
"အဲ့....တာ...ဘာလဲ"
ယွန်း ပြန်မေးနေပေမယ့် ခေါင်းတွေလည်နေကာ ချွေးစေး တွေ ထွက်နေလေသည်။
"ဘာဖစ်တာလဲ.... ခေါင်း ....ခေါင်းက နဲနဲ မူးလာတယ်..."
ယွန်းအဲ့လိုပြောတာကို ဂျူလီယာ က ပြုံးလိုက်ကာ
"မင်း အသက်ရှင်ဖို့ 1နာရီ ပဲကျန်တော့ရင် ဘာလုပ်မလဲ"
ယွန်း ခေါင်းတွေလဲမူးနောက်ကာ ကိုယ်လုံးတွေက ယိမ်းထိုး နေပီလက်နဲ့ခေါင်းကို ဖိထားကာ ဂျူလီယာရဲ့အမေးကို လဲ ပြန်ဖြေရလေသည်။
"အဲ......အဲ့လို တခါ..မှမတွေးဖူးဘူး .... ခန...ဘ...ဘာတွေဖြစ် နေတာ လဲ?"
ထို့နောက် လက်ထဲက ရေခွက် ကြွေပြားပေါ်ရှိအခင်းသို့ ပြုတ်ကျကာ ယွန်းဆိုဖာ ပေါ်သို့လဲကျသွားသည်။
"ဒေါက် ....တာ...?"
ဂျူလီယာ အခင်းပေါ်က ရေခွက်ကို ကောက်ကိုင်လိုက်ကာ ယွန်းကိုကြည့်ပြီး
"အလုပ်လုပ်ချိန် ရောက်ပြီး "
ယွန်းမျက်လုံးက မပွင့်တပွင့်ဖြစ်နေသည်။
ယွန်းရောက်နေတာ ဓာတ်ခွဲခန်းဆိုတာတော့ သေချာတယ်ဘာလို့ဆို အပေါ်မှာ မီးအဝိုင်း နဲ့ထိုးထားကာ ကိုယ်လုံးတီးနဲ့ ခွဲခန်းတခုရဲ့ ကုတင်ပေါ် ရှိနေတာတော့ ယွန်းသိသည်။ အသိစိတ်ကရှိနေပေမယ့် ခန္ဓာ ကိုယ်က လှုပ်မရ တကိုယ်လုံး သေနေသလို ပင်။ ထို့ပြင် လက်နှစ်ဖက်နဲ့ ခြေထောက်များကို သံကွင်းနဲ့ ချုပ်နှောင်ထားပြီး မျက်လုံးများသာအပြည့်ပွင့်လာသည်။
ဂျူလီယာကတော့ Black coffee တခွက် ဖျော်ကာ အခန်းထဲရှိဆိုဖာ ပေါ်ကနေ ယွန်းကို ကြည့် ပြီး ကော်ဖီကိုသောက် နေသည်။
"ကယ် နိုးလာပြီးလား"
"........."
"ဘယ်ကနေ စရမလဲမသိ"
"......."
"ပခုံးကနေစမယ် အရိပ်ကို တိုက်တဲ့ပခုံးကနေစမယ် ဟားဟား"
".........."
ဂျူလီယာ ခွဲစိတ်ဓားကို ယူလိုက်ကာ ယွန်းရဲ့ပခုံးကို ထိုးစိုက်လိုက်သည်။ သွေးတွေပန်းးးးးထွက်ကာ ဂျူလီယာ မျက်နှာကို စင်သွားသည်။ထို့ကြောင့် အဝတ် အဖြူတခုကိုယူကာ သွေးကိုသုတ်လိုက်ရင်းးးးး
"အရိပ် အပေါ် မကောင်းတဲ့ဟာမ ရဲ့သွေးတွေစင်ကုန် ပြီး ထွီ ရွံလိုက်တာ"
"......."
ယွန်းဆီက အသံတော့ ထွက်မလာ ဘာလို့ဆို ထုံးဆေး ၅လုံးထိုးထားတာမို့ တကိုယ်လုံးထုံံ ကာစကားလဲပြောမရ လှုပ်လို့လဲ မရ ဖြစ်နေသည်။
"ပခုံးပြီးရင် ခြေထောက် လာမှာပေါ့ ဟိုနေ့ကအရိပ်ကိုခြေထိုးခံ လိုက်တာမလား ခု ပြန် ခံရမှာပေါ့ "
"....."
ပြောရင်းးးး ခြေထောက်ကို ခွဲစိတ် ခန်းသုံး ဓားနှင့် ထိုးထည့်လိုက်လေသည်။ဆရာဝန်ဆိုသည့်အတိုင်း ဂျူလီယာက ယွန်း ရဲ့ အကြောနေရာကို ထိုးထည့်လိုက်တာ ကြောင့် သွေးတွေယိုကျလာကာ အခန်းတခုလုံးသွေးများ ဖုံးလျက်။
ထိုနောက် ဆိုဖာပေါ် ပြန်ထိုင်ကာ အလောင်းကိုကြည့်ရင်းးး လက်ကျန်ကော်ဖီကို သောက် နေလိုက်လေသည်။
————————
နောက်နေ့
အရိပ် ရဲ့ ကျောင်းနေဖက် ဖစ်တဲ့ သူငယ်ချင်းဖစ်သူ နန်းမြင့်မြတ် က ရဲ သင်တန်း ကျောင်း စာမေးပွဲ ဖြေတာအောင်လို့ ဆိုကာ အရိပ်ကို မုန့်လိုက်ကျွေးတာကြောင့် အရိပ် လဲ နန်းနဲ့အတူ အထောင်းဆိုင်မှာ ကြာဇံထောင်း နဲ့ ပင်လယ်စာထောင်း နဲ့ မှာရင်းးးတစ်ယောက် တပွဲစီစားနေချိန် tv ၌ကြားဖြတ် သတင်းတပုဒ်ဝင်လာသည်။
အရိပ်က စိတ်မဝင်စား သော်လည်း နန်းက ရဲ ပီပီ သတင်းကို ကြည့်နေသည်။ သတင်းထဲတွင် အမျိုးသမီး တစ်ဦး ရဲ့ ခန္ဓာကိုယ်အ ပိုင်းအစ များကို ........ရပ်ကွက် အတွင်းရှိ အမှိုက်ပုံး များ တွင် ရှာဖွေတွေ့ရှိကြောင်းပြောထားသည်။ ခေါင်းက ပျောက်ဆုံးနေပြီး အသုံးအဆောင် ပစ္စည်း များလဲ မရှိ တာကြောင့် ဘယ်သူ လဲ ဆိုတာ ဝေခွဲမရကြောင်း၊တရားခံရဲ့ လက် ဗွေရာနဲ့ သက်သေခံ ပစ္စည်းများ မတွေ့တာကြောင့် ခြေရာခံရန် ခက်ခဲကြောင်း၊ ပြည်သူ များသတိနဲ့သွားလာရန် ပြောသွားသည်။
"ဟာ စိတ်ညစ်စရာကြီး"
"ဘာကိုလဲ?"
"လူတွေ အသိစိတ် မရှိကြတော့ဘူး အရိပ် နင်လဲသတိထားအုံး အလုပ်ကပြန်ရနောက်ကျတယ်မလား ပြီးတော့ အဆောင်နဲ့လဲ ဝေး တာကို "
"အေးပါ နန်းရယ် နင်လဲ ဂရုစိုက် ရဲဖစ်သွားပြီးဆိုပေမယ့် လဲ မိန်းကလေးပဲ လေ "
ထိုစဥ် လွယ်အိတ်ထဲရှိဖုန်းမြည်သံထွက်လာလေသည်။ အရိပ်ထုတ်ကြည့်လိုက်တော့ ဒေါက်တာ ဆိုပြီးမှတ်ထားတဲ့နံပါတ်လေ။
"ဟယ်လို"
"ဟယ်လို အရိပ်၊အတန်းတက်နေတာလား"
"မဟုတ်ဘူး အထောင်းဆိုင်မှာ"
"တော်သေးတာပေါ့၊  အတန်းမှာဆို မနှောက် ယှက်ဖစ်နေမှာဆိုးလို့။"
"ဒေါက်တာရော ဘာလုပ်နေလဲ?"
"ဒေါက်တာက ခွဲစိတ်ခန်း သန့်ရှင်းရေးလုပ်နေတာ "
"ဟုတ် ဒေါက်တာ"
ဘာဆက်ပြောရမှန်းမသိလို့ ဟုတ် လိုက်ခြင်းသာ
"အရိပ် လဲ စားစရာရှိတာစားတော့လေ ဒေါက်တာ လဲလုပ်စရာရှိတာလုပ်တော့မယ်"
"ဟုတ်"
ဂျူလီယာဖုန်းကိုချလိုက်ပြီးနောက် ဖုန်း screen ပေါ်ကအရိပ်ရဲ့ ပြုံးရယ်နေသော ပုံ လေး ပေါ်လာကာ ထိုပုံလေးကိုနမ်းရှိုက်ရင်းးး

"အရိပ်ရဲ့ ဒီလိုအပြုံးလေးတွေကို ကိုယ့်တစ်ယောက်ထဲမြင်ချင်တာ "





Love Loser ❤️‍🔥💔Where stories live. Discover now