လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျွန်တော့်ဖုန်းထံသို့ သူငယ်ချင်းဟောင်းတစ်ယောက်မှ ပို့လိုက်သော စာတစ်စောင်ဝင်လာခဲ့သည်။ဖတ်ကြည့်လိုက်တော့ ကျွန်တော်ကလေးဘဝက တက်ခဲ့သော စာသင်ကျောင်း၏ မူလတန်းကျာင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲအတွက် ဖိတ်ကြားထားသော စာတစ်စောင်ဖြစ်နေသည်။ ထိုစာရရချင်း ကျွန်တော် ဒက်ဒီဆီကိုသွားကာ ခွင့်ပြုချက်တောင်းလိုက်ပေမဲ့ ဒက်ဒီက ကျွန်တော့်ကို တစ်ယောက်တည်းလွှတ်ရမှာ စိတ်မချတာကြောင့် သူ့ကိုလိုက်ပို့ပေးရန်တောင်းဆိုလိုက်ပြန်သည်။
ဒက်ဒီမျက်လုံးထဲမှာ ကျွန်တော့်ကို မူကြိုကလေးပေါက်စလို့များ မြင်နေသလားမသိ။
ကျွန်တော်တို့ တွေ့ဆုံပွဲ လုပ်မည့်နေရာက ဂျပန် ရိုးရာအစားအသောက်တွေ သီးသန့်ရောင်းချသည့် စားသောက်ဆိုင်တစ်ဆိုင်မှာဖြစ်သည် ။
"အထဲမဝင်တော့ဘူးလား"
သူက ဆိုင်ရှေ့ကိုရောက်တာနဲ့ ကျွန်တော့်အတွက် ကားတံခါးကို ဆင်းပြီးဖွင့်ပေးပေမဲ့ သူကိုယ်တိုင်ကျတော့ ကားထဲပြန်ဝင်ထိုင်လိုက်တာကြောင့် မေးလိုက်သည်။
"မင်းတို့သူငယ်ချင်းဟောင်းတွေ အချင်းချင်း ပြန်ဆုံချင်လို့ ကျင်းပတဲ့ တွေ့ဆုံပွဲမျိုးမှာ မသက်ဆိုင်တဲ့သူတွေဆိုတာ ရှိမနေသင့်ဘူး..."
သူ့ရဲ့ ကိုယ် ၊ နှုတ် အမူအရာအားလုံးသည် အသက်အရွယ်နဲ့ မလိုက်ဖက်စွာ လေးစားအတုယူဖွယ်ကောင်းသည်ဆိုတာတော့ ကျွန်တော်လက်မခံချင်လည်း လက်ခံရမည်ဖြစ်သည်။ ဒီလိုကောင်းမွန်တဲ့အကျင့်စရိုက်တွေနဲ့ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်အောင် သူ့ကိုပျိုးထောင်ပေးထားတဲ့သူ့မိဘတွေကို ကျွန်တော် တစ်ခါမှမမြင်ဖူးပေမဲ့ အထင်ကြီးလေးစားနေမိသည်။
သူက နှစ်လိုဖွယ်ကောင်းတဲ့ လူတစ်ယောက်အဖြစ် လှလှပပလေး ကြီးပြင်းလာခဲ့တာပဲ။ သူ့မိဘတွေ သူ့ကို နှမြောသည်ဆိုတာကလည်း အမှန်တကယ် ဖြစ်သင့်တာကြောင့် သူ့လက်ထပ်မှုကို သဘောမတူခြင်းက သူတို့အလွန်တော့လည်းမဟုတ် ။ ကျွန်တော်သာ သူ့မိဘဆိုရင်လည်း ကျွန်တော့်ဒက်ဒီလိုလူနဲ့ ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မှာမှမဟုတ်ပဲ။
YOU ARE READING
Missing Someone
Fanfictionအသံတိတ်ငိုကြွေးခြင်းတို့သည် နှလုံးသား၏ နာကျင်မှုရပ်ဝန်းမှမြစ်ဖျားခံ၏။