"စာအုပ်တွေအများကြီးပဲ...ဒါတွေအကုန် မင်း ဖတ်ပြီးသားတွေလား"
ညစာစားပြီးချိန်တည်းက သင်တန်းကပေးလိုက်တဲ့ အိမ်စာတွေကို နားမလည်တာရှိရင် ရှင်းပြဖို့ ဆိုတဲ့ အကြောင်းပြချက်ဖြင့် ကျွန်တော့်အခန်းထဲကို ၀င်လာခဲ့သည့် ရစ်ခီ။အခန်းထောင့်ရှိ စာအုပ်ဗီရိုထဲက တောင်လိုပုံနေသည့် စာအုပ်ပုံကြီးကို ကြည့်ကာ အံ့သြတကြီးဆိုလာသည်။
"သဘောမကျရင် ဆက်မဖတ်တာတွေလည်း ရှိတယ်..အများစုကတော့ ငါသဘောကျတဲ့ စာအုပ်မျိုးတွေ မဟုတ်ဘူး"
ကျွန်တော် ကလေးဘ၀တည်းက သူများကလေးတွေလို ညအိပ်ရာ၀င်ပုံပြင် ပြောပြပေးမည့် အမေတစ်ယောက်မရှိခဲ့သလို ဒက်ဒီခေါ်လာသည့်မိန်းမတိုင်းကလည်း အိပ်မပျော်တဲ့ ကလေးကို ပုံပြောသိပ်မဲ့ မိန်းမမျိုးတွေ မပါ၀င်ခဲ့။စာဖတ်တတ်သည့် အချိန်မှသာ ကိုယ့်ကို စာအုပ်တွေဖတ်ရင်း အိပ်ပျော်ခဲ့ရသည်။
"ဒီစာအုပ်တွေက မင်းသဘောကျလို့ ၀ယ်ထားတာတွေ မဟုတ်ဘူးလား"
ရစ်ခီက ဗီရိုထဲက စာအုပ်တစ်အုပ်ကို ဆွဲယူကာ ဟိုလှန်ဒီလှန်ကြည့်ရင်း မေးသည်။ ကိုယ်တိုင်၀ယ်ထားတဲ့ စာအုပ်တွေတော့ရှိပေမဲ့ ကျွန်တော်ဖတ်ဖို့ဆိုပြီး ဒက်ဒီရုံးကအပြန် စာအုပ်ဆိုင်တွေကနေ ၀ယ်လာပေးသည်က ပိုများသည်။
"ဒက်ဒီ၀ယ်ပေးထားတာတွေ...သူက ငါ့ကို ဇာတ်ကားတစ်ကားကြည့်နေတာထက် စာအုပ်တစ်အုပ်ဖတ်နေတာ မြင်ရရင် ပိုသဘောကျတယ်"
ရစ်ခီ ကိုင်ထားတဲ့ စာအုပ်ကို ကြည့်လိုက်တော့ နတ်သမီးပုံပြင် စာအုပ်။ ကျွန်တော် မူလတန်းတုန်းက ပုံပြင်နားထောင်ချင်တယ်လို့ ဒက်ဒီကို ပူဆာတာနဲ့ နောက်ရက်မှာ ထိုစာအုပ်ကို ကျွန်တော့်အတွက် ၀ယ်ပေးခဲ့သည်။ ဒက်ဒီက ပုံပြင်မပြောတတ်လို့ ဘေဘီဖတ်လို့ရအောင်လို့ ပြောပြီး ကျွန်တော့်အတွက် သူ ပထမဆုံး ၀ယ်ပေးခဲ့သည့် စာအုပ်ဖြစ်သည်။ တစ်ကယ်တော့ ထိုစာအုပ်ကို ကျွန်တော် အစအဆုံး တစ်ခါမှ မဖတ်ကြည့်ခဲ့ဖူးပါ။
YOU ARE READING
Missing Someone
Hayran Kurguအသံတိတ်ငိုကြွေးခြင်းတို့သည် နှလုံးသား၏ နာကျင်မှုရပ်ဝန်းမှမြစ်ဖျားခံ၏။