Nakameguro Canal
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
နေရောင်ခြည်တွေ အုံ့မှိုင်းပြီး လင်းလင်းထင်းထင်း မရှိတဲ့ မှုံရီရီလို အခါမျိုးမှာသာ ပွင့်လေ့ရှိတာ ဆာကူရာတွေရဲ့ ထူးခြားမှုတစ်ခုဆိုလည်းမမှား... ဒါကြောင့် ဆာကူရာတွေရဲ့ အလှ ခံစားကြည့်မယ်ဆို အခုအချိန်က အသင့်တော်ဆုံးလို့သာ ဆိုရမည်။
လမ်းဘေး နီယွန်မီးလုံးလေးတွေရဲ့ အလင်းရောင်ဟာ တူးမြောင်းအတွင်းက ရေပြင်ပေါ် လဲ့ဖျာကျနေလျက်ရှိကာ ဆာကူရာပွင့်ဖတ်ကြွေများသည်လည်း ရေပြင်ပေါ်မှာ မျောလွင့်နေခဲ့သည်။
တူးမြောင်းအစွန်းနှစ်ဖက်ကို ဖြတ်ထိုးထားသည့်အနီရောင် သစ်သားကုန်းတံတားလေးပေါ် ကျွန်တော် ရပ်နေလျက် .. အရောင်အဆင်းမျိုးစုံဖြင့်လှပစွာ ပွင့်လန်းနေသည့် ဆာကူရာတို့ကိုသာ ငေးမောနေမိသည်။
သူကတော့ အောက်မှာကြွေလွင့်နေတဲ့ ပန်းနုရောင် ဆာကူရာပွင့်လွှာများကို ဒူးထောက်ကောက်နေပြီး ရေပြင်ပေါ်သို့ မျောချနေသည်။
တစ်ကယ်တော့ ဘယ်နေရာရောက်ရောက် သူ့ဆီပဲ အကြည့်ရောက်ရောက်နေတဲ့ ကျွန်တော့်မျက်လုံးတွေကိုလည်း တော်တော်မုန်းနေမိပြီ။
"ကိုယ့်ရဲ့ မွေးနေ့ က ဆာကူရာတွေ အလှဆုံး ပွင့်တဲ့ရာသီလေ ... ကိုယ်က ဒါကြောင့် ဆာကူရာတွေကို ချစ်တယ် ... ဆာကူရာမြေကိုရောပေါ့"
နက်ရှိူင်းတဲ့ သမိုင်းကြောင်းများဖြင့် နှောင်ဖွဲ့ထားသော ဆာကူရာ ...
အဓိပ္ပါယ်များအပြည့်နဲ့ ဆာကူရာ ...
ချိုအီအီ မွှေးရနံ့တွေ သင်းထုံနေတဲ့ ဆာကူရာ ...
တခြားနိုင်ငံတွေအတွက် ဆာကူရာဆိုတာ သာမန်ပန်းတစ်ပွင့်ထက်မပိုပေမဲ့ ဂျပန်နိုင်ငံအတွက်တော့ အမိမြေကို ကိုယ်စားပြုတဲ့ ပန်းဆိုလည်း မမှားပေ။
YOU ARE READING
Missing Someone
Fanfictionအသံတိတ်ငိုကြွေးခြင်းတို့သည် နှလုံးသား၏ နာကျင်မှုရပ်ဝန်းမှမြစ်ဖျားခံ၏။