အခန်း - ၁၂
မေတ္တာဝေဆာဆည်းလည်းပမာ 🌻အိမ်ထဲတွင် ရပ်ရွာလူကြီးများကိုဧည့်ခံပြီး အိမ်ရှေ့မှ မဏ္ဍပ်လေးတွင်တော့ ကလေးများနှင့် ကျန်လူကြီးများကိုဧည်ခံသည်။ ပမာ့မှာ အိမ်ထဲရှိလူကြီးများ၏ဝိုင်းကို လိုက်ပွဲအနိုင်ဖြည့်ရပြီး အကုန်လိုက်စီစဉ်ပေးရ၏။
"ဦးလေးတို့ရွာကနေရတာအေးချမ်းတယ်ကွ ဟုတ်တယ်မလား"
"ဟုတ်ကဲ့ဗျ နေရတာအဆင်ပြေပါတယ်"
"အလှူအတန်းဆိုလဲလူညီကြတယ် ဆယ့်နှစ်လရာသီပွဲတွေဆိုလဲ စည်ကားကြတယ်ကွ ငါ့တူက သင်္ကြန်ပြီးမှရောက်လာတာဆိုးတာပဲ မဟုတ်ရင် မင်းအတော်ပျော်သွားမှာ"
"နောက်နှစ်တော့ ကြုံမှာပါဗျာ..."
လူကြီးများနှင့်စကားပြောနေသည့်ဘေး ရစ်သီရစ်သီနှင့်လာလုပ်နေသည့်ငလက်မဟာ သူ့ကိုတစ်ခုခုပြောချင်နေပုံဖြစ်သည်။
"ဘာဖြစ်လို့လဲ..."
"ဟိုအသီးစားချင်လို့"
ဘုန်းဘုန်းပြန်စွန့်ခဲ့သည့် ဆွမ်းဘောစဉ်ကို လက်ညိုးထိုးပြသည်။
"သမီး....ကလေးနေရာ ကလေးနေရမယ်လေ ထိုင်နေ"
"ရပါတယ်ညီမရဲ့..."
ပမာအပြင်သို့မုန့်သွားယူတုန်းပင် သမီးက အကိုထက်ကို ပြောနေပြီဖြစ်သည်။ သမီး အိမ်ထဲဝင်ပြီး ဝေ့လည်လည်လုပ်နေထဲက လိုချင်တာရှိလို့ဆိုတာကို ပမာသိသည်။ ဒါပေမယ့် ဒီလောက်ရဲလိမ့်မည်ဟုမထင်မိသည်မှာ အမှန်ပေ။ ပမာဆုံးမသွန်သင်ထားသည်မှာ လူကြီးများနှင့်ဆို စကားနည်းပြီး ငြိမ်ငြိမ်လေးနေရမည်ဟူ၍သာ။ ဒါကို ဘယ်လိုလုပ် အကိုထက်အနားကပ်ပြီး ပူဆာတတ်သွားရတာလဲ။ ဒီသမီးနဲ့တော့ခက်တာပဲ။
မျက်နှာပုတ်သိုးသိုးနှင့် ကျုံ့ကျုံ့လေးထိုင်နေသော ငလက်မနှင့် မျက်နှာတည်နေသော ပမာတို့သားမိနှစ်ယောက်မှာ သူ့ရှေ့တည့်တည့်တွင်ရှိနေကြသည်။ ဒီသားမိနှစ်ယောက်နဲ့ သူနဲ့ကလဲ ဟုတ်တော့ဟုတ်နေတာပဲ။
"ဘုန်းဘုန်းက ဒကာတို့စားရအောင်ဆိုပြီး စွန့်ခဲ့တာပဲ ယူစားလို့ရတယ် သွားယူစားချည်သွား..."

VOCÊ ESTÁ LENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(ongoing)
Romanceပမာ့အချစ်တွေအားလုံး သမီးလေးကိုပေးထားပြီးသားပါ ပမာ့မှာ ပိုလျှံနေတဲ့အချစ်ဆိုတာမရှိတော့ဘူး ကိုထက် ပုံပမာ အကိုကရော ပမာ့ဆီက အချစ်ကိုတောင်းခံမိသလားပမာရယ်...ပမာတို့သားမိနှစ်ယောက်လုံးက်ို အကိုကပဲအချစ်တွေပေးပြီး ချစ်ပေးပါ့မယ် ဒါ့အတွက်ပမာပြန်ပြီး...