Part 3

76 7 1
                                    

Unicode

သတိုး ချည့်ကိုအိမ်ပြန်လိုက်ပို့ပြီး ဟိုကောင်တွေနဲ့ချိန်းထားတဲ့ ထန်းတောဘက်ကိုပြန်လာခဲ့လိုက်တယ် သူရောက်တော့ ချက်ကြီးတို့သုံးကောင်မှာ ထန်းရည်တစ်အိုးပင်ကုန်နေပြီ

"အော် သတိုး ပေါ်တော်မူလာသေးသားဘဲ ငါတို့က ဖိတ်စာရိုက်ပြီး မင်္ဂလာတောင်ဆောင်နေပြီထင်တာ ဒီမှာမင်းအတွက် ထန်းရည်တစ်အိုးထပ်မှာထားပေးတယ်"

"ငါ့အတွက်ထပ်မှာတာ ဟုတ်လို့လား မင်တို့သောက်တာကုန်သွားလို့ထပ်မှာတာ မဟုတ်ဘူးလား"

"ဟဲ ဟဲ မင်းကလဲ ဒါနဲ့ ချည်နှောင်တွယ်နဲ့မင်း အခြေအနေ"

"ထုံးစံတိုင်းပေါ့ကွာ ချည်က ငါ့ကို ချစ်ရက်နဲ့ အဖြေမပေးသေးဘူး"

သတိုးပြန်ဖြေရင်း ထန်းရည်အိုးထဲက ထန်းရည်တစ်ခွက်ခပ်ကာ သောက်လိုက်သည်

"ဟားဟား ဒီကောင်သတိုးကိုနှိပ်ကွက်နိုင်တာဆိုလို့ ဘဘုန်း နဲ့ ချည် ဘဲရှိတယ်"

"ဘဘုန်းအကြောင်းတော့ ထည့်မပြောပါနဲ့ကွာ ရိုက်ခံထားရတဲ့နေရာတောင် ပြန်နာလာသလိုဘဲ"

သတိုးအပြောကြောင့် ချက်ကြီးတို့အုပ်စု အူပြတ်မတတ်ကိုရီကြတော့သည်။

"အေး အေး ရီထား မင်တို့ကိုလဲ ငါသိပ်ကြည်တာမဟုတ်ဘူးနော်"

"ဟဲ ဟဲ မင်းကလဲကွာ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်ပါ"

"အေး နောက်တစ်ခါဆိုရင်လဲ မင်းတို့ကိုသိပ်တော့မှာ"

"အေးပါကွာ မင်းကလဲ ဒါနဲ့ နောက်လဆို ဘုရားပွဲစတော့မှာနော်"

"အေး မင်းတို့သိပြီးပြီလား ဘုရားပွဲကျ အရီးလှရီတူမလဲ ပြန်လာမယ်ကြားတယ်"

"အော် မဖြိုးဝတီလား သတိုးကို အထှာဇွတ်ပေးနေတဲ့တစ်ယောက်မလား စကားပြောရင်လဲ အထက်စီးကလေ ငါတော့ သူ့ကိုတစ်စက်မှကြည့်မရပါဘူးကွာ"

"ဟုတ်တယ် သူကမြို့မှာကျောင်းသွားတက်ရတော့ နည်းနည်းလဲ ဖင်ခေါင်းကျယ်ချင်တယ် ပြီးတော့ သတိုးအမေကလဲ သူ့ကိုအိမ်ကိုအဝင်အထွက်ပြုခိုင်းထားတော့ အဲ့မှာတင် နှစ်ဆပိုကျယ်သွားတာပေါ့ကွာ"

ချည် နှင့် သွယ်သော ချစ်ကြိုးတစ်မျှင်Where stories live. Discover now