အချိန်တွေကြာလာတာနဲ့အမျှ အရိပ်နဲ့ဂျူလီယာတို့ရဲ့ဆက်ဆံရေးက ပိုမို လာခဲ့သည်,
"Hello အရိပ် မနက်ဖြန် အလုပ်ပိတ်ရက်ဟုတ် "
"ဟုတ် ဒေါက်တာ "
"အဲ့တာ ဆို မနဲ့တူတူ ဈေးဝယ် ထွက်ရအောင် ရိပ်လေး လိုက်ခဲ့ပါလား "
"ရှင် "
ငါနားကြားမှားတာလား ဒေါက်တာက သူ့ကိုယ်သူ မ လို့ ခေါ်လိုက်သလိုပဲ
" ငါ နဲ့တူတူ မလိုက်ချင်ဘူးလား?"
"ဟုတ် လိုက်ခဲ့ပါ့မယ်"
ငါနားကြားမှားတာပဲ ဟုတ်ပါတယ်လေ ဒေါက်တာလို လူမျိုးက ငါ ကိုအဲ့လို မျိုး ခေါ်မှာမဟုတ်လောက်ပါဘူးလေ
"အဲ့တာဆို အရိပ်တို့အဆောင်ရှေ့ ကို မနက်ဖြန်မနက် ၉နာရီ လာခေါ်မယ် နော် "
"ဟုတ်ဒေါတ်တာ "
ဖုန်းချလိုက်တာနဲ့ အရိပ် ချက်ချင်း အဝတ် ဘီဒို ကို မွှေနှောက်ကာ မနက်ဖြန် ဝတ် ဖို့ အကျီတွေကို စဥ်းစားနေလေရဲ့
တဖက် က ဒေါက်တာ ကတော့ လျှိုဝှက် ဓာတ်ခွဲခန်းထဲသို့ဝင်ကာ သုသေတန မှုကြမ်း နဲ့အတူ memoryကဒ်နဲ့တူ သော စတစ်ပြား တခုကို ပြင်သစ်က သူမ ရဲ့အဖေဆီသို့ ပို့လိုက်ပီးဖစ်ကြောင်း စာလှမ်းပို့လိုက်လေသည်,
"တီ…တီ"
ကားသံကြားတယ် ဒေါက်တာရောက်ပီးလားမသိ
ဆိုကာ ပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တော့
စတိုင်ပန် ဘောင်းဘီအမဲ အရှည်ကိုမှ အပေါ်က ပိုသား အကျီ လက်ရှည်ကို ဝတ်ထားပီ နေကာမျက်မှန် ဒေါက်မဲအမြင့် နဲ့အတူ လက်လှမ်းပြနေပါသော ဂျူလီယာ မောင်
အရိပ်လဲလက်ပြန်ပြကာ အောက်ထပ်သို့ပြေးဆင်းလာလေ တော့သည်
အပြာရောင်ကျူးလစ် ပန်း သေးသေးလေးတွေ နဲ့ ဂါဂန်အရှည်ကိုမှ ဘေးက အခွဲ ကြောင်းလေး နဲ့ ဘွတ်ဖိနပ်အဖြူ လေး စီးကာ ဆံပင်ကို ဘေးတစောင်းကျစ်ချထားသည်
အရိပ် ကားဆီသို့ လျှောက်လာတဲ့အချိန် ဂျူလီယာတစ်ယောက် မျက်လုံးကျွတ်ကျတော့မတက် အရိပ်ကို ကြည့်နေမိသည်
လှလိုက်တာ နတ်သမီးလေးလိုပဲ အနားမှာအမြဲ ခေါ်ထားချင်လိုက်တာ
"ဒေါက်တာ စောင့်ရတာနဲနဲကြာသွားလား "
"စောင့်ရတာတန်ပါတယ်"
"ရှင်"
"ကယ် သွားရအောင် "
"ဟုတ် "
အရိပ် ကားနောက်ခန်းကိုဝင်ထိုင်မယ်အလုပ်
"အရိပ် အရှေ့မှာလာထိုင်"
"အရှေ့က အမ ကောင်မလေးထိုင်ရမယ့်နေရာ လေ "
ဂျူလီယာ မျက်နှာခက်တည်တည်နဲ့ အရိပ်ကို
" လာထိုင် ဆို ထိုင်လိုက် "
"ဟု ဟုတ်"
ဘာဖစ်တာလဲ ဒါလေပြောတာကိုမျက်နှာက ချက်ချင်းပြောင်းသွားတာပဲ
"ပြီးတော့ပြောရအုံးမယ် ငါ့မှာ ကောင်မလေးမရှိဘူး single "
ထိုစကားကြားတော့အရိပ် ရင်ထဲကအလုံးကြီးကျသွားသလိုပါပဲ
"ကယ်ရောက်ပီး ဆင်းရအောင်"
"ဟုတ် ဒေါက်တာ"
Ocean ကိုရောက်တာနဲ့ လိုက်ပတ်ကြည့်ရင်း အကျီဆိုင်ကို အရိပ်က ကြည့်နေရင်းနဲ့ အရိပ်လက်ကို ဒေါက်တာက ဆွဲကာ
"လာ အရိပ် ဒီဆိုင်ထဲဝင်ကြည့်ရအောင်"
ဆိုကာ ဆွဲခေါ်သွားပီ အရိပ်ကို အကျီတွေ တစ်ထည်ပီးတထည် ဝတ်စမ်းခိုင်းကာ သူ သဘောကျတဲ့ ဝတ်စုံတွေကို တော့ အရိပ်အတွက် ဝယ်ပေးလေသည်
အရိပ် အားနာ လို့ ငြင်းတော့
"ယူလိုက်ပါ ငါ့ နဲ့ အဖော်လိုက် လည်ပေးလို့ပေးတာ "
"ဒါ မယ့် "
"ယူကိုယူရမယ် အရိပ် "
အဲ့လိုပြောတော့အရိပ်လဲမငြင်းနိုင်ပဲ ယူလိုက်ရလေသည် ထိုနောက် ocean က ထွက်ကာ နာမည်ကြီးစားသောက်ဆိုင် တခု ထဲဝင်ကာ နေ့လည်စာအနေနဲ့စားပေမယ့် အချိန်က ၂နာရီရှိနေပါပီး
"စားသောက်ဆိုင်က စားကောင်းလား?"
"အရမ်းအရမ်းအရသာရှိတယ် ဒါမယ့် စျေးကြီးလွန်းးတယ် 2သိန်းကျော်တောင်ကျတယ်…”
" ဟ ဟ မင်းကြိုက်ရင် တန်ပါတယ်"
"အ မိုးရွာပီး"
"ရုတ်တရပ်ကြီး မိုးက ဘာလို့ ရွာလာတာလဲ "
"ကားက နဲနဲဝေးတယ် ပြေးသွားရအောင်အရိပ်"
"ဟုတ်"
ဆိုကာ ဂျူလီယာမောင်က အရိပ်လက်ကိုဆွဲ ပြီးမိုးရေထဲ ကနေ ကားဆီသို့ပြေးလေသည်
နောက်တပိုင်း 18+ပါမှာမို့ 18မပြည့်ရင် မကြည့်နဲ့နော် 🤪
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဂျူလီယာမောင်
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
မှောင်ရိပ်ပျို
