Unicode
"ခွမ်း...တစ်ချက် ခွမ်း.....နှစ်ချက်"
"သတိုး...သတိုးရေ...သတိုး"
"ဝှစ်......ဟာလွဲသွားပြီကွာ တောက်စ်"
"ဟားဟား လွဲသွားပြီ ဟေ့ကောင်ပေးလိုက်တော့ လောင်းကြေး"
နောက်ဆုံးပစ်ချက်ရောက်မှ တရောသောပါးနဲ့ဝင်လာတဲ့ချက်ကြီးကြောင့် လောက်စလုံးမှာ ပုလင်းနှင့်ကပ်လွဲသွားသည် စိတ်တိုသွားတာကြောင့် ချက်ကြီးအားဖိဟောက်တော့သည်
"ဟေ့ကောင်ချက်ကြီး အော်ကြီးဟစ်ကျယ်နဲ့ မင်းဖင်ကျားလိုက်ဆွဲလို့လားကွ မင်းလုပ်တာ ဒီမှာလွဲသွားပြီ"
"ကျားဆွဲတာမဟုတ်ဘူး သတိုးရေ မင်းရဲ့ ချည်လေးကို ခွေးဆွဲနေတာကွ"
"ဘာပြောတယ် ငါ့ချည်လေးကို ခွေးဆွဲတယ်ဟုတ်လား ဘယ်ခွေးဆွဲတာလဲကွ အရီးတင်အိမ်ကခွေးလား ဒေါ်ဘုတ်ဆုံအိမ်ကခွေးလား ဘယ်ခွေးကများအတင့်ရဲပြီး ငါ့ချည်လေးကို ဆွဲရဲတာလဲ"
"အာာာ မင်းပြောနေတဲ့ခွေးတွေ တစ်ခုမှမဟုတ်ဘူး ဟိုကောင် ခင်မောင်ထွေး အဲ့ကောင် သောက်ရေတွင်းနား ချည်မျှင်ထွေးတို့ရေခပ်နေတာကို သွားဆွဲနေတာကွ"
"ဘာ...... ခုချက်ချင်း သောက်ရေတွင်းကိုသွားမယ် သတိုးကို ဒါမျိုးလာစမ်းလို့ရမလားကွ လာဟေ့ကောင်တွေ သွားမယ်"
ပြောပြောဆိုဆိုနှင့် ဆိုင်ကယ်ပေါ်တက်ပြီးဒေါသတကြီးမောင်းထွက်သွားတဲ့ သတိုးနောက် ချက်ကြီးတို့ ၃ယောက်မှာ အမြန်မောင်းလိုက်ရသည်
သတိုးဆိုတာက ရွာရဲ့ မျက်နှာဖုံးလို့ပြောလို့ရတဲ့ ရွာသူဌေး ဦးတိုးအောင် ဒေါ်ရီလှိုင် ရဲ့သား သတိုးရှိန်ဝါ
အသားဖြူဖြူ အရပ်ရှည်ရှည် မျက်ခုံးထူထူ နှင့် ညာဘက်ပါးတွင် ပါးချိုင့်လေးတောင်ပါသေးသည် အသက် ၁၉နှင့်မလိုက်အောင် သန်မာထွားကျိုင်းတဲ့ ခန္ဓာကိုယ် ကျယ်ပြန့်တဲ့ရင်အုပ်ကြီးကြောင့် ရွာထဲက အပျိုတွေပါးစပ်ဖျားနေရာယူထားတဲ့သူပေါ့ ပါးနှစ်ဖက်တွင် သနပ်ခါးဝိုင်းနှစ်ခု အမြဲလိမ်းတတ်ပြီး အသားဖြူတဲ့သူဖြစ်သည့်အတွက် အမြင်မဆိုးဘဲ ကလေးတစ်ယောက်သဖွယ် လူငယ်ပီပီ တီရှပ်နဲ့ ဘောင်းဘီတိုဒူးကျကိုသာ အမြဲဝတ်တတ်ပြီး အပေါ်ထပ်အင်္ကျီတီရှပ်လက်တိုသည်လဲ မပါမဖြစ် ဆိုင်ကယ်တစ်စီးနှင့် တစ်ရွာလုံးလျှောက်သွားနေတတ်တာကြောင့် သတိုးဆိုင်ကယ်သံကိုပင် တစ်ရွာလုံး အလွတ်ရနေကြပြီဖြစ်သည်

YOU ARE READING
ချည် နှင့် သွယ်သော ချစ်ကြိုးတစ်မျှင်
خيال (فانتازيا)ဖြတ်ရအခက်ဆုံးက သံယောဇဉ်လို့ပြောကြပေမယ့် ချည်နှင့်သွယ်တဲ့ အချစ်ကြိုးလေးကိုတော့ ဘယ်မှီလေ့မလဲနော်....