Part 6

73 8 0
                                    

Unicode

ကျေးလက်ဒေသဖြစ်တဲ့အတွက် ၁၀နာရီလောက်ဆိုလျှင်ပင် အိမ်တိုင်းနီးပါးအိပ်ယာဝင်ကြပြီဖြစ်သည်။
မအိပ်နိုင်သည့်သတိုးကတော့ ညရောက်ပါပြီဆိုတည်းကချည့်အလာကိုမျှော်နေခဲ့တာဖြစ်သည်။

ချည် သတိုးစီသွားဖို့ အဖေတို့အိပ်ပျော်မည့်အချိန်ကိုစောင့်နေရသည်။ ၁၁နာရီလောက်မှ အိပ်ခန်းထဲကထွက်ကာ အခြေအနေကြည့်ပြီး အားလုံးအိပ်ပျော်နေပြီဆိုခါမှ အိမ်အောက်သို့ဆင်းခဲ့လိုက်တယ်။ အောက်ကိုရောက်တော့ သူ့အလာကိုလည်တဆန့်ဆန့်နဲ့မျှော်နေတဲ့ သတိုးကြောင့် ရင်တွေအတိုင်းအဆမရှိခုန်ရပြန်တယ်။ ထပ်မစောင့်စေချင်တာကြောင့် ခြေလှမ်းမှန်မှန်နဲ့ အနားသို့လျှောက်သွားလိုက်ကာ သတိုးဘေးတွင် ဝင်ထိုင်လိုက်သည်။

"ချည်ရောက်ပြီလား မောင်မင်းကိုမျှော်နေတာ"

"ဗိုက်ဆာနေလားဟင် သတိုး"

"ဟင့်အင်း မောင်မဆာပါဘူး ညနေကအမေထမင်းလာကျွေးတယ်လေ"

"ဟုတ်"

"ချည်... မောင့်ကိုအဖြေပေးမယ်ဆို"

"အွန်း... မောင်နားထောင်ချင်တာသေချာပြီလား"

"အင်း သေချာပြီ.. မောင်မေးမယ်နော် ချည်မောင့်ကိုချစ်လားဟင်"

"ချည်မောင့်ကိုချစ်ပါတယ်..ဒါပေမယ့်...."

ချည့်အဖြေကြောင့် ဝမ်းသာရုံရှိသေး ချည့်ရဲ့ဒါပေမယ့်ဆိုတဲ့စကားကြောင့် အပျော်တွေရပ်တန့်သွားရပြန်တယ်

"ဒါပေမယ့် ဘာဖြစ်လဲချည် ဆက်ပြောလေ"

"ချည်ခုပြောတာကို မောင်နားထောင်ပြီး ချည့်ကိုရွံသွား မုန်းသွားရင်တောင် ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောပါဘူးလို့ ကတိပေးပါမောင်"

ချည်မောင့်မျက်လုံးတွေကိုကြည့်ပြီး ကတိတောင်းတော့ မောင်ကအတွေးများနေပုံ စဉ်းစားပြီးမှကတိပေးလာခဲ့သည်။

သတိုးသည်လဲ ဘာအကြောင်းအရာတွေပြောမှာမို့ ချည်ခုလိုကတိတွေပါတောင်းနေရတာလဲ နားမလည်နိုင်ဖြစ်နေရသည်။

"ကောင်းပါပြီ မောင်ကတိပေးပါတယ်"

"ခုချည်ပြောမှာကိုမောင်သေချာနားထောင်ပေးနော်... တကယ်တော့ချည်က မောင်ထင်ထားသလို မိန်းမအစစ်မဟုတ်ဘူး မိန်းမလဲမဟုတ် ယောက်ျားလဲမဟုတ်တဲ့ ဒွိလိင်တစ်ယောက်ပါ အဲ့တာကြောင့်... အဲ့တာကြောင့်ချည်မောင့်ကို အဖြေမပေးနိုင်ခဲ့တာပါ"

ချည် နှင့် သွယ်သော ချစ်ကြိုးတစ်မျှင်Where stories live. Discover now