Infinity

335 17 1
                                    


"နှင်းတွေကျပြီ"

"ဒါက ဒီနှစ်ဆောင်းရဲ့ ပထမဆုံးနှင်းတွေပဲ"

ဂယူဘင်းတို့ Studio တစ်ခုလုံး ဆူညံသွားပြီး ပြတင်းပေါက်အပြင်ဘက်ကို အားလုံးငေးကြည့်နေကြသည်။

"အားလုံးအလုပ်တွေကိုယ်စီလက်စသတ်ပြီး ညစာအတူတူသွားစားကြမလား ကျွန်​​​တော် ဝယ် ကျွေးပါ့မယ်"

မန်နေဂျာရဲ့စကားကြောင့် ဝန်ထမ်းအားလုံး ဟေးကနဲ အော်လိုက်ကြပြီး ရုံးနှင့်အနီးဆုံးအသားကင်ဆိုင်ဆီသို့ တက်ကြွလက်ကြွသွားကြတော့သည်။

မှာယူထားတဲ့ အစားအသောက်တွေလာချပြီဆိုတာနဲ့ တစ်ယောက်တစ်ပေါက် ဟိုပြောဒီပြောနဲ့ ရှေးဖြစ်နှောင်းဖြစ်တွေကို ပြန်ပြောကြသည်။

"ပထမဆုံးနှင်းတွေကျတဲ့နေ့ဆိုတော့ ရည်းစားဟောင်းလေးတောင်လွမ်းသွားပြီ... လွန်ခဲ့တဲ့ငါးနှစ်တုန်းက ပထမဆုံးနှင်းတွေကျတော့ သူနှင့်ကျွန်တော် နှင်းလျောစကိတ်သွားစီးခဲ့ကြတာ အမှတ်တရပေါ့ဗျာ"

"အတူတူပါပဲဗျာ... မနှစ်က ကျွန်တော့်ကောင်မလေးနှင့် ဒီလိုအချိန် ပထမဆုံးနှင်းတွေကျတဲ့နေ့မှာ နမ်ဆမ်တာဝါမှာ Dateခဲ့တာ... ဒီနှစ်တော့ သူကခရီးလွန်နေလို့ ကျွန်တော်တို့အတူတူရှိမနေနိုင်တော့ဘူး"

တစ်ယောက်တစ်မျိုးစီ တက်ကြွလက်ကြွနဲ့ပြောနေကြပေမယ့် ဘာစကားမှဝင်မဆိုပဲ ပြတင်းပေါက်အပြင်ဘက်က တဖွဲဖွဲကျနေတဲ့ နှင်းတွေကိုသာ တိတ်ဆိတ်စွာ ငေးကြည့်နေသည့် ဂယူဘင်းကို အားလုံးက သတိထားမိသွားကြသည်။

"ကြည့်ရတာ ကျွန်တော်တို့ အဖွဲ့ထဲမှာ နှင်းကျတာကို မပျော်တဲ့လူတစ်ယောက်ရှိတယ်ထင်တယ်နော်"

အဖွဲ့မှူးက စသလိုပြောလိုက်ပေမယ့် အားလုံးရဲ့ မျက်လုံးတွေက ငြိမ်သက်နေသည့် ဂယူဘင်းဆီသို့စုပြုံကြည့်လာသည်။

"ဘာလို့လဲ... နှင်းတွေနဲ့ပတ်သက်ပြီး ဝမ်းနည်းစရာဇာတ်လမ်းလေး အတိတ်မှာ ရှိခဲ့ဖူးလို့လား"

"ရည်းစားဟောင်းက နှင်းတွေကျတဲ့နေ့မှာ လမ်းခွဲစကားပြောခဲ့တာလား"

သိချင်နေကြတဲ့ မျက်လုံးတွေနဲ့ ဂယူဘင်းကို ဝိုင်းမေးလာကြတော့ ဂယူဘင်း ရယ်မောလိုက်ရင်း

Missing Someone Where stories live. Discover now