Part 4

83 7 1
                                    

Unicode

သတိုးဆိုင်ကယ်မောင်းနေရင်း နောက်ကသူ့ခါးကိုဖက်ပြီးလိုက်လာတဲ့ချည်ကိုတစ်ချက်ငဲ့ကြည့်လိုက်တယ်။ ခါးကိုမြဲမြံစွာဖက်ထားတဲ့ချည့်လက်ကလေးတွေပေါ်ကို သူ့လက်ဖြင့်အုပ်ကိုင်ကာ ဖွဖွလေးပွတ်သပ်ပြီးပြုံးလိုက်မိတယ်။ သူဒီလိုအခြေအနေရောက်ဖို့ဘယ်လောက်တောင်ကြိုးစားလိုက်ရသလဲ။

ဆိုင်ကယ်ကို ပင်လယ်ကမ်းစပ်ကနေမောင်းနေတာမို့ ဆားငံရည်နံ့သင်းသင်းလေးကလဲ နှာဖျားဝတွင်ကူးလူးကျီဆယ်နေကြသည်။ ကမ်းခြေကိုလှိုင်းရိုက်ခတ်နေတဲ့အသံလေးကလဲ သာယာညိမ့်ညောင်းတဲ့ သံစဉ်လေးတစ်ခုလိုပင်။ အချစ်နှင့်သာဆို အရာရာဟာ ကြည်နူးစရာကောင်းသည်မလား။

ဘုရားတောင်အောက်ရောက်တော့ ဆိုင်ကယ်ကိုစောင်းတန်းဘေးရပ်ခဲ့ပြီး ဘုရားပန်းဝယ်ကာ လက်ချင်းချိတ်ရင်း စောင်းတန်းကနေ ဘုရားပေါ်သို့ တူတူတက်ခဲ့ကြသည်။ ဘုရားကိုလက်ယာရစ်တစ်ပတ်ပြည့်အောင်ပတ်လိုက်ပြီး ချည့်နေ့နာမ်ဖြစ်တဲ့ တနင်္လာထောင့်တွင် ဝယ်လာတဲ့ ဘုရားပန်းလေးကပ်လှူကာ ဘုရားရှိခိုးကြသည်။ သတိုးဘုရားရှိခိုးပြီးသည့်တိုင် ချည်းကတော့ အာရုံပြုပြီးရှိခိုးဆဲပင်။

သတိုးလဲလုပ်စရာမရှိတာကြောင့် ဘေးကအကြည်ဓာတ်လေးကိုသာ တစိမ့်စိမ့်ထိုင်ကြည့်နေလိုက်သည်။ မျက်နှာပေါ် သနပ်ခါးလေးတစ်ခုသာလိမ်းထားတဲ့ချည်က ဝမ်းဆက်အဖြူလေးနှင့်လှရက်လွန်းသည်။ တစ်ချက်တစ်ချက်ပေါ်လာတဲ့ ပါးချိုင့်သေးသေးလေးကလဲ ခိုဝင်ချင်စရာအတိ။

သူတို့ဘုရားရှိခိုးပြီးတော့ ကမ်းစပ်ကိုသွားချင်ပါတယ်ဆိုသည့်ချည်ကြောင့် တောင်ပေါ်ကဆင်းပြီး ကျောက်ဆောင်တွေစီ မငြီးမငြူလိုက်ပို့ပေးရပြန်တယ်။ ညနေဒီရေကျချိန်ဖြစ်နေတာကြောင့် ကမ်းစပ်မှာကျောက်ဆောင်တွေအများကြီးပေါ်နေသည်။ နေဝင်ချိန်ကောင်းကောင်းမြင်ရတဲ့ ကျောက်ဆောင်တစ်ခုကိုရွေးပြီး ချည့်ကိုခေါ်ကာတူတူထိုင်လိုက်သည်။ ထို့နောက်ချစ်ရသူလေးကိုရင်ခွင်ထဲထည့်ပြီး ပင်လယ်ထဲသို့ တဖြည်းဖြည်းဝင်သွားတဲ့ နေလုံးကြီးကိုတူတူထိုင်ကြည့်ရင်း ရင်ခွင်ထဲကမျက်နှာလေးကို မေးဖျားလေးမှ ဆွဲမော့ကာ အနမ်းပေးဖို့ နှုတ်ခမ်းလေးစီကိုဖြည်းဖြည်းချင်းတိုး ဖိကပ်လိုက်တော့

ချည် နှင့် သွယ်သော ချစ်ကြိုးတစ်မျှင်Where stories live. Discover now