Part 2

99 11 1
                                    

Unicode

"အား!! နာတယ်အမေ"

ဘဘုန်းရိုက်ချက်ကြောင့် သတိုးတစ်ယောက်အိပ်ယာထဲ တစ်ရက်လောက်မှောက်အိပ်နေလိုက်ရတယ်။ ခုလဲကိုယ့်ဟာကိုယ်တောင် ဆေးမလိမ်းနိုင်တာကြောင့် အမေ့ကိုကူးလိမ်းခိုင်းနေရတဲ့ဘဝ

"အကုန်လုံးရန်ဖြစ်တာချင်းတူတူကို ငါ့သားလေးတစ်ယောက်တည်း ခုလိုရိုက်ခံရတာ အမေစိတ်မကောင်းဘူးသားရယ်"

ဆေးလိမ်းပြီးတာကြောင့် မှောက်နေရာမှထထိုင်လိုက်ပြီး

"အမေခုမှ စိတ်မကောင်းဖြစ်မနေပါနဲ့ သားခုလိုရိုက်ခံရတာအမေတို့ကြောင့်"

"ဟင် ရန်ဖြစ်တာသားလေ မေမေတို့နဲ့ ဘာဆိုင်လို့လဲ"

"ရန်ဖြစ်တာသားဆိုတာကမှန်ပါတယ် ဒါပေမယ့်သားရိုက်ခံရတာအမေတို့ကြောင့်"

"ဟင် ဘာလို့တုန်း"

"မေမေတို့ သားကိုငယ်ငယ်တုန်းက ဘဘုန်းကျောင်းမှာ ကိုရင်ဝတ်ခိုင်းတယ်လေ"

"အေးလေ ကိုယ်ရင်ဝတ်ရမယ့်အရွယ်ရောက်လို့ဝတ်ခိုင်းတာလေ အဲ့တာနဲ့ဘာဆိုင်လို့တုန်း"

"ဆိုင်တာပေါ့ အဲ့တုန်းက သားကလက်ချော်ပြီး သပိတ်လေးကျကွဲသွားတာကို ဘဘုန်းကတွေ့ပြီး သားကိုရိုက်တယ်လေ မေမေတို့တောင်သားကိုရိုက်ဖူးလို့လား"

"ဟင့်အင်း မရိုက်ဖူးပါဘူး"

"အင်းလေ သားအဲ့တည်းက ဘဘုန်းကိုကြောက်သွားတာ ဘဘုန်းမြင်တာနဲ့ ဒူးတုန်ပြီး ပြေးမရတော့ဘူး အဲ့တာ အမေတို့ကြောင့်မဟုတ်ရင် ဘယ်သူ့ကြောင့်လဲလို့"

"ဟုတ်ပါပြီသားရယ် နောက်တစ်ခါကျရင် ရန်မဖြစ်နဲ့တော့ပေါ့သားရဲ့ နော်"

"ဟုတ် လောလောဆယ် သားရွာထဲ ခဏသွားလိုက်အုံးမယ် အဖေ သားကို မုန့်ဖိုးပေးအုံး"

သတိုးထိုင်နေရာမှထလိုက်ပြီး အိမ်ရှေ့မှာရေနွေးချမ်းထိုင်သောက်နေတဲ့အဖေ့စီသွားကာထန်းရည်ဆိုင်သွားဖို့ မုန့်ဖိုးတောင်းလိုက်တယ်

"ဘာ မုန့်ဖိုးလဲလဲ မင်းတစ်နေ့တစ်နေ့ ရပ်ထဲရွာထဲ အလေလိုက်နေပြီး ခုလဲကြည့်ရန်ပါဖြစ်လိုက်သေးတယ်"

ချည် နှင့် သွယ်သော ချစ်ကြိုးတစ်မျှင်Where stories live. Discover now