အသံတိတ်ငိုကြွေးခြင်းတို့သည် နှလုံးသား၏
နာကျင်မှု ရပ်၀န်းမှ မြစ်ဖျားခံ၏။××××××××××××××××××××××××
ဆာကူရာပန်းတို့ မြေခရာဖြစ်သော ဂျပန်နိုင်ငံသည် လူမှန်းသိတတ်စအရွယ် ကလေးဘ၀တည်းက ကျွန်တော် ကြီးပြင်းရာ ဒေသတစ်ခုဖြစ်သည်။ ဆောင်းရာသီကာလပတ်လုံး နှင်းပွင့်များ အမြဲတစေဖုံးလွှမ်းနေတတ်သော ဂျပန်ကို အလှပဆုံး နိုင်ငံတစ်ခုလို့ ထင်မိ၍လည်း ကျွန်တော် နှစ်ခြိုက်ခဲ့သည်။ထိုသို့ ကျွန်တော် သဘောကျနှစ်ခြိုက်ရပါသော နယ်မြေတစ်ခုသည် ကျွန်တော့်ဘ၀အတွက် အကျည်းတန်နေ့စွဲများ ယူဆောင်လာမည်လို့ မထင်မိခဲ့။
"မဖြစ်နိုင်ဘူး..ဒက်ဒီ..ကျွန်တော် ဒီကိစ္စကို လက်မခံနိုင်ဘူး"
ဘယ်သားသမီးကများ ကိုယ့်အဖေ ယောက်ျား တစ်ယောက်ယူမှာကို လက်ခံပေးနိုင်မလဲ။
မာမီ နှင့်ကွာရှင်းပြီးတဲ့ အချိန်ကစလို့ ဒက်ဒီ နောက်အိမ်ထောင်တွေ ဆက်တိုက်ပြုခဲ့သည်။ ကျွန်တော် မှတ်မိသလောက် တစ်နှစ်ကို တစ်ယောက်နီးပါး။ ဒက်ဒီ ယူလာခဲ့တဲ့ မိန်းမတွေကို ဒက်ဒီက ကျွန်တော့်အတွက် အမေ လိုအပ်နေလို့ဟု အမြဲခေါင်းစဉ်တပ်ခဲ့သည်။ သူယူလာခဲ့သမျှ မိန်းမအားလုံးနီးပါးဟာ ကိုယ့်သွေးသားရင်း မဟုတ်တဲ့ ကျွန်တော့်အပေါ်ကို ဘယ်သူကမှ လိုလိုချင်ချင် စောင့်ရှောက်ချင်သူမရှိ။အဆုံးသတ်မှာတော့ ဒီကလေးတစ်ယောက်တောင် ကောင်းကောင်းမထိန်းသိမ်းနိုင်ဘူးဆိုသည့် အကြောင်းပြချက်ဖြင့် ဒက်ဒီသည် သူယူလာသည့် မိန်းမတိုင်းကို ကွာရှင်းခဲ့သည်မှာ ကျွန်တော် ဒီအသက်အရွယ်ရောက်လာသည်အထိ။
"ဘေဘီပဲ ပြောခဲ့တာမလား..ဒက်ဒီတို့အိမ်မှာ နောက်ထပ်မိန်းမတစ်ယောက် ထပ်မမြင်ချင်တော့ဘူးဆို"
သောက်လက်စ ကော်ဖီပူပူသည် ဒက်ဒီစကားကြောင့် လည်ပင်းထဲ မြိုမကျချင်တော့။
YOU ARE READING
Missing Someone
Fanfictionအသံတိတ်ငိုကြွေးခြင်းတို့သည် နှလုံးသား၏ နာကျင်မှုရပ်ဝန်းမှမြစ်ဖျားခံ၏။