အပိုင်း (၁၁)

433 5 0
                                        

"ဒေါက်တာ ဘာဖြစ်တာလဲ ဟင် "
အရိပ်က ပြေးလာပြီးမေးတာကြောင့် ဂျူလီယာခေါင်းကိုကိုင်ကာ
"စိတ်မပူပါနဲ့ ဘာမှမဖြစ်ပါဘူး"
ဒါက ဘာမှမဖစ် ပါဘူးတဲ့လား ကြည့်ရတာ တခုခု ဖြစ်ခဲ့ပုံပဲ
ဂျူလီယာ ဆိုဖာပေါ်ထိုင်တော့ အရိပ်လဲဘေးကဝင်ထိုင်ကာ
"ကျွန်မ သူ့ကို တွေ့ဖူးတယ် သူနဲ့က ဘယ်လိုဆက်ဆံရေးလဲ ဒေါက်တာ"
"သူ သူမ က ငါ့ရဲ့ ex ပါ"
အရိပ် အံ့သြသွားကာ
" e ex  သူမ ဘာလို့ ဒီကို ရောက်လာတာလဲ? "
ဂျူလီယာ သက်ပြင်းတချက်ချကာ အသံအေးအေးလေးဖြင့်
" ငါတို့ရဲ့ ခွဲခွာမှုက အရမ်းဆိုးရွာ တာကြောင့် သူမ ငါ့ကို အမြဲ စိတ်ဆိုးနေခဲ့တယ် ……"

ပြောရင်းလက်နှစ်ဖက် ကိုပူးတွဲလိုက်ကာ ခေါင်ကို ထောက်လျက်
"သူပြောခဲ့ သလို ဒီ ဆက်ဆံရေးက ငါ့ကြောင့် ပျက်ခဲ့တာ ဆိုတော့ "
"ဘာဖစ်ခဲ့တာလဲ "
အရိပ်ဂျူလီယာနား တိုးကာ ဂျူလီယာ ခေါင်း ကိုထောက်ထားတဲ့လက်တဖက်ကို ကိုင်လိုက်ပြီး နောက်
"ဒေါက်တာ က အဲ့လိုလူမဟုတ်ဘူးလေ တကယ် ဘာဖစ်ခဲ့တာလဲ "
ဂျူလီယာ တခြားဖက်ကိုလှည့်ကာ
"သူမ ငါ့အပေါ်ကို ဖောက်ပြန်ခဲ့တယ် အကြောင်းအရင်းကိုမေးတော့ ငါက အေးစက်လွန်းလို့ လို့ ပြောတယ် "
ထို့နောက်အရိပ်ဘက် ပြန်လှည့်ကာ
"သူမက ငါ့ကိုရှင်းပြဖို့အခွင့်အရေးတောင်မပေးခဲ့ဘူးအရမ်းဝမ်းနည်းရတယ် "
ဂျူလီယာရဲ့မျက်နှာက ဝမ်းနည်းနေတာကြောင့် အရိပ် နာကျင်လာကာ
(ဒေါက်တာက တောက်ပ ခဲ့တာကို ဘာလို့ ဒီလိုတွေ ဖြစ်သွားပါလိမ့်)
တွေးနေတုံး
"စိတ်ရင်းနဲ့ ပြောရရင် မင်းကိုတကယ်ချစ်တာကြောင့်  သူနဲ့ ပတ်သတ်ခဲ့တဲ့အမှားတခုကြောင့်နဲ့ မင်းကိုမဆုံးရှုံးချင်ဘူး မင်းကိုတကယ် ချစ်တယ် အရိပ်"
တောက်ပ လှသော ပတ္တမြားရောင် မျက်ဝန်းတစုံဖြစ် အရိပ်ကို ကြည့်ကာပြောလိုက်တာကြောင့် အရိပ်ရင်ခုန်နှုန်းတွေ မြန်ဆန်လာလေသည်
" ပြော ပြောချင်တာက"
ဂျူလီယာ အရိပ်လက်ကို ကိုင်ကာ
"မင်း ဘာလုပ်လုပ် ကိုယ် သိချင်တယ် မင်းဘာတွေးတွေး ကိုယ်သိချင်တယ် ပုံမှန်လို့ထင် ရပေမယ့် မင်းချစ်တဲ့သူက ပြောရင်ဘယ်လို ခံစားရလဲ ပုံမှန်ပဲလား? "
ပြောပြီးနောက် အရိပ်လက်ကိုနမ်းလိုက်သည်
ထို့နောက် လက်ညိုးက အရိပ်ရဲ့ နှဖူးကိုထောက်ကာ
"ဒီဆံပင်ပုံစံကို ဘယ်သူ ညှပ်ပေးလိုက်တာလဲ "
နောက်နေ့ အရိပ်သမိုင်းအတန်းတက်တော့
စာထဲ စိတ်မဝင်စား ပဲ ဂျူလီယာပြောခဲ့တဲ့စကားတွေကိုပြန်စဥ်းစား မိနေသည်
"မင်းကို ဒီဆံပင် ပုံစံ ဘယ်သူ ညှပ်ပေးလိုက်တာလဲ "
" …"
" ငါက အချစ်ရေးနဲ့ ပတ်သက်ပြီးယုံကြည်မှု မရှိဘူး အခုကတော့ နည်းပညာနဲ့ လူတစ်ယောက်ရဲ့နှလုံးသာထဲကိုဝင်ရမယ် အချစ်တခုမှ မကျရှုံးပဲ မဖြစ်နိုင်ဘူး"
" ကျ ကျွန်မ လုပ်နိုင်ပါ့မလား မသိဘူး"
အရိပ် ရဲ့ပြောစကားကြောင့် ဂျူလီယာက အရိပ်လက်ကိုကိုင်ကာ နှုတ်ခမ်း ကိုနမ်းလိုက်လေသည်.
"အဲ့ဒါက လွယ်ကူပါတယ် မင်းရပ်ချင်ရင်ပြောပါ ကိုယ်ရပ်ပေးမယ် "
"အဲ့တာက မသေချာဘူး"
"မင်းကိုအရမ်း ကြိုက်တယ်ဒါပေမယ့် မင်းရဲ့အချစ်က ကိုယ့်အပေါ် လိမ်ခဲ့တာလား?"
(အချစ်ကို မလိမ်ခဲ့ပါဘူး ဒါမယ့် စမ်းသပ်မှုမှာပါဝင်ဖို့ကျတော့ ကြောက် မိတယ်)
မနေ့ကအကြောင်းကိုပြန်တွေးနေတာနဲ့ အတန်းချိန် ပြီးသွားတာတောင်မသိလိုက်
"အရိပ် အတန်းပြီးတာကြာပြီး ဘာလုပ်နေလဲ တစ်ယောက်ယောက်ကိုစောင့်နေတာလား?"
"ဟမ်း"
ခုမှအတန်းပြီးမှန်း သတိထားမိ လေသည်
"အခုသွားတော့မှာပါ"
"စာတွေ ရနေပြီးလား"
"မ မရသေးဘူး လုပ်စရာ တခုခု ရှိလို့ပါ"
"မနေ့ကအဆောင်ကိုလဲ ပြန်မလာဘူး စာလဲမရသေးဘူး ဘယ်လို့ အဲ့လောက်မြန်မြန်လမ်းလျှောက်တာက ဘယ်သွားဖို့"
အရိပ်ဘာမှမပြောပဲ မပြေးရုံသမယ် လမ်းမြန်မြန် လျှောက်နေ သည်
"Step step step"
"အ အမ အမ  ဒါလေးကျ ကျန်ခဲ့ပြီး"
အော်ခေါ်လိုက်တာကြောင့် လှည့်ကြည့်တော့အရိပ် ပိုက်ဆံအိတ်ဖြစ်နေသည်
"ကျေးဇူးပါ "
အရိပ် ယူလိုက် ပီး
"အမက မှောင်ရိပ်ပျို လား "
"ရှင် က"
"အမ မသိတာ ပုံမှန်ပါပဲ ကျွန်မ ကို လူသိ နည်းတယ်"
ဆိုကာ ရီရီမောမောပြောတဲ့သူကြောင့် အရိပ် ရှက်သွာကာ
"တ တကယ် "
"ကျွန်မ နာမည်က သံစဥ်ပါ "
သံစဥ် ပုံက ဆံပင် ဂုတ် ထောက်ကိုမှာ တစ်ဝက် စီးထားကာ အရှေ့ က ဘေးနှစ်ဘက်အဝိုက် ကေကိုမှ
တီရှပ် အမဲ လက်ပြက်နဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားသည် နာမည်နဲ့ လူက မလိုက် မဖက်
(ငါ ဒီကျောင်းမှာတက်တာ ကြာပါပြီးဟာကို သူ့ကိုတောင်မသိဘူး)
"ဟု ဟုတ်ကဲ့"
( ဒါပေမယ့် ငါဘာလို့ ခံစားရတာ ထူးဆန်နေပါလိမ့်)
တခြားတဖက်မှာတော့
"ဘာပြောလိုက်တယ် အင်စတာကျူ က ငါ့ရဲ့ စမ်းသပ် အရည်အချင်း အားလုံးကိုရုပ်သိမ်းမယ်?"
ရိုစီ စိတ်တိုကာ အော်ဟစ် လိုက်ပေမယ့် ဂျူလီယာကတော့အေးအေးဆေးဆေးပင်
"မင်းပြောနေတဲ့အကြောင်း အရာတွေက မင်းရဲ့အနောက်ကို ပြနေတယ် "
"ငါတို့ အတူတူတီထွင်ထားတဲ့နည်းပညာ ကလူသားတို့ကိုအကျိူးပြုတဲ့ကိစ္စတွေမှာ အသုံးပြုနိုင်ဖို့ တီထွင်ထားတာကို  နင်ကသက်ရှိတွေရဲ့ အတွေး ပြောင်းလဲ ဖို့ အသုံး ချ နေတာ !"
"မင်း သိထားရမှာက ဒါကိုငါလုပ်ခဲ့တယ် "
" သူ တို့က ခံစား ချက်နဲ့ လူသားတွေပဲ!  ဒါကို ရပ်မှာလား မရပ်ဘူးလား အထက်ကိုတင်ပြပြီးတိုင်လိုက်လို့ရတယ် "
"မင်းက ငါ့ကို အထက်ကိုတိုင်ချင်တယ် အဟက် တိုင် ရတဲ့အကြောင်းရော ရှိလို့လား?"
" တိုင် လို့ရသလို အကြောင်းပြချက်လဲ ရှိတယ် အဲ့ ကျောင်းသူက အကြောင်းပြချက်ပဲ "
"ဒီဘက်ကို လာခဲ့ပါအုံး"
"ဘယ်သူ့ကိုခေါ်နေတာလဲ? "
ရိုစီကြည့်လိုက်တော့ သူဟိုနေ့က ဓာတ်ခွဲခန်းမှာတွေ တဲ့ တစ်ယောက် ကြောင်တောင်တောင် ဖြစ် နေကာ ဂျူလီယာရဲလ စေခိုင်းချက်အတိုင်း လိုက်နာနေ လျက်
"ပြ တင်းပေါက်ပေါ်က ခုန်ချလိုက် မင်းပျော်မှာပါ"
ထိူတစ်ယောက်က အမြန်ပြေးကာ ပြတင်းပေါက်ပေါ်က ခုန်ချဖို့လုပ်တော့ ရိုစီက အသံကျယ်ကြီးနဲ့အော်ကာ
"မဟုတ်ဘူး မခုန်ချပါနဲ့"
ပြောကာ လှမ်းဆွဲပေမယ့် မမှီလိုက် လမ်းမ ပေါ်သို့  ကျကာ အနီရောင် သွေးတွေက ခေါင်းထပ်က နေ စီီးကျလာလျက် ေအာ်သံတွေ လူတွေပြေးလာသံတွေနဲ့ဆူညံနေတော့သည်
ပြတင်းပေါက်နားက ရိုစီကတော့ ကြောက်လန့် နေပေမယ့် သူဘေးနားက ဂျူလီယာကတော့
"Wow ဒါက မင်းပြောနေတဲ့ သက်သေလား ရဲတွေတောင် ကိုယ့်ဘာသာ သက်သေ တယ်လို့ပဲပြောနိုင်တော့မယ် ဟ ဟ"
#ရိုစီနဲ့ဂျူလီယာက ဂျူလီယာအဖေ တည်ထောက် ထားတဲ့ နည်းပညာပိုင်းဆိုင်ရာမှာ စမ်းသပ်မှုတွေကိုတူတူ လုပ်နေတာဖစ်ပြီး စမ်းသပ်မှု မှာ ယုန် ေမျာက် တွေနဲ့ စမ်းသပ်တာ အောင်မြင် ပေမယ့် ဂျူလီယာက စမ်းသပ်မှုကို အဆင့်မြင့်ကာ လူသားတွေအပေါ် ကိုလဲ စမ်းသပ်ချင်နေတာ ဖစ်တယ် အဲ့တာကြောင့် ဒီလို​တွေ ဖစ်လာတာပါ ရှင့် (ကိုယ်ရေး ပြီး ကိုယ် လည် နေလို့😂😂😂😂)

Love Loser ❤️‍🔥💔Where stories live. Discover now